သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင်ရဲ့မြို့တော် ကြက်ခြေနီဝန်ထမ်းတွေ စရောက်


ကျန်းမာရေးဝန်ထမ်းတွေ တင်ဆောင်လာတဲ့ လေယာဉ်ဟာ ယီမင်နိုင်ငံမြို့တော် Sana’a မြို့ကို ရောက်သွားပြီလို့ ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က ပြောပါတယ်။

အရေးပေါ် လိုအပ်နေတဲ့ ဆေးပစ္စည်းတွေ ကင်းလွတ်ခွင့်ရတာနဲ့ လေကြောင်းကရော၊ ရေကြောင်းကပါ ရောက်လာတော့မယ့်အကြောင်း ICRC အဆင့်မြင့် အရာရှိ Dominik Stillhart က Twitter လူမှုကွန်ယက်တဆင့် ပြောကြားခဲ့တဲ့ကြားကပဲ တောင်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်တဲ့ Aden က အခြေအနေတွေဟာ ကြီးမားတဲ့ ဆိုးရွားမှုမျိုးနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ICRC က အင်္ဂါနေ့မှာ သတိပေး ပြောကြားလိုက်ပါတယ်။

ယီမင်နိုင်ငံမှာ လွန်ခဲ့တဲ့ သီတင်းပတ် ၃ ပတ်အတွင်း ဖြစ်သွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း ၅၄၀ ကျော် သေဆုံးပြီး ၁၇၀၀ ကျော် ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။ တနင်္လာနေ့တုန်းကတော့ တန်ပေါင်းများစွာသော ဆေးပစ္စည်းတွေ ယီမင်နိုင်ငံကို ပို့ပေးနိုင်ခဲ့တယ်လို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က ပြောပါတယ်။

ဒီအတောအတွင်း - ယီမင်နိုင်ငံမှာ ပိတ်မိနေကြတဲ့ အိန္ဒိယနိုင်ငံသားတွေကို လေကြောင်းကရော၊ ရေကြောင်းကပါ ကယ်တင်နိုင်ဖို့ ကြိုးပမ်းမှုတွေမှာ ပါဝင်ကူညီဖို့ နိုင်ငံပေါင်း ၂၃ နိုင်ငံက အဆိုပြုလာတယ်လို့ အိန္ဒိယအစိုးရက ပြောပါတယ်။

ဒီကယ်ဆယ်ရေး အစီအစဉ်ဟာ အိန္ဒိယအစိုးရအနေနဲ့ လိုအပ်လာရင် သူ့နိုင်ငံသားတွေကို ကူညီဖို့ ဆန္ဒရှိတယ်ဆိုတာနဲ့ အကူအညီ လိုအပ်နေတဲ့ တခြား နိုင်ငံသားတွေကိုလည်း အကူအညီပေးဖို့ အဆင်သင့်ရှိတယ်ဆိုတာကို ပြသလိုက်တာပဲလို့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi က Twitter လူမှုကွန်ယက်ကတဆင့် ပြောကြားလိုက်ပါတယ်။

XS
SM
MD
LG