သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမန်ပြည်သူ သန်း၂၀ စားနပ်ရိက္ခာအခက်ကြုံ


ချို့တဲ့တဲ့ ယီမင်နိုင်ငံတွင်းမှာ စစ်ကြောင့် နိုင်ငံလူဦးရေရဲ့ သုံးပုံနှစ်ပုံ ရှိတဲ့ လူဦးရေ သန်း ၂၀ ကျော် အတွက် စားနပ်ရိက္ခာ မလောက်မင ဖြစ်နေပါတယ်။ မနေ့ စနေနေ့တုန်းက ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေး အဖွဲ့ FAO၊ UNICEF နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP တို့က ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ယီမင်းနိုင်ငံတွင်း ပဋိပက္ခကြောင့် ကမ္ဘာ့ အဆိုးရွားဆုံး လူသားဆိုင်ရာ ကပ်ဘေးကြီး ပေါ်ပေါက်စေတယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံတွေမှာ အငတ်ဘေး ကျရောက်ပြီလားဆိုတာကို ဆုံးဖြတ်ဖို့ ပြုလုပ်တဲ့ IPC အဖွဲ့ကြီးရဲ့ စားနပ်ရိက္ခာ လုံခြုံမှုဆိုင်ရာ သုတေသနကို ကိုးကားပြီး ကုလအဖွဲ့အစည်းတွေက ပူးတွဲ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

ယီမင်နိုင်ငံမှာ လူပေါင်း ၁၅ သန်း ၉ သိန်းတို့ ချိုးခြံ စားသောက်နေရပြီး လူပေါင်း သန်း ၂၀ တို့ကတော့ စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ဆိုးဆိုးရွားရွား ရင်ဆိုင်နေရတယ်လို့ ဖော်ပြထားပါတယ်။ ဒီဘေးဒုက္ခကြီး လျော့ပါးသက်သာစေရေး အတွက် အကူအညီတွေ အများကြီး တိုးရဖို့လိုသလို ယီမင်နိုင်ငံတွင်းက ဒေသတွေကို ဝင်ရောက်ခွင့်ရဖို့ လိုအပ်တယ်လို့ WFP အကြီးအကဲ David Beasley က ပြောပါတယ်။

ဒီလို မလုပ်နိုင်ဘူးဆိုရင်တော့ ကလေးငယ် မျိုးဆက်တခုလုံး အစာအဟာရ ပြတ်လပ်သွားစေမယ်လို့လည်း သတိပေးထားပါတယ်။ စစ်ကြောင့် ဘေးဒုက္ခရောက်ရတယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပြီး စစ်ရေး ပဋိပက္ခကြောင့်ဘဲ စားနပ်ရိက္ခာ ဈေးနှုန်းတွေ ထိုးတက်သွားစေပြီး အလုပ်လက်မဲ့နှုန်းလည်း တိုးလာစေတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ယီမင် အစိုးရကို ထောက်ပံ့တဲ့ အနေနဲ့ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်း အဖွဲ့က အီရန် ဘက်တော်သား Houthi သူပုန်တွေကို ၂၀၁၅ ခုနှစ် မတ်လမှာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်းမှာ ယီမင်း ပဋိပက္ခက ထိန်းမနိုင် သိမ်းမရ ကြီးထွားလာတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG