သုံးရလွယ်ကူစေသည့် Link များ

al-Qaida ကွန်ယက်အားထားရတဲ့ Yemen နိုင်ငံက အဖွဲ့ခွဲ ဒုခေါင်းဆောင် Nasir al-Wuhayshi ဟာ အရင်တပတ်က အမေရိကန်ရဲ့ အဝေးထိန်းဒုံးယာဉ်နဲ့ တိုက်ခိုက်မှုမှာ သေဆုံးသွားတယ်လို့ al-Qaida က ဒီကနေ့ပဲ ကြေညာသွားပါတယ်။

နိုင်ငံအရှေ့တောင်ပိုင်းက Mukalla ဆိပ်ကမ်းမြို့ကို သောကြာနေ့က တိုက်ခိုက်ခဲ့တာမှာ Mr. Wuhayshi နဲ့ နောက်ထပ် ၂ ယောက် သေဆုံးသွားတယ်လို့ al-Qaida ရဲ့ကြေညာချက်မှာ ပြောထားပါတယ်။

AQAP အာရပ်ကျွန်းဆွယ်ဒေသ al-Qaida ခေါင်းဆောင်သစ်အဖြစ် Qassim al-Rimi ကို ခန့်အပ်ကြောင်းလည်း ကြေညာသွားပါတယ်။ အမေရိကန်အစိုးရကတော့ Mr. Wuhayshi ရဲ့ သေဆုံးမှုကို အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ကြောင်း အမေရိကန်အရာရှိတွေက တနင်္လာနေ့က ပြောကြားသွားပြီး ဒီတိုက်ခိုက်မှုကို အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ CIA က လုပ်တာ ဟုတ် မဟုတ်တော့ ပြောမသွားပါဘူး။

Mr. Wuhayshi ဟာ al-Qaida ခေါင်းဆောင် Ayman al-Zawahiri ရဲ့ လက်ထောက်ဖြစ်ပြီး al-Qaida ကွန်ယက်တခုလုံးရဲ့ ခေါင်းဆောင် ရဲ့ လက်ထောက်လည်း ဖြစ်ခဲ့ဖူးတာပါ။ ၂၀၀၉ မှာ al-Qaida ကွန်ယက်ရဲ့ အန္တရာယ်အရှိဆုံး အဖွဲ့ခွဲလို့ အမေရိကန်က သတ်မှတ်တဲ့ AQAP အဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်လာတာပါ။

Mr. Wuhayshi လက်ထက်မှာ သူ့ရဲ့ AQAP အဖွဲ့ဟာ အမေရိကန်လေယာဉ်တစင်းကို ၂၀၀၉ Christmas နေ့မှာ ဖောက်ခွဲဖို့ ကြိုးစားတာအပါအဝင် လုပ်ကြံမှုကြီးတွေ တော်တော်များများကို ဆောင်ရွတ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ပြင်သစ်နိုင်ငံ ပါရီမြို့တော်က Charlie Hebdo ကာတွန်းတိုက် တိုက်ခိုက်မှုကိုလည်း သူတို့ လုပ်တောင်ခဲ့တယ်လို့ ပြောပါတယ်။

XS
SM
MD
LG