သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေကြောင်းထိုးစစ်ကြောင့် ယီမင်မှာ စစ်သွေးကြွတွေသေဆုံး


ယီမင်နိုင်ငံတောင်ပိုင်း တောင်ထူထပ်တဲ့ဒေသမှာ အယ်လ်ကိုင်းဒါးတွေရဲ့ လေ့ကျင့်ရေးစခန်းလို့ယူဆရတဲ့ နေရာကို ပစ်မှတ်ထားပြီး အဝေးထိန်းဒုံးလေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တာမှာ ၂ ရက်အတွင်း စစ်သွေးကြွ ၃၀ ကျော်သေဆုံးသွားခဲ့ပါတယ်။

စစ်သွေးကြွ ၂၅ ယောက်ထက်မနည်း တနင်္ဂနွေနေ့က သေဆုံးခဲ့ပြီး စနေနေ့ကတော့ စစ်သွေးကြွ ၁၀ ယောက်နဲ့ အရပ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ ယီမင်လုံခြုံရေးအာဏာပိုင်တွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ဘယ်သူတွေက လုပ်ဆောင်ခဲ့တာလဲဆိုတာကိုတော့ အာဏာပိုင်တွေက မပြောပါဘူး။ ယီမင်နိုင်ငံမှာရှိတဲ့ ဒေသခံ အယ်လ်ကိုင်းဒါးတွေကို အဝေးထိန်းဒုံးနဲ့ တိုက်ခိုက်မှုတွေကို အမေရိကန်နိုင်ငံက ပုံမှန်အားဖြင့်လုပ်တာဖြစ်ပါတယ်။ အဲဒီအယ်လ်ကိုင်းဒါး အဖွဲ့ဟာ ကမ္ဘာပေါ်မှာ လှုပ်ရှားမှုအားအကောင်းဆုံးလို့ အမေရိကန်အစိုးရက ယူဆထားတာဖြစ်ပါတယ်။
XS
SM
MD
LG