သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင်သမ္မတနဲ့ အစိုးရအဖွဲ့ နှုတ်ထွက်


ယီမင် သမ္မတ Abed Rabbo Mansour Hadi။
ယီမင် သမ္မတ Abed Rabbo Mansour Hadi။

ယီမင်နိုင်ငံမှာ သမ္မတ Abed Rabbo Mansour Hadi ရော သူ့အစိုးရ အဖွဲ့ပါ နှုတ်ထွက်လိုက်ပြီဖြစ်ပါတယ်။ တနင်္လာနေ့ကစပြီး သမ္မတနဲ့ နိုင်ငံကို ထိန်းချုပ်ခဲ့တဲ့ Houthi စစ်သွေးကြွတွေ အကြား နိုင်ငံရေး လွန်ဆွဲပွဲတွေ ဖြစ်ပွားနေချိန်မှာ အခုလို နှုတ်ထွက်မှုတွေ ဖြစ်လာတာပါ။ အတိုက်အခိုက်ခံနေရတဲ့ သမ္မတ က နှုတ်ထွက်လိုက်ကြောင်း ဝါရှင်တန်မှာ ရှိနေတဲ့ ယီမင်အစိုးရပြောခွင့်ရ Mohammed Albasha က တွစ်တာစာမျက်နှာကနေ ကြာသပတေးနေ့က ကြေညာလိုက်ဖြစ်ပါတယ်။

အစိုးရအနေနဲ့ ညှိမရတဲ့ နိုင်ငံရေး အရှုပ်အထွေးထဲမှာ မပါဝင်ချင်တော့ဘူးလို့ ယီမင်ဝန်ကြီးချုပ် Khaled Bahah ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာက ရေးသားချက်ကို ကိုးကားပြီး ရိုက်တာ သတင်းက ဖော်ပြပါတယ်။ ယီမင်က အကြမ်းဖက်မှုတွေ အဆုံးသတ်စေဖို့အတွက် အာဏာခွဲဝေမယ့် သဘောတူညီချက်တွေ ပေးထားတာကို အတိုက်အခံ အဖွဲ့တွေက လေးလေးစားစား လိုက်နာမှုရှိမှသာ ယီမင်နိုင်ငံရဲ့ နိုင်ငံရေးပြသနာဟာ ပြေလည်မှုရှိမယ်လို့ Sanaa ကိုရောက်နေတဲ့ ကုလသမဂ္ဂ အထူးသံတမန် Jamal Benomar က ပြောကြား လိုက်ပါတယ်။

ယီမင်နိုင်ငံရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်ဥက္ကဋ္ဌဟာ နိုင်ငံရဲ့ ယာယီ အကြီးအကဲ အဖြစ် တာဝန်ယူရမှာဖြစ်ပါတယ်။ လက်ရှိ လွှတ်တော်ဥက္ကဋ္ဌ Yahia al-Rai ဟာ အရင်သမ္မတဟောင်း Ali Abdullah Saleh ရဲ့ မဟာမိတ်ဖြစ်ပါတယ်။

XS
SM
MD
LG