သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင်ကလေးတွေထိတဲ့တိုက်ခိုက်မှု အမေရိကန်ထုတ်လက်နက်သုံး


ယီမင်နိုင်ငံမှာ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့ရဲ့လတ်တလော လေကြောင်းထိုးစစ်ကြောင့် ဈေးထဲမှာ ဖြတ်သွားတဲ့ ကျောင်းသားလေးတွေပါတဲ့ဘတ်စ်ကားတစင်းကို ထိမှန်ပြီး ကလေး ၄၀ အပါအဝင် လူပေါင်း ၅၁ ဦးသေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုမှာ အမေရိကန်လုပ် စစ်လက်နက်တွေအသုံးပြုခဲ့တယ်လို့ လက်နက်အရေး ကျွမ်းကျင်သူတွေကို ကိုးကားပြီး CNN သတင်းဌာနကပြောပါတယ်။

တိုက်ခိုက်မှုဖြစ်အပြီး ရိုက်ယူထားတဲ့ ဓာတ်ပုံတွေထဲမှာ တွေ့ရတဲ့ ချွန်ထက်တဲ့ပစ္စည်း အပိုင်းအစတခုကို ကြည့်ရှုပြီး လက်နက်အရေးကျွမ်းကျင်သူတွေကအဲဒီလို ပြောဆိုကြောင်း CNN သတင်းဌာနက သောကြာနေ့မှာ ပြောဆိုသွားတာပါ။ အဲဒီပေါက်ကွဲပစ္စည်းပေါ်မှာပါတဲ့နံပါတ်အရ ဒီဗုံးဟာ ကမ္ဘာမှာ လက်နက်နဲ့ ဂျက်တိုက် လေယာဉ် အကြီးအကျယ်ထုတ်လုပ်တဲ့ အမေရိကန်ကုမ္ပဏီတခုဖြစ်တဲ့ Lockheed Martin ကထုတ်လုပ်ပြီး အမေရိကန်ကာကွယ်ရေးဌာနကို သွင်းနေတဲ့၂၂၇ ကီလိုဂရမ်ရှိတဲ့၊ လေဆာနဲ့ လမ်းညွှန်ပေးတဲ့ MK 82 ဗုံး ဖြစ်တယ်လို့ CNN ကပြောဆိုသွားတာပါ။

အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၅၆ ဦးအပါအဝင် လူပေါင်း ၇၉ ဦးတို့လည်း ထိခိုက် ဒဏ်ရာ ရသွားခဲ့တာပါ။ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ပြောခွင့်ရသူကတော့ အဲဒီလေကြောင်း တိုက်ခိုက်မှုက ဈေးထဲက ဟူူသီသူပုန်တွေကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာဥပဒေနဲ့ ကိုက်ညီမှုရှိတယ်လို့ ဒီလအစောပိုင်းမှာ ပြောဆိုထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG