သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အယ်လ်ကိုင်းဒါး ထိပ်တန်းခေါင်းဆောင်တဦး ယီမင်မှာ သေဆုံး


အယ်လ်ကိုင်းဒါးထိပ်တန်းခေါင်းဆောင် Said al-Shihri
အယ်လ်ကိုင်းဒါးထိပ်တန်းခေါင်းဆောင် Said al-Shihri
ယီမင်နိုင်ငံမှာ အခြေစိုက်တဲ့ Al-Qaida ကွန်ယက်အဖွဲ့ရဲ့ ဒုတိယအာဏာအရှိဆုံး ခေါင်းဆောင်ကို အစိုးရလုံခြုံရေး တပ်ဖွဲ့တွေက သုတ်သင်နိုင်ခဲ့တယ်လို့ ယီမင်အစိုးရက ကြေညာပါတယ်။

ယီမင်နိုင်ငံတောင်ပိုင်း ဟက်ဒရာမောက်ခရိုင်မှာ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း အယ်လိခိုက်ဒါး ဒုတိယခေါင်းဆောင် ဖြစ်တဲ့ ဆော်ဒီအာရေးဘီယားနိုင်ငံသား Said al-Shihri အပါအဝင် စစ်သွေးကြွ အတော်များများ သေဆုံးသွား တယ်လို့ ယီမင်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အင်တာနက်ဝဘ်ဆိုက် စာမျက်နှာမှာ တနင်္လာနေ့က ထုတ်ပြန်ထားပါတယ်။

ယီမင်မှာ အခြေစိုက်တဲ့ Al-Qaida ကွန်ယက်အဖွဲ့နဲ့ အာရေဘီယမ် ကျွန်းဆွယ်မှာရှိတဲ့ အယ်လ်ခိုက်ဒါး အဖွဲ့တွေဟာ တောင်ပိုင်းယီမင်မှာ အခြေပြုထားဆဲဖြစ်ပါတယ်။ အဲဒီစစ်သွေးကြွတွေဟာ ယီမင်အစိုးရခေါင်းဆောင်တွေကို ရည်ရွယ်တဲ့ အသေခံဗုံးခွဲ တိုက်ခိုက်မှုတွေ လုပ်ကြံမှုတွေ ပြုလုပ်နေသူတွေလို့ သံသယရှိထားကြသူတွေပါ။

အဲဒီကွန်ယက်ဟာ အမေရိကန်နိုင်ငံပိုင် အကျိုးစီးပွားတွေကို တိုက်ခိုက်ဖို့ ကြံစည်နေတယ်လို့ သံသယရှိထားပါတယ်။ ၂၀၁၀ ခုနှစ်တုံးက ပုံနှိပ်မှင်ဗူးတွေထည့်တဲ့သေတ္တာအတွင်း ဖေါက်ခွဲရေးပစ္စည်းထည့်ပြီး အမေရိကန် ကုန်တင်လေယာဉ် တစီးကို ဖေါက်ခွဲဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ပြီးခဲ့တဲ့သတင်းပတ် ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း Said al-Shihri သေဆုံးသွားတာဖြစ်တယ်လို့ ယီမင် လုံခြုံရေးတပ်ဖွဲ့က ရိုက်တာ သတင်းဌာနကိုပြောပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ အမေရိကန်ရဲ့ အဝေးထိန်းဒုံးနဲ့ ပစ်ခတ်မှုလည်း ပါဝင်ခဲ့တယ်လို့ ပြောပါတယ်။
XS
SM
MD
LG