သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင်ဟူသီသူပုန်တွေရဲ့ ဆော်ဒီနန်းတော်ကို ပဲ့ထိန်ဒုံးနဲ့ တိုက်ခိုက်မှု ကန်အိမ်ဖြူတော်ရှုတ်ချ


အီရန်နိုင်ငံကကျောထောက်နောက်ခံပေးထားတဲ့ ယီမင်နိုင်ငံက ဟူသီသူပုန်တွေက ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့က တော်ဝင်နန်းတော်ကို ပဲ့ထိန်းဒုံးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ်မှာ အမေရိကန်သမ္မတ အိမ်ဖြူတော်အပြင်းထန်ဆုံး ဝေဖန်လိုက်ပါတယ်။

ဆော်ဒီဘုရင် Salman bin Abdulaziz Al Saud ရဲ့ တရားဝင်နေထိုင်တဲ့ နန်းတော်ကို ပစ်မှတ်ထားပြီး ဒုံးကျည်နဲ့ တိုက်ခိုက်မှုဟာ ဟူသီသူပုန်တွေက ဆော်ဒီအာရေဗျနိုင်ငံထဲကို ဒုံးကျည်နဲ့ တိုက်ခိုက်မှုတွေထဲက နောက်ဆုံးတိုက်ခိုက်လိုက်တာဖြစ်ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက ယီမင်နိုင်ငံအပေါ် ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကို ဗြောင်ကျကျ ထပ်တလဲလဲ ချိုးဖောက်နေတာနဲ ပတ်သက်ပြီး အီရန်နိုင်ငံကို အရေးယူဖု့ိ အမေရိကန်သမ္မတအိမ်ဖြူတော်ပြောခွင့်ရ Sarah Huckabee Sanders က ကုလသမဂ္ဂကို ကြာသပတေးနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်အစိုးရနဲ့ ဆော်ဒီခေါင်းဆောင်တွေကတော့ အီရန်နိုင်ငံဟာ ယီမင်မှာရှိတဲ့ ဟူသီသူပုန်တွေကို ဒုံးကျည်တွေ ထောက်ပံ့တပ်ဆင်ပေးနေတယ်လို့ စွပ်စွဲလိုက်ပြီး၊ ဒါဟာ အီရန်နိုင်ငံအနေနဲ့ လုံခြုံရေးကောင်စီရဲ့ ခွင့်ပြုချက်မပါဘဲ တချို့လက်နက်တွေကို ပြည်ပကို တင်ပို့ခွင့်မရှိဘူးလို့ တားမြစ်ထားတဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်တာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ဟူသီသူပုန်တွေကို ကျောထောက်နောက်ခံပေးတာနဲ့ ပတ်သက်ပြီး အီရန်ဘက်က ငြင်းဆိုခြင်းမရှိပေမယ့်၊ လက်နက်ထောက်ပံ့တပ်ဆင်တယ် ဆိုတဲ့ကိစ္စကိုတော့ အီရန်က ငြင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG