သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင်မှာ ကုလသမဂ္ဂ ဝန်ထမ်းတချို့ လက်နက်ကိုင်တွေ ဖမ်းဆီးခံရ


ယီမင်နိုင်ငံမြေပုံ။
ယီမင်နိုင်ငံမြေပုံ။

(Zawgyi / Unicode)

ယီမင်နိုင်ငံတောင်ပိုင်းက Abyan ဒေသမှာ al-Qaida အကြမ်းဖက်သမားတွေလို့ သံသယရှိသူတွေက ကုလသမဂ္ဂဝန်ထမ်း ၅ ဦးကို ပြန်ပေးဆွဲသွားတယ်လို့ ယီမင်အာဏာပိုင်တွေက စနေနေ့မှာ ပြောပါတယ်။

သောကြာနေ့နှောင်းပိုင်းက ပြန်ပေးဆွဲခံရသူတွေထဲမှာ ယီမင်နိုင်ငံသားက ၄ ဦးနဲ့ နိုင်ငံခြားသားတဦး ပါဝင်တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က အဲဒီအဖွဲ့ဟာ ပြန်ပေးဆွဲတဲ့ လုပ်ရပ်တွေ လုပ်ဆောင်လေ့ ရှိတယ်လို့ ပြောပါတယ်။

လက်နက်ကိုင် လူမျိုးစုတွေနဲ့ al-Qaida အကြမ်းဖက်သမားတွေ ရှိကြတဲ့ ယီမင်နိုင်ငံမှာ ပြန်ပေးဆွဲမှုတွေ မကြာခဏ ဖြစ်ပွားခဲ့ပြီး ပြန်ပေးငွေကြေးတောင်းခံတာ၊ အကျဉ်းသား လဲလှယ်တာတွေ လုပ်ကြပါတယ်။

al-Qaida အဖွဲ့ရဲ့ အာရေဗျကျွန်းဆွယ် အဖွဲ့ခွဲ AQAP ဟာ နိုင်ငံတကာ ကွန်ရက်တွေ တည်ဆောက်ထားတဲ့ အန္တရာယ်ကြီးတဲ့ အဖွဲ့တခုဖြစ်ပြီး အမေရိကန်နိုင်ငံကို တိုက်ခိုက်ဖို့ ကြိုးစားနေတဲ့ အဖွဲ့တခုလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)







XS
SM
MD
LG