သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင်ပဋိပက္ခ လူ ၄၀ မက သေဆုံး


ယီမင်ပဋိပက္ခ လူ ၄၀ မက သေဆုံး

ယီမင်နိုင်ငံမြို့တော် ဆာနားမှာ ဆန္ဒပြကျောင်းသားတွေနဲ့ သူတို့ကို အကာအကွယ်ပေးနေတဲ့ တပ်ဖွဲ့တွေဟာ သမ္မတ အလီ အဗ္ဗဒူလာ ဆာလေးရဲ့ သစ္စာခံတပ်တွေနဲ့ စနေနေ့မှာ ပဋိပက္ခတွေဖြစ်ခဲ့တာကြောင့် အနည်းဆုံး လူ ၄၀ လောက် သေဆုံးသွားခဲ့ပါတယ်။ ယီမင်သမ္မတ မစ္စတာ ဆာလေးဟာ အဲဒီနေ့မတိုင်ခင် သောကြာနေ့က တိုင်းပြည်ကို ပြန်သွားခဲ့ပြီး အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုခဲ့ပါတယ်။

အစိုးရတပ်တွေက ကျောင်းသားတွေ စခန်းချထားတဲ့နေရာတွေကို စနေနေ့ညက သေနတ်တွေ၊ မော်တာ ကျည်ဆံတွေနဲ့ ပစ်ခတ်ခဲ့ပြီး လူပေါင်းများစွာ ထိခိုက်သေဆုံးခဲ့ပါတယ်။ ကျောင်းသားတွေဟာ အဲဒီနေရာကနေ ထွက်ပြေးခဲ့ကြပြီး တချို့တွေကတော့ တက္ကသိုလ်ကျောင်းဝင်းထဲမှာ ခိုလှုံခဲ့ကြပါတယ်။

အတိုက်အခံဗိုလ်ချုပ်ကြီး အလီ မိုရှန် အယ်လ်အမားရဲ့ တပ်တွေ တပ်စွဲထားတဲ့နေရာတွေ တိုက်ခိုက်ခံခဲ့ရတဲ့ အတွက် သူ့ရဲ့ သစ္စာခံတပ်သား ၁၁ ယောက် အနည်းဆုံး သေဆုံးသွားတယ်လို့ သူ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

သမ္မတဆာလေးကို ဆက်ပြီးထောက်ခံမှုမပေးတော့တဲ့ လူမျိုးစုခေါင်းဆောင် ဆာဒက် အယ်လ် အာမားရဲ့ နေအိမ်တွေကို သမ္မတ ဆာလေးရဲ့ သစ္စာခံတပ်တွေက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြပါတယ်။

၆ နိုင်ငံပါဝင်တဲ့ ပင်လယ်ကွေ့ဒေသ ပူးပေါင်းဆောင်ရွက်ရေးကောင်စီက အပစ်အခတ်ရပ်စဲကြဖို့ အဖွဲ့အားလုံးကို တောင်းဆိုလိုက်ပြီး လက်နက်မပါတဲ့ ဆန္ဒပြသူတွေကို လက်နက်ကြီးတွေအသုံးပြုပြီး တိုက်ခိုက်နေတာတွေ အဆုံးသတ်ဖို့ တောင်းဆိုလိုက်ပါတယ်။

XS
SM
MD
LG