သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင်နိုင်ငံရေး မရေမရာဖြစ်ဆဲ


Houthi စစ်သွေးကြွတွေက မြို့တော်မှာရှိတဲ့ အစိုးရရဲ့အဓိကနေရာတွေကို သိမ်းပိုက်။ (ဇန်နဝါရီ ၂၁၊ ၂၀၁၅)
Houthi စစ်သွေးကြွတွေက မြို့တော်မှာရှိတဲ့ အစိုးရရဲ့အဓိကနေရာတွေကို သိမ်းပိုက်။ (ဇန်နဝါရီ ၂၁၊ ၂၀၁၅)

ယီမင်သမ္မတ Abd Rabbuh Mansour Hadi ရဲ့ ရာထူးနှုတ်ထွက်လွှာကို လက်ခံမယ် လက်မခံဘူးဆိုတာ လွှတ်တော်က တနင်္ဂနွေနေ့မှာ ဆုံးဖြတ်ဖို့စီစဉ်ထားတယ်ဆိုတဲ့ သတင်းကြောင့် ယီမင်နိုင်ငံရဲ့ နိုင်ငံရေး အနာဂတ်ဟာ သောကြာနေ့အထိ မရေမရာဖြစ်နေဆဲပါပဲ။
သမ္မတ Hadi, ဝန်ကြီးချုပ် Khaled Bahah နဲ့ သူ့ရဲ့အစိုးရအဖွဲ့က သူတို့နှုတ်ထွက်မယ်လို့ ကြာသပတေးနေ့က ကမ်းလှမ်းထား ကြတာပါ။

အခြေခံဥပဒေမူကြမ်းမှာ အပြောင်းအလဲတွေလုပ်ပေးဖို့ တောင်းဆိုနေတဲ့ Houthi စစ်သွေးကြွတွေက မြို့တော်မှာရှိတဲ့ အစိုးရရဲ့အဓိကနေရာတွေကို သိမ်းပိုက်ထားပြီး ရက်အတော်အကြာမှာ အဲဒီလိုကြေညာကမ်းလှမ်းလိုက်ကြတာပါ။
အစိုးရအဖွဲ့အနေနဲ့ အပြုသဘောမဆောင်တဲ့ နိုင်ငံရေးအရှုပ်အထွေးထဲမှာ မပါချင်ဘူးလို့ ဝန်ကြီးချုပ်က သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက် နှာမှာ ရေးထားတာကို ရိုက်တာသတင်းဌာနက ကိုးကားဖော်ပြပါတယ်။

Houthi စစ်သွေးကြွတွေကို ထောက်ခံသူနဲ့ကန့်ကွက်သူ နှစ်ဘက်စလုံးက ယီမင်နိုင်ငံတဝန်း သောကြာနေ့မှာ လူထုစုဝေးပွဲတွေ လုပ်ကြပါတယ်။ ဒါပေမဲ့လည်း အခြေအနေတွေကတော့ အတော်လေး အေးအေးချမ်းချမ်းရှိနေတယ်လို့ မြို့တော်ကလာတဲ့ သတင်းတွေမှာ ပြောကြပါတယ်။

လက်ရှိအကျပ်အတည်းကနေ ဘယ်လိုရှေ့ဆက်သွားမယ်ဆိုတဲ့အပေါ် သဘောတူညီချက်တရပ် ထွက်လာမယ့် အားလုံးပါဝင်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေမှာ ပါဝင်ကြဖို့ ကုလသမဂ္ဂသံတမန် Jamal Benomar က သောကြာနေ့မှာ ဆာနားမြို့တော်ကနေ တောင်းဆိုထားပါတယ်။

XS
SM
MD
LG