သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယေမင်သမ္မတ နုတ်ထွက်ရေး ဆွေးနွေးဖွယ်ရှိ


ယေမင်သမ္မတ နုတ်ထွက်ရေး ဆွေးနွေးဖွယ်ရှိ
ယေမင်သမ္မတ နုတ်ထွက်ရေး ဆွေးနွေးဖွယ်ရှိ

ယီမင် သမ္မတ အလီအက်ဘ်ဒူလာ ဆာလေး (Ali Abdullah Saleh) အာဏာက ထွက်သွားဖို့ သဘောတူညီချက် တစ်ရပ်ကို လက်စသတ်နိုင်မယ်လို့ မျှော်လင့်ကြောင်း ထိပ်တန်း အစိုးရဝန်ကြီးတစ်ယောက်က ပြောပါတယ်။

မစ္စတာ ဆာလေး အာဏာလွှဲပြောင်းမယ့် အချိန်ကို ဆွေးနွေးနိုင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Abu Bakr al-Qirbi က ရိုက်တာ သတင်းဌာနက ပြောပါတယ်။ အာဏာလွှဲပြောင်းရေးမှာ အဟန့်အတား မဖြစ်သင့်ဘူးလို့ သူက ဆိုပါတယ်။

အာဏာရပါတီနဲ့ အတိုက်အခံက ဆွေးနွေးဖို့ အလေးအနက် သဘောထား လုပ်ဆောင်မယ်ဆိုရင် ဖြစ်နို်င်ခြေအားလုံးကို သမ္မတက ကြည့်ဖို့ ဆန္ဒရှိနေပါတယ်လို့ သူက ပြောပါတယ်။ ညှိနှိုင်းဆွေးနွေးတဲ့ အကြောင်းအရာတွေထဲမှာ အဓိကကျနေတဲ့ အကြောင်းကတော့ သမ္မတရဲ့ မိသားစု အဖွဲ့ဝင်တွေရဲ့ ကံကြမ္မာပဲ ဖြစ်ပါတယ်။ လုံခြုံရေးဌာနတွေကို သမ္မတရဲ့ မိသားစုဝင်တွေကပဲ ချုပ်ကိုင်ခဲ့ကြတာပါ။

လုံခြုံစိတ်ချမှုရှိရှိနဲ့ အာဏာလွှဲပြောင်းပေးဖို့ သူ ပြင်ဆင်ထားပါတယ်လို့ မစ္စတာ ဆာလေးက သူ့ကို ထောက်ခံသူ ထောင်ပေါင်းများစွာကို မြို့တော် Sana မှာ သောကြာနေ့က မိန့်ခွန်းပြောရင်း ပြောခဲ့ပါတယ်။

၃၂ ကြာ အာဏာဆုပ်ကိုင်ထားတာကို စွန့်လွှတ်လိုတဲ့ ဆန္ဒရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီး ဝေေ၀ဝါးဝါး အချက်ပြနေတာကိုပဲ တွေ့နေရပါတယ်လို့ အတိုက်အခံ အဖွဲ့ဝင်တွေက အယ်လ်ဂျာဇီးရား ရုပ်မြင်သံကြားကို ပြောပါတယ်။

XS
SM
MD
LG