သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယင္းမာပင္အနီးစစ္ဆင္ေရးေၾကာင့္ ေဒသခံ ၁၉,၀၀၀ ဝန္းက်င္ ထြက္ေျပးတိမ္းေရွာင္ရ


ယင္းမာပင္ၿမိဳ႕နယ္က စစ္ေဘး တိမ္းေရွာင္ရြာသားမ်ား

[[Zawgyi/Unicode]]

ဒီဇင္ဘာ ၁၃ ရက္ေန႔ မနက္အေစာပိုင္းက စစ္ကိုင္းတိုင္း ယင္းမာပင္ၿမိဳ႕နယ္ ငေမာင္းေက်း႐ြာအနီးမွာ စစ္ေၾကာင္းထိုးလာတဲ့ စစ္ေကာင္စီတပ္နဲ႔ ေဒသခံျပည္သူ႔ ကာကြယ္ေရးတပ္ေတြအၾကား အျပန္အလွန္ပစ္ခတ္မႈျဖစ္ခဲ့ပါတယ္။ ေဒသတြင္း စစ္ေကာင္စီတပ္ေတြရဲ႕ ထိုးစစ္ဆင္မႈေၾကာင့္ ခန႔္မွန္းေျခ ေဒသခံ ၁၉,၀၀၀ ဝန္းက်င္ေလာက္ အိုးအိမ္စြန႔္ခြာတိမ္းေရွာင္ၾကရတယ္လို႔လည္း ေဒသခံေတြကေျပာပါတယ္။ ယင္းမာပင္ေဒသတြင္း စစ္သတင္းနဲ႔ ဒုကၡသည္ေတြရဲ႕အေျခအေန ရန္ကုန္ က သတင္းေပးပို႔ခ်က္ကို မခင္ျဖဴေထြးက တင္ျပေပးထားပါတယ္။

ဒီဇင္ဘာ ၁၃ ရက္ မနက္အေစာပိုင္း စစ္ကိုင္းတိုင္း ယင္းမာပင္ၿမိဳ႕နယ္ေတာင္ပိုင္း ငေမာင္းေက်း႐ြာနားမွာ သံခ်ပ္ကာကားနဲ႔ စစ္ေၾကာင္းထိုးလာတဲ့ စစ္ေကာင္စီတပ္ေတြ မိုင္းဆြဲတိုက္ခိုက္ခံရၿပီးတဲ့ေနာက္ အဲဒီေနရာမွာပဲျပည္သူ႔ကာကြယ္ေရးတပ္ေတြနဲ႔ အျပန္အလွန္ပစ္ခတ္မႈျဖစ္ခဲ့တာပါ။ ထိခိုက္ဒဏ္ရာရမႈတခ်ိဳ႕ရွိတယ္လို႔ ယင္းမာပင္ PDF တာဝန္ရွိသူတဦးက ေျပာပါတယ္။

“ခုန က်ေနာ္ေျပာတဲ့ သံခ်ပ္ကာကားေတြရယ္၊ သူတို႔စီးတဲ့ ကားေတြရယ္၊ ယင္းမာပင္ရဲ႕ ေတာင္ဘက္ေပါ့။ ငေမာင္း႐ြာနားမွာ က်ေနာ္တို႔ မိုင္းဆြဲတိုက္ခိုက္ခဲ့တယ္ေပ့ါေနာ္။ မိုင္းနဲ႔တိုက္ခိုက္တဲ့ အခါမွာ သူတို႔ဒီစီးလာတဲ့ ယာတန္းေပါ့ေနာ္။ တခ်ိဳ႕ထိခိုက္ ပ်က္စီးတာရွိတယ္။ ေနာက္တခု အဲ့ယာဥ္ေပၚမွာပါလာတဲ့ အၾကမ္းဖက္စစ္ေကာင္စီတပ္သားေတြေပါ့ေနာ္၊ ထိခိုက္ဒဏ္ရာ က်ဆုံးတာေတြရွိပါတယ္။ အဲ့မွာ သူက ႏွစ္ခုေပါ့ေနာ္၊ အဲ့ဒီကားလမ္းေပၚမွာ မိုင္းတိုက္ခိုက္ခဲ့တဲ့အျပင္ အၾကမ္း ဖက္စစ္ေကာင္စီျဖန႔္က်က္ၿပီးေတာ့ တက္လာတာေပ့ါဗ်ာ။ လယ္ကြင္းေတြနဲ႔ ယာခင္းေတြနဲ႔တက္လာတယ္။ လယ္ကြင္းေတြ ယာခင္းေတြထဲမွာလည္း က်ေနာ္တို႔ မိုင္းေတြရွိတယ္။ အဲ့မိုင္းေတြနဲ႔လည္း က်ေနာ္တို႔ တိုက္ခိုက္ႏိုင္ခဲ့တယ္ေပါ့ေနာ္။ တိုက္ခိုက္ၿပီး ေနာက္ပိုင္း တခ်ိန္တည္းမွာပဲ တၿပိဳင္တည္းမွာပဲ အဲ့ငေမာင္းလမ္းခြဲမွာ ထိေတြ႕တိုက္ပြဲ အနည္းငယ္ရွိခဲ့တယ္။”

ဒါနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္ကေတာ့ တစုံတရာ ထုတ္ျပန္တာမ်ိဳး မေတြ႕ ရ ေသးပါဘူး။ ေဒသတြင္းမွာေတာ့ စစ္ေကာင္စီေတြ စစ္ဆင္သြားလာလႈပ္ရွားမႈေတြရွိေနၿပီး ေက်း႐ြာေတြကိုလည္း ဝင္ေရာက္ေမႊေႏွာက္ရွာေဖြတာေတြေၾကာင့္လည္း ေက်း႐ြာသားေတြ အိုးအိမ္စြန႔္တိမ္းေရွာင္ၾကရတယ္လို႔ စစ္ေဘးဒုကၡသည္တဦးကေျပာပါတယ္။

“ကားေတြလည္း အဲ့လိုသြားလာလႈပ္ရွားတယ္။ အမ်ားစုကေတာ့ ေျခလ်င္ေတြ သြားလာလႈပ္ရွားတဲ့အခါက်လို႔ရွိရင္ ပိုၿပီးေတာ့ အႏၲရာယ္မ်ားလို႔ ဒီဘက္မွ မျပန္နဲ႔ေပါ့ေနာ္၊ ဒီဘက္မွာပဲ ေရွာင္ေနတာ။ အခက္အခဲကေတာ့ အမ်ားႀကီးရွိတယ္။ ဒီမွာ ဟိုဟာေပ့ါေနာ္။ အဆင္ေျပေအာင္ အိပ္ရတယ္။ အဆင္ေျပေအာင္ စားရတယ္။ ကေလးေလးလည္းပါတဲ့အတြက္ေၾကာင့္ ကေလးေလးေတြအတြက္လည္း ဒုကၡေရာက္တယ္။ လူႀကီးေတြအတြက္လည္း ဒုကၡေရာက္တယ္ေပါ့။”

ငေမာင္းေက်း႐ြာ၊ လည္ေငါက္ေက်း႐ြာ၊ လက္ေတာင္းေက်း႐ြာ၊ သရက္ကန္ေက်း႐ြာနဲ႔ မန္က်ည္ကန္ေက်း႐ြာေတြက ေက်း႐ြာသားေတြ ေဘးလြတ္ရာကို ထြက္ေျပးေနၾကရတယ္လို႔သိရပါတယ္။ ယင္းမာပင္နယ္တဝိုက္ စစ္ေကာင္စီရဲ႕ အခုလို ထိုးစစ္ဆင္မႈ မ်ားလာတာေၾကာင့္ ေဒသခံ ၁၉,၀၀၀ ဝန္းက်င္ အိုးအိမ္စြန႔္ခြာ ေဘးလြတ္ရာကို တိမ္းေရွာင္ေနၾကတာလို႔ စစ္ေရွာင္အကူအညီေပးသူတဦးက ဆိုပါတယ္။

“က်ေနာ္တို႔ ယင္းမာပင္မွာက ထိုးစစ္ေတြ ဆင္လာတာက မ်ားလာၿပီ။ ထိုးစစ္ေတြ ဆင္လာတာမ်ားလာတာက်ေတာ့ ဒီ႐ြာေတြ ေတာ္ေတာ္မ်ားမ်ားေျပးလာၿပီ။ ဒီေန႔ဆိုရင္ ယင္းမာပင္ရဲ႕ ေတာင္ဘက္မွာ စလာၿပီဆိုေတာ့ ယင္းမာပင္ေတာင္ဘက္ က လည္ေငါက္ေတြ ေျပးေနရၿပီဗ်။ လည္ေငါက္တို႔၊ ငေမာင္းတို႔ေျပးရၿပီ။ ဟိုဘက္ ၄၊ ၅ ႐ြာေလာက္ အခုစေျပးေနရၿပီ။ လက္ေတာင္းေတြရွိမယ္၊ သရက္ကန္ေတြ ရွိမယ္ဗ်ဟုတ္။ အားလုံးေပါင္းဆိုရင္ေတာ့ ဒီယင္းမာပင္ၿမိဳ႕နယ္ထဲေပါ့ေနာ္ တေသာင္း ကိုးေထာင္ရွိမယ္ေပါ့။ ဟုတ္ တေသာင္းနဲ႔ ကိုးေထာင္ၾကားမွာ ရွိမယ္ဟုတ္။”

စစ္တပ္ေတြ ႐ြာထဲဝင္လာရင္ ေဒသခံေတြ ေဘးလြတ္ရာကို ထြက္ေျပးလိုက္၊ စစ္တပ္ေတြ ႐ြာကေနျပန္ဆုတ္ခြာသြားခ်ိန္ ေဒသခံေတြ ျပန္လာလိုက္နဲ႔ အႀကိမ္ႀကိမ္ စစ္ေဘးေရွာင္ေနၾကရတာလို႔လည္း ေျပာပါတယ္။

စစ္ေဘးဒုကၡသည္ေတြ လက္ခံေကြၽးေမြးေစာင့္ေရွာက္ထားတဲ့ အုန္းေတာေက်း ႐ြာ ေက်ာင္းထိုင္ဆရာေတာ္တပါးကေတာ့ ၿပီးခဲ့တဲ့ ရက္ေတြမွာ စစ္ေဘးေရွာင္ေတြ အမ်ားအျပား ေရာက္လာၾကၿပီး ေရရွည္မွာ စားနပ္ရိကၡာျပတ္လတ္မႈနဲ႔ ႀကဳံလာႏိုင္တယ္လို႔မိန႔္ၾကားပါတယ္။

“၅ ရက္တာ ကာလအတြင္းမွာ သူတို႔မွာ ပါလာတဲ့ စားနပ္ရိကၡာေတြနဲ႔ အခု ဦးဇင္းတို႔ ဒီေက်း႐ြာကေနၿပီးမွ ဝိုင္းဝန္းၿပီးေတာ့ စစ္ေဘးေရွာင္ေတြကို ေကြၽးေမြးျပဳစု ေစာင့္ေရွာက္တယ္။ ထို႔အတူပဲ ယင္းမာပင္ၿမိဳ႕နယ္ရဲ႕ေျမာက္ျခမ္းမွာ ရွိတဲ့ ႐ြာေတြက လာေရာက္ၿပီးေတာ့ သူတို႔ရဲ႕ ေတာသူေတာင္သားေတြျဖစ္တဲ့ သူတို႔ရဲ႕ လယ္ ယာေျမထြက္ ေပါက္ပဲ သီးႏွံေတြ လာေရာက္ပို႔ေဆာင္ၿပီးေတာ့ အကူအညီေတြေပးတယ္။ သို႔ေသာ္လည္း ေရရွည္မွာက်ရင္ နည္းနည္းေလး စစ္ေဘးေရွာင္ေတြအတြက္ စားနပ္ရိကၡာလုံေလာက္မႈေတြ နည္းနည္း နည္းလာလိမ္မယ္လို႔ ဦးဇင္းတို႔ ကေတာ့ တြက္ဆၾကည့္တာေပ့ါ။”

အုန္းေတာေက်း႐ြာမွာက စစ္ေဘးေရွာင္ဦးေရ ၁,၀၀၀ ေလာက္ ရွိၿပီး အဲ့ဒီထဲမွာ ေနမေကာင္း ဖ်ားနာသူေတြ ၁၃ ဦးေလာက္ရွိပါတယ္။ စစ္ေဘးဒုကၡသည္ေတြ တေန႔တျခား ပိုမိုမ်ားလာၿပီး ေနထိုင္ေရးအျပင္ အစားအေသာက္နဲ႔ က်န္းမာေရး ေစာင့္ေရွာက္မႈေတြမွာပါ အခက္အခဲရွိေနပါတယ္။ လက္ရွိမွာ စားသုံးဆီနဲ႔ ဓာတ္ဆီေတြ ျပတ္လတ္ေနၿပီး စားနပ္ရိကၡာလည္း အေတာ္ေလး အခက္အခဲျဖစ္ေနတယ္လို႔ အဲ့ဒီ႐ြာမွာ စစ္ေရွာင္အကူအညီေပးသူတဦးက ေျပာပါတယ္။

“႐ြာထဲေရာ ေက်ာင္းႀကီးဘုန္းေတြေရာ စာသင္ေက်ာင္းေတြေရာ အကုန္လုံး အျပည့္ပါပဲ မဆံ့ပါဘူး။ ဒီမွာေတာင္ ေတာင္ဘက္႐ြာမွာေရာ ထားရတယ္။ အစားအေသာက္ေရးက ေရရွည္ဆိုေတာ့ အဆင္မေျပႏိုင္ဘူးဗ်။ အခု ဆီျပတ္တဲ့ အခက္အခဲေတြ ႀကဳံရတယ္ဗ်။ စားနပ္ရိကၡာကေတာ့ ခက္ခဲပါတယ္။ ေတာ္ေတာ္ေလး ခက္ခဲပါတယ္။”

ယင္းမာပင္နယ္မွာ စစ္ေဘးဒုကၡသည္ေတြအတြက္ အလႉရွင္ေတြ မရွိေလာက္ နည္းပါးေနၿပီး အစားအေသာက္အဝတ္အထည္ေတြအျပင္ ေဆးဝါးအကူအညီေတြလည္း လိုအပ္ေနတယ္လို႔ အကူအညီေပးေနသူေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

ယင်းမာပင်အနီးစစ်ဆင်ရေးကြောင့် ဒေသခံ ၁၉,၀၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်ရ

ဒီဇင်ဘာ ၁၃ ရက်နေ့ မနက်အစောပိုင်းက စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ငမောင်းကျေးရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်တွေအကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။ ဒေသတွင်း စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင်မှုကြောင့် ခန့်မှန်းခြေ ဒေသခံ ၁၉,၀၀၀ ဝန်းကျင်လောက် အိုးအိမ်စွန့်ခွာတိမ်းရှောင်ကြရတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ ယင်းမာပင်ဒေသတွင်း စစ်သတင်းနဲ့ ဒုက္ခသည်တွေရဲ့အခြေအနေ ရန်ကုန် က သတင်းပေးပို့ချက်ကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ဒီဇင်ဘာ ၁၃ ရက် မနက်အစောပိုင်း စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တောင်ပိုင်း ငမောင်းကျေးရွာနားမှာ သံချပ်ကာကားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက် အဲဒီနေရာမှာပဲပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တာပါ။ ထိခိုက်ဒဏ်ရာရမှုတချို့ရှိတယ်လို့ ယင်းမာပင် PDF တာဝန်ရှိသူတဦးက ပြောပါတယ်။

“ခုန ကျနော်ပြောတဲ့ သံချပ်ကာကားတွေရယ်၊ သူတို့စီးတဲ့ ကားတွေရယ်၊ ယင်းမာပင်ရဲ့ တောင်ဘက်ပေါ့။ ငမောင်းရွာနားမှာ ကျနော်တို့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်ပေ့ါနော်။ မိုင်းနဲ့တိုက်ခိုက်တဲ့ အခါမှာ သူတို့ဒီစီးလာတဲ့ ယာတန်းပေါ့နော်။ တချို့ထိခိုက် ပျက်စီးတာရှိတယ်။ နောက်တခု အဲ့ယာဉ်ပေါ်မှာပါလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေပေါ့နော်၊ ထိခိုက်ဒဏ်ရာ ကျဆုံးတာတွေရှိပါတယ်။ အဲ့မှာ သူက နှစ်ခုပေါ့နော်၊ အဲ့ဒီကားလမ်းပေါ်မှာ မိုင်းတိုက်ခိုက်ခဲ့တဲ့အပြင် အကြမ်း ဖက်စစ်ကောင်စီဖြန့်ကျက်ပြီးတော့ တက်လာတာပေ့ါဗျာ။ လယ်ကွင်းတွေနဲ့ ယာခင်းတွေနဲ့တက်လာတယ်။ လယ်ကွင်းတွေ ယာခင်းတွေထဲမှာလည်း ကျနော်တို့ မိုင်းတွေရှိတယ်။ အဲ့မိုင်းတွေနဲ့လည်း ကျနော်တို့ တိုက်ခိုက်နိုင်ခဲ့တယ်ပေါ့နော်။ တိုက်ခိုက်ပြီး နောက်ပိုင်း တချိန်တည်းမှာပဲ တပြိုင်တည်းမှာပဲ အဲ့ငမောင်းလမ်းခွဲမှာ ထိတွေ့တိုက်ပွဲ အနည်းငယ်ရှိခဲ့တယ်။”

ဒါနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်တာမျိုး မတွေ့ ရ သေးပါဘူး။ ဒေသတွင်းမှာတော့ စစ်ကောင်စီတွေ စစ်ဆင်သွားလာလှုပ်ရှားမှုတွေရှိနေပြီး ကျေးရွာတွေကိုလည်း ဝင်ရောက်မွှေနှောက်ရှာဖွေတာတွေကြောင့်လည်း ကျေးရွာသားတွေ အိုးအိမ်စွန့်တိမ်းရှောင်ကြရတယ်လို့ စစ်ဘေးဒုက္ခသည်တဦးကပြောပါတယ်။

“ကားတွေလည်း အဲ့လိုသွားလာလှုပ်ရှားတယ်။ အများစုကတော့ ခြေလျင်တွေ သွားလာလှုပ်ရှားတဲ့အခါကျလို့ရှိရင် ပိုပြီးတော့ အန္တရာယ်များလို့ ဒီဘက်မှ မပြန်နဲ့ပေါ့နော်၊ ဒီဘက်မှာပဲ ရှောင်နေတာ။ အခက်အခဲကတော့ အများကြီးရှိတယ်။ ဒီမှာ ဟိုဟာပေ့ါနော်။ အဆင်ပြေအောင် အိပ်ရတယ်။ အဆင်ပြေအောင် စားရတယ်။ ကလေးလေးလည်းပါတဲ့အတွက်ကြောင့် ကလေးလေးတွေအတွက်လည်း ဒုက္ခရောက်တယ်။ လူကြီးတွေအတွက်လည်း ဒုက္ခရောက်တယ်ပေါ့။”

ငမောင်းကျေးရွာ၊ လည်ငေါက်ကျေးရွာ၊ လက်တောင်းကျေးရွာ၊ သရက်ကန်ကျေးရွာနဲ့ မန်ကျည်ကန်ကျေးရွာတွေက ကျေးရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့သိရပါတယ်။ ယင်းမာပင်နယ်တဝိုက် စစ်ကောင်စီရဲ့ အခုလို ထိုးစစ်ဆင်မှု များလာတာကြောင့် ဒေသခံ ၁၉,၀၀၀ ဝန်းကျင် အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြတာလို့ စစ်ရှောင်အကူအညီပေးသူတဦးက ဆိုပါတယ်။

“ကျနော်တို့ ယင်းမာပင်မှာက ထိုးစစ်တွေ ဆင်လာတာက များလာပြီ။ ထိုးစစ်တွေ ဆင်လာတာများလာတာကျတော့ ဒီရွာတွေ တော်တော်များများပြေးလာပြီ။ ဒီနေ့ဆိုရင် ယင်းမာပင်ရဲ့ တောင်ဘက်မှာ စလာပြီဆိုတော့ ယင်းမာပင်တောင်ဘက် က လည်ငေါက်တွေ ပြေးနေရပြီဗျ။ လည်ငေါက်တို့၊ ငမောင်းတို့ပြေးရပြီ။ ဟိုဘက် ၄၊ ၅ ရွာလောက် အခုစပြေးနေရပြီ။ လက်တောင်းတွေရှိမယ်၊ သရက်ကန်တွေ ရှိမယ်ဗျဟုတ်။ အားလုံးပေါင်းဆိုရင်တော့ ဒီယင်းမာပင်မြို့နယ်ထဲပေါ့နော် တသောင်း ကိုးထောင်ရှိမယ်ပေါ့။ ဟုတ် တသောင်းနဲ့ ကိုးထောင်ကြားမှာ ရှိမယ်ဟုတ်။”

စစ်တပ်တွေ ရွာထဲဝင်လာရင် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးလိုက်၊ စစ်တပ်တွေ ရွာကနေပြန်ဆုတ်ခွာသွားချိန် ဒေသခံတွေ ပြန်လာလိုက်နဲ့ အကြိမ်ကြိမ် စစ်ဘေးရှောင်နေကြရတာလို့လည်း ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေ လက်ခံကျွေးမွေးစောင့်ရှောက်ထားတဲ့ အုန်းတောကျေး ရွာ ကျောင်းထိုင်ဆရာတော်တပါးကတော့ ပြီးခဲ့တဲ့ ရက်တွေမှာ စစ်ဘေးရှောင်တွေ အများအပြား ရောက်လာကြပြီး ရေရှည်မှာ စားနပ်ရိက္ခာပြတ်လတ်မှုနဲ့ ကြုံလာနိုင်တယ်လို့မိန့်ကြားပါတယ်။

“၅ ရက်တာ ကာလအတွင်းမှာ သူတို့မှာ ပါလာတဲ့ စားနပ်ရိက္ခာတွေနဲ့ အခု ဦးဇင်းတို့ ဒီကျေးရွာကနေပြီးမှ ဝိုင်းဝန်းပြီးတော့ စစ်ဘေးရှောင်တွေကို ကျွေးမွေးပြုစု စောင့်ရှောက်တယ်။ ထို့အတူပဲ ယင်းမာပင်မြို့နယ်ရဲ့မြောက်ခြမ်းမှာ ရှိတဲ့ ရွာတွေက လာရောက်ပြီးတော့ သူတို့ရဲ့ တောသူတောင်သားတွေဖြစ်တဲ့ သူတို့ရဲ့ လယ် ယာမြေထွက် ပေါက်ပဲ သီးနှံတွေ လာရောက်ပို့ဆောင်ပြီးတော့ အကူအညီတွေပေးတယ်။ သို့သော်လည်း ရေရှည်မှာကျရင် နည်းနည်းလေး စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာလုံလောက်မှုတွေ နည်းနည်း နည်းလာလိမ်မယ်လို့ ဦးဇင်းတို့ ကတော့ တွက်ဆကြည့်တာပေ့ါ။”

အုန်းတောကျေးရွာမှာက စစ်ဘေးရှောင်ဦးရေ ၁,၀၀၀ လောက် ရှိပြီး အဲ့ဒီထဲမှာ နေမကောင်း ဖျားနာသူတွေ ၁၃ ဦးလောက်ရှိပါတယ်။ စစ်ဘေးဒုက္ခသည်တွေ တနေ့တခြား ပိုမိုများလာပြီး နေထိုင်ရေးအပြင် အစားအသောက်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေမှာပါ အခက်အခဲရှိနေပါတယ်။ လက်ရှိမှာ စားသုံးဆီနဲ့ ဓာတ်ဆီတွေ ပြတ်လတ်နေပြီး စားနပ်ရိက္ခာလည်း အတော်လေး အခက်အခဲဖြစ်နေတယ်လို့ အဲ့ဒီရွာမှာ စစ်ရှောင်အကူအညီပေးသူတဦးက ပြောပါတယ်။

“ရွာထဲရော ကျောင်းကြီးဘုန်းတွေရော စာသင်ကျောင်းတွေရော အကုန်လုံး အပြည့်ပါပဲ မဆံ့ပါဘူး။ ဒီမှာတောင် တောင်ဘက်ရွာမှာရော ထားရတယ်။ အစားအသောက်ရေးက ရေရှည်ဆိုတော့ အဆင်မပြေနိုင်ဘူးဗျ။ အခု ဆီပြတ်တဲ့ အခက်အခဲတွေ ကြုံရတယ်ဗျ။ စားနပ်ရိက္ခာကတော့ ခက်ခဲပါတယ်။ တော်တော်လေး ခက်ခဲပါတယ်။”

ယင်းမာပင်နယ်မှာ စစ်ဘေးဒုက္ခသည်တွေအတွက် အလှူရှင်တွေ မရှိလောက် နည်းပါးနေပြီး အစားအသောက်အဝတ်အထည်တွေအပြင် ဆေးဝါးအကူအညီတွေလည်း လိုအပ်နေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

#MyanmarViolence #MyanmarMilitaryCoup #VOABurmese

#ယင်းမာပင်#စစ်ပြေးဒုက္ခသည် #အုန်းတောကျေးရွာ #စစ်ကောင်စီ #ဒေသခံPDF

===========

XS
SM
MD
LG