သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင် MSF ဆေးရုံဗုံးကွဲမှု ၄ ဦးသေဆုံး


ယီမင်နိုင်ငံမြောက်ပိုင်း Saada ဒေသအတွင်း လေကြောင်းကနေ ပစ်ခတ်မှုကြောင့် အဆောက်အဦးများပျက်စီး ( ၆ ဇန်နဝါရီလ ၂၀၁၆)
ယီမင်နိုင်ငံမြောက်ပိုင်း Saada ဒေသအတွင်း လေကြောင်းကနေ ပစ်ခတ်မှုကြောင့် အဆောက်အဦးများပျက်စီး ( ၆ ဇန်နဝါရီလ ၂၀၁၆)

ယီမင်နိုင်ငံမြောက်ပိုင်းမှာ နယ်စည်းမခြားဆရာဝန်များအဖွဲ့ - MSF က ဖွင့်ထားတဲ့ ဆေးရုံကို တနင်္ဂနွေနေ့က ဒုံးကျည် ထိမှန်သွားတဲ့အတွက် အနဲဆုံး လူ ၄ ဦး သေဆုံးသွားပါတယ်။

ဒုံးကျည်ဟာ Saada ဒေသ၊ Razeh ခရိုင် အတွင်းမှာဖွင့်ထားတဲ့ Shiara ဆေးရုံကို ထိမှန်သွားခြင်းဖြစ်ကြောင်း MSF အဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

MSF ဝန်ထမ်း ၃ ဦးအပါအဝင် လူပေါင်း ၁၀ ဦးလည်း ထိခိုက်ဒဏ်ရာသွားတယ်လို့ MSF အဖွဲ့က ပြောပါတယ်။ ဆေးရုံအဆောက်အဦးပျက်တွေအောက်မှာ လူတွေ ပိမိနေနိုင်တဲ့အတွက် ထိခိုက် ဒဏ်ရာရသူအရေအတွက်ဟာ ဒီထက် ပိုတိုးလာနိုင်တယ်လို့ ဆိုပါတယ်။

လေကြောင်းကနေ ဒုံးကျည်နဲ့ ပစ်ခတ် တိုက်ခိုက်လိုက်တဲ့သူတွေအနေနဲ့ Shiara ဆေးရုံဟာ လူနာတွေနဲ့ ပုံမှန်လည်ပတ်နေတဲ့ ဆေးရုံဖြစ်တယ်ဆိုတာ မသိပဲမဖြစ်နိုင်ဘူးလို့ MSF ရဲ့ ယီမင်နိုင်ငံဆိုင်ရာ ညွန်ကြားရေးမှူး Raquel Ayora က ပြောပါတယ်။

MSF ရဲ့ ဆေးရုံ၊ ဆေးခန်းတွေ ဘယ်မှာရှိတယ်ဆိုတာ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့အပါအဝင် စစ်ဖြစ်နေတဲ့ အဖွဲ့အစည်းအားလုံးကို GPS ကြည့်လို့ရနိုင်အောင် အသိပေးထားပြီး ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါဟာ လွန်ခဲ့တဲ့ လ အနဲငယ်အတွင်း MSF ရဲ့ ကျန်းမာရေးကို တတိယအကြိမ်မြောက် တိုက်ခိုက်ခံရခြင်းဖြစ်တယ်လို့ MSF အဖွဲ့က ပြောပါတယ်။ အောက်တိုဘာလတုန်းက ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့တွေက Haydan မှာရှိတဲ့ ဆေးရုံကို ဖျက်ဆီးလိုက်ပြီး ဒီဇင်ဘာလ အတွင်းမှာလည်း ဆော်ဒီ ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့တွေကပဲ Taiz မှာရှိတဲ့ ကျန်းမာရေး စောင့်ရှောက်ရေးဌာနကို တိုက်ခိုက်ခဲ့တဲ့အတွက် လူ ၉ ဦး ထိခိုက် ဒဏ်ရာရသွားတယ်လို့ MSF နည်စည်းမခြား ဆရာဝန်များအဖွဲ့က ပြောပါတယ်။

XS
SM
MD
LG