သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ်ဟောင်းယင်လတ် ဗဟိုတရားရုံးအမိန့်မချခင် ဒူဘိုင်းကိုထွက်ပြေး


ထိုင်းဝန်ကြီးချုပ်ဟောင်းယင်လတ် (ဇန်နဝါရီ ၂၀၁၅)
ထိုင်းဝန်ကြီးချုပ်ဟောင်းယင်လတ် (ဇန်နဝါရီ ၂၀၁၅)

ထိုင်းဝန်ကြီးချုပ်ဟောင်း Yingluck Shinawatra အပေါ် ပေါ့ဆမှုနဲ့ တရားစွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီး တရားရုံးချိန်း ပျက်ကွက်မှုအပေါ် ဗဟိုတရားရုံးက အမိန့်မချခင်မှာပဲ သူမဟာ ဒူဘိုင်းမြို့ကို ထွက်ပြေးသွားပါတယ်။ လက်ရှိ ဘယ်မှာရှိနေလဲဆိုတာကို တရားဝင် မသိရသေးပေမယ့် သူမက ကုန်းလမ်းနဲ့ ကမ္ဘောဒီးယားနိုင်ငံကိုသွားပြီး အဲဒီကမှ တစ်ဆင့် ဒူဘိုင်းကို သူ့အစ်ကိုဖြစ်သူ Thaksin Shinawatra နဲ့ ပျံသန်းသွားကြောင်း သူမရဲ့ Pheu Thai ပါတီဝင်တွေကို သတင်းမီဒီယာတွေက ပြောပါတယ်။ Thaksin Shinawatra ဟာလည်း စစ်အာဏာသိမ်းစဉ်က ရာထူးကျပြီး ပြည်နှင်ဒဏ်ပေးခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်းတစ်ယောက်ပါ။ ဆန်စပါးစိုက်ပျိုးဖို့အတွက် အမတော်ကြေးတွေထုတ်ချေးခဲ့တာနဲ့ ဆက်စပ်ပြီး Yingluck ကို တရားစွဲဆိုထားပေမယ့် သူကတော့ အပြစ်မရှိကြောင်း ငြင်းဆိုထားပါတယ်။ သူ့အပေါ် ပေါ့ဆမှုနဲ့ တရားစွဲထားတဲ့အမှု အမိန့်ချမှာကို တရားရုံးကို လာရောက်ဖို့ ပျက်ကွက်ခဲ့တဲ့နောက် သူ့ကို ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။ သူ့ရဲ့ ရှေ့နေကတော့ Yingluck ဟာ အတော်နာမကျန်းဖြစ်နေလို့လို့ပြောပါတယ်။ လာမယ့် စက်တင်ဘာ ၂၇ ရက်နေ့မှာ အမိန့်ချဖို့ ရုံးချိန်း ပေးလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG