သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒဏ်ရာရသူ ယီမင်သမ္မတ ဆေးကုသဖို့ ဆော်ဒီနိုင်ငံ ရောက်ရှိ


ဒဏ်ရာရသူ ယီမင်သမ္မတ ဆေးကုသဖို့ ဆော်ဒီနိုင်ငံ ရောက်ရှိ
ဒဏ်ရာရသူ ယီမင်သမ္မတ ဆေးကုသဖို့ ဆော်ဒီနိုင်ငံ ရောက်ရှိ

ယီမင်သမ္မတ အလီ အဗ္ဗဒူလာ ဆာလေး (Ali Abdullah Saleh) ဟာ သောကြာနေ့က ရထားတဲ့ ဒဏ်ရာတွေကို ဆေးကုသဖို့ ဆော်ဒီအာရေးဗီးယားကို ရောက်လာတယ်လို့ ဆော်ဒီ တာဝန်ရှိသူတွေက ပြောပါတယ်။

သောကြာနေ့က ဆာနာ (Sana’a) မြို့တော်က သမ္မတအိမ်တော် ပရိဝုဏ်မှာ ရော့ကက် ဒုံးလက်နက် မှန်ရာမှာ ဒဏ်ရာရခဲ့တဲ့ ဝန်ကြီးချုပ် အပါအဝင် အဆင့်မြင့် တာဝန်ရှိသူ ၄ ယောက်ထက် မနည်းဟာ ရထားတဲ့ ဒဏ်ရာတွေကို ကုသဖို့ ဆော်ဒီအာရေးဗီးယားကို သွားကြတယ်လို့ အစိုးရ သတင်းတွေက ပြောပါတယ်။

ယီမင်သမ္မတရဲ့ ဒဏ်ရာ ဘယ်လောက်ပြင်းထန်လဲ ဆိုတာ တိတိကျကျ မသိရသေးပါဘူး။

စနေနေ့ အစောပိုင်းတုန်းကတော့ ဆော်ဒီအာရေးဗီးယားနိုင်ငံက ကြားဝင် ညှိပေးထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု အသစ်ကို ယီမင်အစိုးရ အရာရှိတွေကရော၊ မျိုးနွယ်စု သူပုန်တွေကပါ လက်ခံဖို့ သဘောတူခဲ့ကြပါတယ်။ အစီအစဉ်သစ်ကို လက်ခံမယ်လို့ ၂ ဘက် ကိုယ်စားလှယ်တွေက စနေနေ့မှာ ပြောခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တပတ်ကတော့ ယီမင်သမ္မတ အလီ အဗ္ဗဒူလာ ဆာလေးရဲ့ တပ်တွေနဲ့ အတိုက်အခံ မျိုးနွယ်စု ခေါင်းဆောင် ရှိတ်ခ် ဆာဒစ်ခ် အယ်လ် အာမာ (Sheikh Sadiq al-Ahmar) အပေါ် သစ္စာရှိတဲ့ တပ်တွေကြား တိုက်ခိုက်မှုကြောင့် အလားတူ သဘောတူညီချက်ဟာ အချိန်ခဏလေးမှာပဲ ပျက်ခဲ့ပါတယ်။

ဆာနာမြို့တော်မှာ တိုက်ခိုက်မှုတွေဟာ စနေနေ့မှာ ဆက်ဖြစ်နေပြီး သမ္မတ ဆာလေးရဲ့ တပ်တွေက အစိုးရ ဆန့်ကျင်သူ ခေါင်းဆောင်တွေရဲ့ နေအိမ်တွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်။

အတိုက်အခံခေါင်းဆောင် အယ်လ် အာမာရဲ့ ရပ်ကွက်အပေါ် အစိုးရတပ်တွေ ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ၁၀ ယောက် သေဆုံးပြီး ၃၅ ယောက် ဒဏ်ရာရတယ်လို့ မျိုးနွယ်စု တာဝန်ရှိသူတွေက ပြောပါတယ်။

XS
SM
MD
LG