သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင်သမ္မတနန်းတော် သူပုန်တွေဝိုင်း


ယီမင်နိုင်ငံအတွင်း နိုင်ငံ့ခေါင်းဆောင်တွေကို ရည်ရွယ်ပစ်မှတ်ထား တိုက်ခိုက်နေရာမှာ နောက်ဆုံးဖြစ်ရပ်အဖြစ် Houthi သူပုန်တွေဟာ အင်္ဂါနေက မြို့တော် Sana'a မှာရှိတဲ့ သမ္မတအိမ်တော်ခြံဝန်းကို သိမ်းပိုက်ထားပြီး၊ သမ္မတရဲ့ နေအိမ်ကိုလည်း တိုက်ခိုက်နေကြပါတယ်။

Shi'ite စစ်သွေးကြွသူပုန်တွေနဲ့ အစိုးရလုံခြုံရေး တပ်ဖွဲ့တွေအကြား တနင်္လာနေ့အထိ ရရှိထားတဲ့ အပစ်ရပ်သဘော တူညီမှုဟာ မြို့တော်အတွင်း လူပေါင်း ၉ ယောက် သေဆုံးသွားခဲ့ပြီးနောက် ပျက်ပြားသွားခဲ့ပြီး အပြန်အလှန် တိုက်ခိုက်နေကြပါတယ်။

သူပုန်ခေါင်းဆောင် Abdel Malik Al Houthi က ရုပ်သံကနေ မိန့်ခွန်းပြောဆိုရာမှာ သူ့ရဲ့အဖွဲ့အနေနဲ့ တိုင်းပြည်တွင်းမှာ အဂတိလိုက်စားမှုနဲ့ အကြွင်းမဲ့ အာဏာရှင်ဝါဒ အဆုံးသတ်ဖို့ လိုလားတယ်လို့ ပြောသွားပါတယ်။ အစိုးရနှုတ်ထွက်ပေးဖို့ တောင်းဆိုနေမှုကို ဆက်လုပ်တာမျိုး မလုပ်တော့ပါဘူး။

ဒါပေမဲ့ နောက်ထပ်တိုးပြီး ဆန့်ကျင်တဲ့ ဆောင်ရွက်ချက်တွေ ဖြစ်လာနိုင်တယ်လို့ သတိပေးသွားပါတယ်။ အင်္ဂါနေ့မှာ သမ္မတ Abd Rabbuh Mansour Hadi ဘယ်မှာရှိနေသလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမဲ့ အရာရှိတယောက်ကတော့ သမ္မတဟာ သူ့ရဲ့အိမ်တွင်းမှာပဲ လုံလုံခြုံခြုံ ရှိနေတယ်လို့ ပြောပါတယ်။

အင်္ဂါနေ့ကျင်းပတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ သံတမန်တွေက ဒီအကြမ်းဖက် တိုက်ခိုက်မှုကို ရှုတ်ချလိုက်ပြီးတဲ့နောက်၊ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တိုက်ခိုက်မှုတွေကို ဆိုင်းငံ့ထားဖို့နဲ့ အစိုးရရဲ့ အုပ်ချုပ်မှု အပြည့်အ၀ ပြန်လည် အသက်ဝင်ဖို့ တောင်းဆိုလိုက်ပါတယ်။

XS
SM
MD
LG