သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ကိုင္းတိုင္းယင္းမာပင္ၿမိဳ႕နယ္ နယ္ေျမရွင္းလင္းေရးနဲ႔ တိုက္ပြဲေတြေၾကာင့္ ေဒသခံေတြတိမ္းေရွာင္ 


စစ္ကိုင္းတုိင္း၊ ယင္းမာပင္ၿမိဳ႕နယ္အတြင္း စစ္ေရးပဋိပကၡျမင္ကြင္း။ (ယခင္ပံုေဟာင္း)

{{Zawgyi/Unicode}}


စစ္ေကာင္စီတပ္နဲ႔ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြ အျပန္အလွန္ပစ္ခတ္တြေနတဲ့ စစ္ကိုင္းတိုင္း ယင္းမာပင္ၿမိဳ႕နယ္ ေက်း႐ြာေတြဘက္မွာ ဒီေန႔ ႏိုဝင္ဘာ ၁၉ ရက္ေန႔မွာ စစ္တပ္ေတြ တပ္ျဖန႔္ၿပီး နယ္ေျမရွင္းလင္းေရးလုပ္တာေၾကာင့္ ေက်း႐ြာ ၃ ႐ြာထက္မနည္း အိုးအိမ္စြန႔္ခြာ ေဘးလြတ္ရာကို ထြက္ေျပးေနၾကရပါတယ္။ ဒီေန႔ မနက္ ၁၀ နာရီေလာက္ကလည္းေကာင္းဆင့္ေက်း႐ြာအနီးမွာ စစ္ေကာင္စီနဲ႔ ေဒသခံ PDF ပူးေပါင္းအဖြဲ႔တို႔ တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကို နန္းေလာင္ဝ္က တင္ျပေပးထားပါတယ္။

စစ္ကိုင္းတိုင္း ယင္းမာပင္ၿမိဳ႕နယ္ထဲက ေက်း႐ြာေတြကို စစ္ေကာင္စီတပ္ေတြက ၿပီးခဲ့တဲ့ ေအာက္တိုဘာလထဲက နယ္ေျမရွင္းလင္းေရးေတြ လုပ္ေနတာမွာ ဒီေန႔ ႏိုဝင္ဘာ ၁၉ ရက္ ဒီေန႔ မနက္အေစာပိုင္းေလာက္မွာ စစ္တပ္ကတပ္ျဖန႔္ၿပီး တခ်ိဳ႕ ႐ြာေတြထဲ ဝင္ေရာက္ ရွာေဖြမႈေနပါတယ္။ ဒါေၾကာင့္ ယင္းမာပင္နယ္ အေရွ႕ျခမ္းက ႐ြာသာေက်း႐ြာ၊ ေႏွာ႐ိုးေက်း႐ြာနဲ႔ ေကာင္းဆင့္ေက်း႐ြာ၊ စတဲ့ ၃ ႐ြာထက္မနည္းက ႐ြာသားေတြအိုးအိမ္စြန္ခြာ ေဘးလြတ္ရာကို ထြက္ေျပးေနၾကရတယ္လို႔ ႐ြာသာေက်း႐ြာခံတဦးက အခုလို ေျပာပါတယ္။

“ဒီေန႔ မနက္မွာ သူတို႔ကေနၿပီးေတာ့ ေျခလ်င္တပ္ဖြဲ႕နဲ႔ေပါ့ေနာ္၊ တပ္ျဖန႔္ၿပီးေတာ့ ရွင္းလင္းေရးလုပ္တဲ့ ပုံစံမ်ိဳး ျဖစ္လို႔ အခုညီမတို႔ဒီ႐ြာကလည္း မနက္ခင္းပိုင္းပါပဲ အကုန္လုံးေပါ့ေနာ္၊ေရွာင္တဲ့အေနအထားျဖစ္သြားတာရွင့္၊ ႐ြာသာပါမယ္၊ ေႏွာ႐ိုးပါမယ္၊ ေကာင္းဆင့္ပါမယ္၊ အဲ့ဒီသုံး႐ြာကေတာ့ ေရွာင္ၾကတယ္ရွင့္၊ အရင္တေခါက္ကလည္း က်မတို႔နားမွာ ေသနတ္ေဖာက္ေတာ့ေလ- ညီမတို႔ဘက္က ေရွာင္ၾကတာေပါ့ေနာ္၊ ဒါေပမယ့္ ဒီတေခါက္ကေတာ့ ထိပ္တိုက္လိုမ်ိဳးျဖစ္သြားတာေပါ့။ ကိုယ့္႐ြာႀကီးကို ဦးတည္ၿပီးေတာ့ တိုက္႐ိုက္လာတယ္ဆိုေတာ့ ဒီတေခါက္ကေတာ့ ႐ြာကလူေတြ ေတာ္ေတာ္မ်ားမ်ား အကုန္လုံးနီးပါး ေရွာင္ၾကတဲ့ အေနအထားျဖစ္သြားတယ္။”

စစ္ကိုင္းတိုင္း ယင္းမာပင္ၿမိဳ႕နယ္ထဲမွာ စစ္တပ္နဲ႔ ေဒသခံျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြ အျပန္အလွန္ ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီးကတည္းက အခုလို စစ္တပ္က နယ္ေျမရွင္းလင္းေနတာျဖစ္ပါတယ္။ ေႏွာ႐ိုးေက်း႐ြာဆိုရင္ စစ္တပ္ ဝင္ေရာက္ ရွာေဖြ ရွင္းလင္းလို႔ ထြက္ေျပးေနရတာ ဒါနဲ႔ဆိုရင္ ႏွစ္ႀကိမ္ရွိၿပီလို႔ ေႏွာ႐ိုးေက်း႐ြာခံ တဦးက ေျပာပါတယ္။အသက္ႀကီးပိုင္း အဖိုးအဖြားေတြ ကေလးသူငယ္ေတြ နာမက်န္း ဖ်ားနာသူေတြ အရမ္းဒုကၡ ေရာက္ၾကတယ္လို႔ အခုလို ေျပာပါတယ္။

“က်ေနာ္တို႔႐ြာဆိုရင္ေတာ့ ႏွစ္ႀကိမ္ရွိၿပီေပါ့ ေျပးရတာ။ တကယ္လည္း ဝင္ေမႊတယ္၊ လက္ရွိ ဒီေန႔ဝင္ေမႊသြားတယ္ဆိုရင္ေတာ့ ေနအိမ္တခ်ိဳ႕မွာရွိတဲ့ ဥပမာ ေရခဲေသတၱာေသာ္လည္ေကာင္း၊ TV တို႔ အဲ့ဒါေတြ ေနာက္ၿပီး ဆိုင္ကယ္ေတြဘာေတြေရာ အကုန္ယူသြားၾကတယ္ဗ်၊ သက္ႀကီး႐ြယ္အိုနဲ႔ ကေလးသူငယ္၊ နာမက်န္း ဖ်ားနာသူတခ်ိဳ႕ ဒါေတြက တကယ္လည္း ဒုကၡေရာက္ပါတယ္။ ဘယ္ေျပးလို႔ ေျပးရမယ္ဆိုတဲ့ ေနရာကလည္း တကယ့္ safe ျဖစ္မယ့္ေနရာဆိုတာလည္း ဘယ္ေနရာမွကို မရွိေတာ့ ဒါ အဆင္ေျပမယ့္ ေနရာေလးေတြပဲ ကိုယ့္ကိုယ္ပိုင္ အေတြးအေခၚေတြနဲ႔ပဲ လြတ္မယ္ထင္တဲ့ ေနရာေလးကို ကိုယ့္အထုပ္ကိုယ္ဆြဲၿပီး သြားရလာရတာေပါ့။”

ယင္းမာပင္နယ္ ေကာင္းဆင့္ေက်း႐ြာအနီးမွာလည္းစစ္တပ္ရဲ႕စစ္ထိုးဆင္မႈေၾကာင့္ ဒီေန႔ မနက္ ၁၀ နာရီေလာက္မွာ ေဒသခံ ျပည္သူ႔ကာကြယ္ေရးပူးေပါင္းအဖြဲ႕နဲ႔ စစ္ေကာင္စီတပ္ေတြၾကား တိုက္ပြဲျဖစ္ပြားေနတယ္လို႔ ယင္းမာပင္ PDF တာဝန္ရွိသူတစ္ဦးက VOA ကို ေျပာပါတယ္။

“က်ေနာ္တို႔ ၿပီးခဲ့တဲ့တေခါက္က ႏိုဝင္ဘာ ၉ ရက္က ျဖစ္ခဲ့တဲ့ ဖိုဝင္ေတာင္ေဒသမွာပဲ၊ သူတို႔ စစ္ေၾကာင္းထိုးလာတဲ့အတြက္ေၾကာင့္မို႔လို႔တိုက္ပြဲျဖစ္တာေပ့ါ အဓိကေတာ့။ လတ္တေလာအေနအထားမွာေတာ့ သူတို႔ကေနၿပီးေတာ့ လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ေပါ့ေနာ္၊ တရစပ္ ပစ္ခတ္ေနတဲ့ အေျခအေနပါ၊ လက္ရွိအေနအထားကေတာ့ စစ္ေရးအရ ေတာ္ေတာ္ကို တင္းမာေနတဲ့ အေျခအေနေပါ့ေနာ္၊
အဲ့ဒါက အခုခ်ိန္ထိေပ့ါ။”

ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၉ ရက္ေန႔ကလည္း ယင္းမာပင္နယ္ တယ္ပင္ကန္႐ြာနဲ႔ ေကာင္းဆင့္႐ြာအနီးမွာလည္း စစ္ေကာင္စီတပ္နဲ႔ ေဒသခံ ျပည္သူ႔ကာကြယ္ေရး ပူးေပါင္းအဖြဲ႕ေတြနဲ႔ တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။ ယင္းမာပင္ၿမိဳ႕နယ္အတြင္း တိုက္ပြဲေတြ မၾကာခဏျဖစ္ေနတဲ့အတြက္၊ စစ္တပ္က မသကၤာတဲ့ ႐ြာသားေတြကို ဖမ္းဆီးတာ၊ လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္ေနတာေၾကာင့္ အၿမဲလိုလို ေၾကာက္လန႔္ၿပီး ေဘးလြတ္ရာကို ထြက္ေျပးေနရတာလို႔ ေဒသခံေတြက VOA ကို ေျပာပါတယ္။ ယင္းမာပင္ၿမိဳ႕နယ္ တိုက္ပြဲအေျခအေနနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က တစုံတရာ ထုတ္ျပန္ ေျပာဆိုတာမ်ိဳး မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္


==============

{{Unicode}}


စစ်ကိုင်းတိုင်းယင်းမာပင်မြို့နယ် နယ်မြေရှင်းလင်းရေးနဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေတိမ်းရှောင်


စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ အပြန်အလှန်ပစ်ခတ်တွနေတဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကျေးရွာတွေဘက်မှာ ဒီနေ့ နိုဝင်ဘာ ၁၉ ရက်နေ့မှာ စစ်တပ်တွေ တပ်ဖြန့်ပြီး နယ်မြေရှင်းလင်းရေးလုပ်တာကြောင့် ကျေးရွာ ၃ ရွာထက်မနည်း အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။ ဒီနေ့ မနက် ၁၀ နာရီလောက်ကလည်းကောင်းဆင့်ကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ ဒေသခံ PDF ပူးပေါင်းအဖွ့ဲတို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို နန်းလောင်ဝ်က တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ အောက်တိုဘာလထဲက နယ်မြေရှင်းလင်းရေးတွေ လုပ်နေတာမှာ ဒီနေ့ နိုဝင်ဘာ ၁၉ ရက် ဒီနေ့ မနက်အစောပိုင်းလောက်မှာ စစ်တပ်ကတပ်ဖြန့်ပြီး တချို့ ရွာတွေထဲ ဝင်ရောက် ရှာဖွေမှုနေပါတယ်။ ဒါကြောင့် ယင်းမာပင်နယ် အရှေ့ခြမ်းက ရွာသာကျေးရွာ၊ နှောရိုးကျေးရွာနဲ့ ကောင်းဆင့်ကျေးရွာ၊ စတဲ့ ၃ ရွာထက်မနည်းက ရွာသားတွေအိုးအိမ်စွန်ခွာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ရွာသာကျေးရွာခံတဦးက အခုလို ပြောပါတယ်။

“ဒီနေ့ မနက်မှာ သူတို့ကနေပြီးတော့ ခြေလျင်တပ်ဖွဲ့နဲ့ပေါ့နော်၊ တပ်ဖြန့်ပြီးတော့ ရှင်းလင်းရေးလုပ်တဲ့ ပုံစံမျိုး ဖြစ်လို့ အခုညီမတို့ဒီရွာကလည်း မနက်ခင်းပိုင်းပါပဲ အကုန်လုံးပေါ့နော်၊ရှောင်တဲ့အနေအထားဖြစ်သွားတာရှင့်၊ ရွာသာပါမယ်၊ နှောရိုးပါမယ်၊ ကောင်းဆင့်ပါမယ်၊ အဲ့ဒီသုံးရွာကတော့ ရှောင်ကြတယ်ရှင့်၊ အရင်တခေါက်ကလည်း ကျမတို့နားမှာ သေနတ်ဖောက်တော့လေ- ညီမတို့ဘက်က ရှောင်ကြတာပေါ့နော်၊ ဒါပေမယ့် ဒီတခေါက်ကတော့ ထိပ်တိုက်လိုမျိုးဖြစ်သွားတာပေါ့။ ကိုယ့်ရွာကြီးကို ဦးတည်ပြီးတော့ တိုက်ရိုက်လာတယ်ဆိုတော့ ဒီတခေါက်ကတော့ ရွာကလူတွေ တော်တော်များများ အကုန်လုံးနီးပါး ရှောင်ကြတဲ့ အနေအထားဖြစ်သွားတယ်။”

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲမှာ စစ်တပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးကတည်းက အခုလို စစ်တပ်က နယ်မြေရှင်းလင်းနေတာဖြစ်ပါတယ်။ နှောရိုးကျေးရွာဆိုရင် စစ်တပ် ဝင်ရောက် ရှာဖွေ ရှင်းလင်းလို့ ထွက်ပြေးနေရတာ ဒါနဲ့ဆိုရင် နှစ်ကြိမ်ရှိပြီလို့ နှောရိုးကျေးရွာခံ တဦးက ပြောပါတယ်။အသက်ကြီးပိုင်း အဖိုးအဖွားတွေ ကလေးသူငယ်တွေ နာမကျန်း ဖျားနာသူတွေ အရမ်းဒုက္ခ ရောက်ကြတယ်လို့ အခုလို ပြောပါတယ်။

“ကျနော်တို့ရွာဆိုရင်တော့ နှစ်ကြိမ်ရှိပြီပေါ့ ပြေးရတာ။ တကယ်လည်း ဝင်မွှေတယ်၊ လက်ရှိ ဒီနေ့ဝင်မွှေသွားတယ်ဆိုရင်တော့ နေအိမ်တချို့မှာ
ရှိတဲ့ ဥပမာ ရေခဲသေတ္တာသော်လည်ကောင်း၊ TV တို့ အဲ့ဒါတွေ နောက်ပြီး ဆိုင်ကယ်တွေဘာတွေရော အကုန်ယူသွားကြတယ်ဗျ၊ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်၊ နာမကျန်း ဖျားနာသူတချို့ ဒါတွေက တကယ်လည်း ဒုက္ခရောက်ပါတယ်။ ဘယ်ပြေးလို့ ပြေးရမယ်ဆိုတဲ့ နေရာကလည်း တကယ့် safe ဖြစ်မယ့်နေရာဆိုတာလည်း ဘယ်နေရာမှကို မရှိတော့ ဒါ အဆင်ပြေမယ့် နေရာလေးတွေပဲ ကိုယ့်ကိုယ်ပိုင် အတွေးအခေါ်တွေနဲ့ပဲ လွတ်မယ်ထင်တဲ့ နေရာလေးကို ကိုယ့်အထုပ်ကိုယ်ဆွဲပြီး သွားရလာရတာပေါ့။”

ယင်းမာပင်နယ် ကောင်းဆင့်ကျေးရွာအနီးမှာလည်းစစ်တပ်ရဲ့စစ်ထိုးဆင်မှုကြောင့် ဒီနေ့ မနက် ၁၀ နာရီလောက်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ ယင်းမာပင် PDF တာဝန်ရှိသူတစ်ဦးက VOA ကို ပြောပါတယ်။

“ကျနော်တို့ ပြီးခဲ့တဲ့တခေါက်က နိုဝင်ဘာ ၉ ရက်က ဖြစ်ခဲ့တဲ့ ဖိုဝင်တောင်ဒေသမှာပဲ၊ သူတို့ စစ်ကြောင်းထိုးလာတဲ့အတွက်ကြောင့်မို့လို့တိုက်ပွဲဖြစ်တာပေ့ါ အဓိကတော့။ လတ်တလောအနေအထားမှာတော့ သူတို့ကနေပြီးတော့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပေါ့နော်၊ တရစပ် ပစ်ခတ်နေတဲ့ အခြေအနေပါ၊ လက်ရှိအနေအထားကတော့ စစ်ရေးအရ တော်တော်ကို တင်းမာနေတဲ့ အခြေအနေပေါ့နော်၊
အဲ့ဒါက အခုချိန်ထိပေ့ါ။”

ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့ကလည်း ယင်းမာပင်နယ် တယ်ပင်ကန်ရွာနဲ့ ကောင်းဆင့်ရွာအနီးမှာလည်း စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ယင်းမာပင်မြို့နယ်အတွင်း တိုက်ပွဲတွေ မကြာခဏဖြစ်နေတဲ့အတွက်၊ စစ်တပ်က မသင်္ကာတဲ့ ရွာသားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတာကြောင့် အမြဲလိုလို ကြောက်လန့်ပြီး ဘေးလွတ်ရာကို ထွက်ပြေးနေရတာလို့ ဒေသခံတွေက VOA ကို ပြောပါတယ်။ ယင်းမာပင်မြို့နယ် တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန် ပြောဆိုတာမျိုး မရှိသေးပါဘူး။

#PDF#WhatIsHappeningInMyanmar#ယင်းမာပင်#ကောင်းဆင့်#တယ်ပန်ကန်ရွာ#ဖိုဝင်တောင်#ဒေသခံပြည်သူ့ကာကွယ်ရေးတပ်#ဗွီအိုအေမြန်မာ

=============

XS
SM
MD
LG