သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမန် စစ်ရေးစွက်ဖက်မှုအဆုံးသတ်ရေး ကန်အထက်လွှတ်တော်မဲခွဲမည်


အမေရိကန်အထက်လွှတ်တော်
အမေရိကန်အထက်လွှတ်တော်

ယီမင် နိုင်ငံပြည်တွင်းစစ်မှာ Saudi Arabia နိုင်ငံဦးဆောင်တဲ့ စစ်ရေးနဲ့ဝင်ရောက်ဖြေရှင်းမှုအပေါ် အမေရိကန်ရဲ့ ထောက်ခံမှုအဆုံးသတ်ရေး ဆုံးဖြတ်ချက်ကို ဒီကနေ့ အမေရိကန်အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှာဖြစ်ပါတယ်။

Saudi အစိုးရဦးဆောင်တဲ့ စစ်ဆင်ရေးကို အမေရိကန်ဖက်က ဆက်ပြီး မထောက်ခံဖို့ Democrat အမတ်တွေလို Republican အမတ်တချို့က မဲပေးပြီး ဆုံးဖြတ်ချက်ကို အတည်ပြုကြမယ်လို့ မျှော်လင့်ရပါတယ်။ သတင်းထောက် Khashoggi ကိုစီစဉ်သတ်ဖြတ်ဖို့ အမိန့်ပေးတယ်လို့ စွပ်စွဲခံနေရတဲ့ အိမ်ရှေ့မင်းသား ဦးဆောင်အုပ်ချုပ်နေတဲ့ Saudi Arabia နဲ့ အမေရိကန်ကြား ဆက်ဆံရေးက လောလောဆယ်အလုပ်မဖြစ်ဘူးလို့ Republican အမတ်တချို့ကပြောခဲ့ပါတယ်။

Saudi ဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှုမှာ အမေရိကန်ပါဝင်မှု အဆုံးသတ်ရေးဆုံးဖြတ်ချက်အတွက် ဆွေးနွေးကြဖို့ Republican အမတ်အများစုဖြစ်တဲ့ အောက်လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က မဲခွဲဆုံးဖြတ်ခဲ့တာပါ။ Saudi Arabia နဲ့နီးစပ်တဲ့ ဆက်ဆံရေးရှိတဲ့ Trump အစိုးရက အမေရိကန်နဲ့ မဟာမိတ် Saudi Arabia ကြား ဆက်လက်ပူးပေါင်းဆောင်ရွက်သွားဖို့လိုတယ်လို့ ပြောနေတာကို လွှတ်တော်ဖက်က လက်မခံဘူးဆိုတာ ပြသလိုက်တာလည်းဖြစ်ပါတယ်။

Washington Post သတင်းစာတိုက်သတင်းထောက် Jamal Khashoggi အသတ်ခံရတဲ့ကိစ္စမှာ အိမ်ရှေ့မင်းသား Mohammed bin Salman ကသူ့ပါဝင် ပါတ်သက်ခြင်းမရှိဘူးလို့ ပြောတာကို သမ္မတ Donald Trump ကလက်ခံတယ်လို့ ဆိုပြီး သတ်ဖြတ်မှု ဘယ်သူ့လက်ချက်လဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG