သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

၁၆ ႏွစ္အၾကာ ခင္ပြန္းသည္လုိ ေလယာဥ္ပ်က္က် ေသဆုံးရတဲ့ နီေပါအမ်ဳိးသမီးပုိင္းေလာ့


NEPAL-ACCIDENT-AIR

[[Zawgyi/Unicode]]

ဟိမဝႏၱာေတာင္တန္းေတြေပၚက ႏုိင္ငံငယ္ေလးတခုျဖစ္တဲ့ နီေပါလ္ႏုိင္ငံက ေလယာဥ္မႉးဇနီးေမာင္ႏွံႏွစ္ေယာက္ဟာ သီးျခား ေလယာဥ္ပ်က္က်မႈေတြမွာ ေသဆုံးခ့ဲၾကပါတယ္။ ခင္ပြန္းျဖစ္သူ ေလယာဥ္မႉးေသဆုံးၿပီး ၁၆ ႏွစ္အၾကာမွာ ဇနီးျဖစ္သူလည္း အလားတူျဖစ္ရပ္ဆိုးနဲ႔ ေသဆုံးခဲ့ရတာျဖစ္ပါတယ္။ ရိုက္တာသတင္းကိုအေျခခံၿပီး နန္းေလာင္၀္တင္ျပထားပါတယ္။

၂၀၁၀ ခုႏွစ္က နီေပါလ္ Yeti ေလေၾကာင္းလိုင္းမွာ လာေရာက္အမႈထမ္းခဲ့တဲ့ Anju Khatiwada ဟာ ေလယာဥ္ပ်က္က်မႈတခုမွာ ခင္ပြန္းျဖစ္သူေလယာဥ္မွဴးေသဆုံးခဲ့ၿပီး ၄ ႏွစ္အၾကာမွာပဲ ခင္ပြန္းျဖစ္သူရဲ ႔႔ေျခရာနင္းၿပီး ေလယာဥ္မႈးျဖစ္လာခဲ့သူျဖစ္ပါတယ္။ နီေပါလ္ျပည္တြင္းခရီးသည္တင္ေလယာဥ္ငယ္တစင္း ေလဆိပ္မွာမဆင္းခင္ မိနစ္ပိုင္းအလိုမွာပ်က္က်ခဲ့ရာက ၂၀၀၆ ခုႏွစ္မွာပဲ ခင္ပြန္းျဖစ္သူ ေလယာဥ္မႉး Dipak Pokhrel ေသဆုံးခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဇန္န၀ါရီလ ၁၅ ရက္ေန႔က Yeti ေလေၾကာင္းလိုင္းက ခရီးသည္တင္ေလယာဥ္ကို ပူးတြဲေလယာဥ္မႉးအျဖစ္ အသက္ ၄၄ ႏွစ္အ႐ြယ္ Khatiwads ေမာင္းႏွင္လာခဲ့ပါတယ္။ ၿမိဳ႔ေတာ္ Khamandu ကေန Pokhara ၿမိဳ႕ကို ပ်ံသန္းလာခ်ိန္ ပ်က္က်သြားခဲ့တဲ့ေလယာဥ္ေပၚမွာ ခရီးသည္ ၆၈ ဦးနဲ႔ ေလယာဥ္အမႈထမ္း ၄ ဦးလို္က္ပါခဲ့ၾကၿပီး ႏွစ္ေပါင္း ၃၀ အတြင္း လူေသဆုံးမႈအမ်ားဆုံး ျဖစ္ရပ္ဆိုးလည္းျဖစ္ပါတယ္။ လူေပါင္း ၇၂ ဦးလိုက္ပါလာတဲ့ေလယာဥ္ပ်က္က်မႈအတြင္း အသက္ရွင္က်န္ရစ္သူတေယာက္မွ မေတြ႔ေသးပါဘူး။

“၂၀၀၆ ခုႏွစ္မွာ Yeti ေလေၾကာင္းလိုင္းပိုင္ Twin Otter ေလယာဥ္ Jumla ၿမိဳ ႔မွာ ပ်က္က်သြားတုန္းက သူ႔ရဲ႕ ခင္ပြန္း Dipak Pokhrel ကြယ္လြန္ခဲ့ပါတယ္။ သူ႔ခင္ပြန္းေသဆုံးသြားလို႔ ရလာတ့ဲဲအသက္အာမခံေငြနဲ႔ ေလယာဥ္အေမာင္းသင္တန္းတက္ၿပီး သူလည္းေလယာဥ္မႉး ျဖစ္လာတာပါ။”

နာရီေပါင္း ၆,၄၀၀ ေက်ာ္ေလယာဥ္ပ်ံသန္းမႈအေတြ႔အႀကဳံရွိတဲ့ေလယာဥ္မႉးတဦးျဖစ္တဲ့ Khatiwada ဟာ ကမၻာလွည့္ခရီးသည္ေတြၾကား ေရပန္းစားတဲ့ ၿမိဳ ႔ေတာ္ Kathmandu ကေန ဒုတိယအႀကီးဆုံးၿမိဳ ႔ျဖစ္တဲ့ Pokhara ကို အရင္တုန္းကလည္း ေမာင္းႏွင္ပ်ံသန္းခဲ့သူျဖစ္တယ္လို႔ ေျပာခြင့္ရသူ Bartaula ကေျပာပါတယ္။

ပ်ံသန္းခ်ိန္နာရီေပါင္း ၂၁,၉၀၀ ေက်ာ္ရွိတဲ့ ေလယာဥ္ကက္ပတိန္ Kamal K.C ရဲ ႔အေလာင္းကိုေတာ့ ရွာေဖြေတြ႔ရွိၿပီးပါၿပီ။ တြဲဖက္ေလယာဥ္မႉး Kathiwada ရဲ ႔ရုပ္အေလာင္းကို အတည္မျပဳရေသးေပမယ့္ ေသဆုံးသြားၿပီလို႔ ယူဆရေၾကာင္းလည္း ေျပာခြင့္ရသူ ကဆိုပါတယ္။ Kathiwada ကိုပုဂၢိဳလ္ေရးအရ သိကၽြမ္းတဲ့ ေလေၾကာင္းလုိင္းအရာရွိတဦးကလည္း ခုလိုေျပာပါတယ္။

“တနဂၤေႏြေန႔တုန္းက တြဲဖက္ေလယာဥ္မႉးအျဖစ္ သူပါသြားခဲ့တာပါ။ ဒါက ေလေၾကာင္းလုိင္းရဲ ႔ ပုံမွန္လုပ္ငန္းစဥ္လည္းျဖစ္ပါတယ္။ ဘာတာဝန္ပဲလာလာ သူကအဆင္သင့္ျဖစ္ေနၿပီး Pokhara ကိုလည္း ေမာင္းႏွင္ပ်ံသန္းဖူးပါတယ္။”

ေလေၾကာင္းလုိင္းအတြက္ တရားဝင္ေျပာဆိုခြင့္မ႐ွိတဲ့အတြက္ အဲဒီအရာရွိက သူ႔နာမည္ကိုေတာ့ မေျပာပါဘူး။ Kathiwada ရဲ ႔ မိသားစုကို ရိုက္တာသတင္းဌာနက ခ်က္ခ်င္း ဆက္သြယ္လို႔မရေသးပါဘူး။ ATR-72 အင္ဂ်င္ႏွစ္လုံးတပ္ ေလယာဥ္ဟာ Pokhara ေလဆိပ္ေရာက္ခါနီးမွာ တိမ္းေစာင္းက်လာၿပီး သွ်ိဳတခုထဲကို ပ်က္က် မီးေလာင္သြားခဲ့တာလို႔ မ်က္ျမင္ေတြ႔သူေတြနဲ႔ လူမႈကြန္ယက္ေပၚမွာတင္ထားတဲ့ ဗြီဒီယိုပုံရိပ္ေတြမွာေတြ႔ရပါတယ္။

တနလၤာေန႔က ျပန္ရွာေဖြေတြ႔ရွိထားတဲ့ ေလယာဥ္ပ်ံသန္းမႈ မွတ္တမ္းတင္စက္ black box နဲ႔႔ ေလယာဥ္မွဴးအခန္းထဲက အသံမွတ္တမ္းေတြအရ ရာသီဥတုၾကည္ၾကည္လင္လင္ရွိေနခ်ိန္ ေလယာဥ္ပ်က္က်ရတဲ့အေၾကာင္းရင္းကို စုံစမ္းစစ္ေဆးသူေတြ ဆုံးျဖတ္ႏုိင္မယ္လို႔ခန္႔မွန္းရပါတယ္။

နီေပါလ္ႏို္င္ငံမွာ ၂၀၀၀ ခုႏွစ္ေနာက္ပိုင္း ေလယာဥ္နဲ႔ ရဟတ္ယာဥ္ပ်က္က်မႈေတြေၾကာင့္ လူ ၃၅၀ နီးပါးေသဆုံးခဲ့ရၿပီးပါၿပီ။ ဧဝရတ္ေတာင္အပါအဝင္ ကမၻာမွာ နံပါတ္ ၁၄ ေျမာက္ အျမင့္ဆုံးေတာင္ရွိရာ နီေပါလ္ႏိုင္ငံမွာ ရုတ္တရက္ ရာသီဥတုေျပာင္းလဲေလ့ရွိတာေၾကာင့္ အႏၱရာယ္ရွိတဲ့အေျခအေနေတြေျပာင္းလဲသြားတတ္တာျဖစ္ပါတယ္။

============

[[Unicode]]

၁၆ နှစ်အကြာ ခင်ပွန်းသည်လို လေယာဉ်ပျက်ကျ သေဆုံးရတဲ့ နီပေါအမျိုးသမီးပိုင်းလော့

ဟိမဝန္တာတောင်တန်းတွေပေါ်က နိုင်ငံငယ်လေးတခုဖြစ်တဲ့ နီပေါလ်နိုင်ငံက လေယာဉ်မှူးဇနီးမောင်နှံနှစ်ယောက်ဟာ သီးခြား လေယာဉ်ပျက်ကျမှုတွေမှာ သေဆုံးခဲ့ကြပါတယ်။ ခင်ပွန်းဖြစ်သူ လေယာဉ်မှူးသေဆုံးပြီး ၁၆ နှစ်အကြာမှာ ဇနီးဖြစ်သူလည်း အလားတူဖြစ်ရပ်ဆိုးနဲ့ သေဆုံးခဲ့ရတာဖြစ်ပါတယ်။ ရိုက်တာသတင်းကိုအခြေခံပြီး နန်းလောင်ဝ်တင်ပြထားပါတယ်။

၂၀၁၀ ခုနှစ်က နီပေါလ် Yeti လေကြောင်းလိုင်းမှာ လာရောက်အမှုထမ်းခဲ့တဲ့ Anju Khatiwada ဟာ လေယာဉ်ပျက်ကျမှုတခုမှာ ခင်ပွန်းဖြစ်သူလေယာဉ်မှူးသေဆုံးခဲ့ပြီး ၄ နှစ်အကြာမှာပဲ ခင်ပွန်းဖြစ်သူရဲ့ခြေရာနင်းပြီး လေယာဉ်မှုးဖြစ်လာခဲ့သူဖြစ်ပါတယ်။ နီပေါလ်ပြည်တွင်းခရီးသည်တင်လေယာဉ်ငယ်တစင်း လေဆိပ်မှာမဆင်းခင် မိနစ်ပိုင်းအလိုမှာပျက်ကျခဲ့ရာက ၂၀၀၆ ခုနှစ်မှာပဲ ခင်ပွန်းဖြစ်သူ လေယာဉ်မှူး Dipak Pokhrel သေဆုံးခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့က Yeti လေကြောင်းလိုင်းက ခရီးသည်တင်လေယာဉ်ကို ပူးတွဲလေယာဉ်မှူးအဖြစ် အသက် ၄၄ နှစ်အရွယ် Khatiwads မောင်းနှင်လာခဲ့ပါတယ်။ မြို့တော် Khamandu ကနေ Pokhara မြို့ကို ပျံသန်းလာချိန် ပျက်ကျသွားခဲ့တဲ့လေယာဉ်ပေါ်မှာ ခရီးသည် ၆၈ ဦးနဲ့ လေယာဉ်အမှုထမ်း ၄ ဦးလိုက်ပါခဲ့ကြပြီး နှစ်ပေါင်း ၃၀ အတွင်း လူသေဆုံးမှုအများဆုံး ဖြစ်ရပ်ဆိုးလည်းဖြစ်ပါတယ်။ လူပေါင်း ၇၂ ဦးလိုက်ပါလာတဲ့လေယာဉ်ပျက်ကျမှုအတွင်း အသက်ရှင်ကျန်ရစ်သူတယောက်မှ မတွေ့သေးပါဘူး။

“၂၀၀၆ ခုနှစ်မှာ Yeti လေကြောင်းလိုင်းပိုင် Twin Otter လေယာဉ် Jumla မြို့မှာ ပျက်ကျသွားတုန်းက သူ့ရဲ့ ခင်ပွန်း Dipak Pokhrel ကွယ်လွန်ခဲ့ပါတယ်။ သူ့ခင်ပွန်းသေဆုံးသွားလို့ ရလာတဲ့ဲအသက်အာမခံငွေနဲ့ လေယာဉ်အမောင်းသင်တန်းတက်ပြီး သူလည်းလေယာဉ်မှူး ဖြစ်လာတာပါ။”

နာရီပေါင်း ၆,၄၀၀ ကျော်လေယာဉ်ပျံသန်းမှုအတွေ့အကြုံရှိတဲ့လေယာဉ်မှူးတဦးဖြစ်တဲ့ Khatiwada ဟာ ကမ္ဘာလှည့်ခရီးသည်တွေကြား ရေပန်းစားတဲ့ မြို့တော် Kathmandu ကနေ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ Pokhara ကို အရင်တုန်းကလည်း မောင်းနှင်ပျံသန်းခဲ့သူဖြစ်တယ်လို့ ပြောခွင့်ရသူ Bartaula ကပြောပါတယ်။

ပျံသန်းချိန်နာရီပေါင်း ၂၁,၉၀၀ ကျော်ရှိတဲ့ လေယာဉ်ကက်ပတိန် Kamal K.C ရဲ့အလောင်းကိုတော့ ရှာဖွေတွေ့ရှိပြီးပါပြီ။ တွဲဖက်လေယာဉ်မှူး Kathiwada ရဲ့ရုပ်အလောင်းကို အတည်မပြုရသေးပေမယ့် သေဆုံးသွားပြီလို့ ယူဆရကြောင်းလည်း ပြောခွင့်ရသူ ကဆိုပါတယ်။ Kathiwada ကိုပုဂ္ဂိုလ်ရေးအရ သိကျွမ်းတဲ့ လေကြောင်းလိုင်းအရာရှိတဦးကလည်း ခုလိုပြောပါတယ်။

“တနင်္ဂနွေနေ့တုန်းက တွဲဖက်လေယာဉ်မှူးအဖြစ် သူပါသွားခဲ့တာပါ။ ဒါက လေကြောင်းလိုင်းရဲ့ ပုံမှန်လုပ်ငန်းစဉ်လည်းဖြစ်ပါတယ်။ ဘာတာဝန်ပဲလာလာ သူကအဆင်သင့်ဖြစ်နေပြီး Pokhara ကိုလည်း မောင်းနှင်ပျံသန်းဖူးပါတယ်။”

လေကြောင်းလိုင်းအတွက် တရားဝင်ပြောဆိုခွင့်မရှိတဲ့အတွက် အဲဒီအရာရှိက သူ့နာမည်ကိုတော့ မပြောပါဘူး။ Kathiwada ရဲ့ မိသားစုကို ရိုက်တာသတင်းဌာနက ချက်ချင်း ဆက်သွယ်လို့မရသေးပါဘူး။ ATR-72 အင်ဂျင်နှစ်လုံးတပ် လေယာဉ်ဟာ Pokhara လေဆိပ်ရောက်ခါနီးမှာ တိမ်းစောင်းကျလာပြီး သျှိုတခုထဲကို ပျက်ကျ မီးလောင်သွားခဲ့တာလို့ မျက်မြင်တွေ့သူတွေနဲ့ လူမှုကွန်ယက်ပေါ်မှာတင်ထားတဲ့ ဗွီဒီယိုပုံရိပ်တွေမှာတွေ့ရပါတယ်။

တနင်္လာနေ့က ပြန်ရှာဖွေတွေ့ရှိထားတဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်စက် black box နဲ့ လေယာဉ်မှူးအခန်းထဲက အသံမှတ်တမ်းတွေအရ ရာသီဥတုကြည်ကြည်လင်လင်ရှိနေချိန် လေယာဉ်ပျက်ကျရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးသူတွေ ဆုံးဖြတ်နိုင်မယ်လို့ခန့်မှန်းရပါတယ်။

နီပေါလ်နိုင်ငံမှာ ၂၀၀၀ ခုနှစ်နောက်ပိုင်း လေယာဉ်နဲ့ ရဟတ်ယာဉ်ပျက်ကျမှုတွေကြောင့် လူ ၃၅၀ နီးပါးသေဆုံးခဲ့ရပြီးပါပြီ။ ဧဝရတ်တောင်အပါအဝင် ကမ္ဘာမှာ နံပါတ် ၁၄ မြောက် အမြင့်ဆုံးတောင်ရှိရာ နီပေါလ်နိုင်ငံမှာ ရုတ်တရက် ရာသီဥတုပြောင်းလဲလေ့ရှိတာကြောင့် အန္တရာယ်ရှိတဲ့အခြေအနေတွေပြောင်းလဲသွားတတ်တာဖြစ်ပါတယ်။

XS
SM
MD
LG