သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင်ဓားစာခံကယ်တင်မှု အမေရိကန် အထူးတပ်တွေပါဝင်


အမေရိကန် အထူးတပ်ဖွဲ့တွေဟာ ယီမင်နိုင်ငံအတွင်း အယ်လ်ကိုင်းဒါး စစ်သွေးကြွတွေ ဓားစာခံအဖြစ် ဖမ်းထားတဲ့ လူ ၈ ဦးကို ကယ်တင်ရာမှာ ပါဝင်ဆောင်ရွက်ခဲ့တယ်လို့ အမေရိကန် မီဒီယာတွေက ဖော်ပြနေကြပါတယ်။

နယူးယောက်တိုင်းမ် သတင်းစာက ပထမဦးဆုံး ဖော်ပြခဲ့ရာမှာ အင်္ဂါနေ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး ကယ်တင်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း အမေရိကန် ကွန်မန်ဒို ၂ ဒါဇင်ခန့်ဟာ အမေရိကန်က လေ့ကျင့်ပေးထားတဲ့ ယီမင်နိုင်ငံက အကြမ်းဖက်မှု တန်ပြန်ချေမှုန်းရေး တပ်ဖွဲ့ဝင်တွေနဲ့ တွဲပြီး လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုစီးနင်းတိုက်ခိုက်ခဲ့တဲ့နေရာဟာ ဆော်ဒီအာရေးဘီးယား နယ်စပ်မှာရှိတဲ့ ဒေသခံလူမျိုးစုတွေ နေထိုင်ရာအရပ်မှာ ဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့ထုတ်တဲ့ သတင်းမှာ ဖော်ပြထားပါတယ်။ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာတော့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက အဲဒီသတင်းမှန်ကန်ကြောင်း AP သတင်းဌာနကို အတည်ပြု ပြောကြားခဲ့ပါတယ်။

စီးနင်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်း အယ်လ်ကိုင်းဒါး စစ်သွေးကြွ ၇ ယောက်သေဆုံးပြီး ယီမင် စစ်သားတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG