သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင်က VOA သတင်းထောက် လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံး


သူပုန်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ Sana’a မြို့
သူပုန်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ Sana’a မြို့

သူပုန်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ Sana’a မြို့ကို ဆော်ဒီဦးဆောင်တဲ့ ညွှန့်ပေါင်းအဖွဲ့က လေကြောင်းက တိုက်ခိုက်မှုကြောင့် VOA အမေရိကန်အသံ အတွက် သတင်းယူပေးနေတဲ့ ယီမင်နိုင်ငံသား အလွတ်သတင်းထောက် Almigdad Mojalli ဆိုသူ သေဆုံးသွားပါတယ်။

Mojalli ဟာ သူ့ရဲ့ မိခင်တိုင်းပြည်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကြေကွဲ၊ဝမ်းနည်းဖွယ်ရာ အဖြစ်ဆိုးတွေကို အမှန်တရားအတိုင်း တင်ပြနိုင်ရေးအတွက် VOA အပါအဝင်၊ ကုလသမဂ္ဂ သတင်းဌာနဖြစ်တဲ့ IRIN နဲ့ တခြား သတင်းဌာနတွေအတွက် အလွတ်သတင်းထောက်အဖြစ် တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာ သတင်းတွေကို သူ့အနေနဲ့ ဦးစားပေး တင်ပြတာဟာ ပဋိပက္ခတွေကို လက်နက်နဲ့ အဖြေရှာမှုအပေါ် ယုံကြည်မှု မရှိတဲ့အတွက်ဖြစ်ကြောင်း၊ သူ့အနေနဲ့ ဘဝမှာ လက်နက် တစုံတရာကို ကိုင်ဆောင်ဖူးခြင်း မရှိကြောင်း အကိုဖြစ်သူ Abdullah Mojalli က ပြောပါတယ်။

Almigdaad Mojalli ဟာ VOA သတင်းဌာနအတွက် အောက်တိုဘာလကစပြီး သတင်းပို့ပေးနေသူဖြစ်ပြီး သူ့အနေနဲ့ လူသားတွေ စစ်ဒဏ် ခံရတဲ့အခြေအနေ၊ စစ်ကြောင့် စီးပွားရေးကို ထိခိုက်မှု အခြေအနေတွေကို ဦးစားပေး သတင်းပို့လေ့ရှိတာမှာ တခါတရံ ခိုကိုးရာမဲ့နေသူတွေကို ရွေးချယ် တင်ပြလေ့ ရှိတယ်လို့ ဆိုပါတယ်။

သူ့အနေနဲ့ လူနည်းစု၊ ခြေလက် မသန်စွမ်းသူ စတဲ့ ဖိနှိပ်ခံလူထုတွေရဲ့ ခံစားချက်တွေကို အမှန်တရားအတိုင်း တင်ပြလေ့ရှိသူလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG