သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယင္းမာပင္အနီး ေက်း႐ြာေတြကို စစ္ေကာင္စီတပ္ နယ္ေျမရွင္းစစ္ဆင္


ယင္းမာပင္ၿမိဳ႕နယ္အနီး တုိက္ပြဲျဖစ္ေနတဲ့ လယ္ေငါက္နဲ႔လက္ေတာင္းငယ္ေက်းရြာမ်ား။

[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္း ယင္းမာပင္ၿမိဳ႕နယ္ လည္ေငါက္႐ြာနဲ႔ လက္ေတာင္းငယ္႐ြာၾကားမွာ ေဒသခံ ျပည္သူ႔ကာကြယ္ေရးတပ္ေတြနဲ႔ စစ္ေကာင္စီအၾကား ဇန္နဝါရီ ၅ ရက္ ဒီေန႔ မနက္အေစာပိုင္းကတည္းက တိုက္ပြဲေတြ ျဖစ္ပြားေနပါတယ္။ တိုက္ပြဲေတြေၾကာင့္ ေဒသခံေက်း႐ြာသားေတြအေနနဲ႔ ေဘးလြတ္ရာတိမ္းေရွာင္ၾကရၿပီး အကူအညီေတြလည္း လိုအပ္ေနပါတယ္။ ဒီအေၾကာင္း ရန္ကုန္က ေပးပို႔တဲ့သတင္းကို နန္းေလာဝ္က တင္ျပေပးထားပါတယ္။

ယင္းမာပင္ၿမိဳ႕နယ္ လည္ေငါက္ေက်း႐ြာနဲ႔ လက္ေတာင္းငယ္ေက်း႐ြာၾကားမွာ ဒီေန႔ မနက္အေစာပိုင္းကတည္းက ျပည္သူ႔ကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႕နဲ႔ စစ္ေကာင္စီၾကား တိုက္ပြဲျဖစ္ပြားခဲ့တာလို႔ ယင္းမာပင္ PDF တာဝန္ရွိသူတဦးက ေျပာပါတယ္။

ပုလဲနယ္ကေန ယင္းမာပင္ဘက္ကို စစ္ေၾကာင္းထိုးလာတဲ့ စစ္ေကာင္စီတပ္နဲ႔ ယင္းမာပင္ခ႐ိုင္ထဲက ပုလဲ PDF ၊ ကနီ PDF ၊ ယင္းမာပင္ PDF ၊ ဆားလင္းႀကီး PDF တပ္ဖြဲ႕ စတဲ့ ပူးေပါင္းတပ္ဖြဲ႕တြနဲ႔ အျပန္အလွန္ ပစ္ခတ္တိုက္ခိုက္မႈ ျဖစ္ပြားခဲ့တာလို႔ ဆိုပါတယ္။ စစ္ေကာင္စီက အင္အားအေျမာက္အမ်ားနဲ႔ စစ္ေၾကာင္းလာသလို စစ္ရဟတ္ယာဥ္နဲ႔ စစ္ကူေတြပါ တိုးခ်ေနတယ္လို႔ ယင္းမာပင္ PDF တာဝန္ရွိသူတဦးက ဆိုပါတယ္။

“မနက္က ၆ နာရီေက်ာ္ေက်ာ္ေလာက္မွာ စၿပီး တိုက္ပြဲျဖစ္တယ္။ အခုခ်ိန္အထိေတာင္ တရစပ္ ပစ္ခတ္တာရွိတယ္။ ေနာက္ၿပီးေတာ့ ေလယာဥ္ေတြနဲ႔ လာၿပီးေတာ့ စစ္ကူေတြ ခ်တာရွိတယ္။ ဒီမနက္တုန္းက တိုက္ပြဲျဖစ္ၿပီးတဲ့ ေနာက္ပိုင္းမွာ သူတု႔ိ စစ္ေၾကာင္း ထိုးလာတယ္ေပါ့ေနာ္။ သူတို႔ဘက္က သာလြန္အင္အားေတြ သုံးလာတဲ့အခါ က်ေနာ္တို႔ဘက္က နည္းနည္းေလး ေနာက္ဆုတ္ေပးလိုက္တဲ့ အေျခအေနေပါ့ စစ္ေရးအရေပါ့ေနာ္။ အဲ့ဒီမွာ လည္ေငါက္႐ြာထဲကို သူတု႔ိ ဝင္လာတယ္ေပ့ါေနာ္။ ဝင္လာၿပီးေတာ့ ေနအိမ္တခ်ိဳ႕ မီးေလာင္တယ္ေပါ့ေနာ္။ အၾကမ္းဖက္စစ္ေကာင္စီက မီးရႈိ႕တာပါ။ အခုလက္ရွိအေနအထားမွာက က်ေနာ္တို႔ သိရသေလာက္ဆိုလို႔ရွိရင္ အိမ္ ၆ လုံးေပါ့ေနာ္။ မီးရႈိ႕ခံေနရတယ္။ ဒီထက္မကလည္း မ်ားႏိုင္တဲ့ အေျခအေနေပါ့ေနာ္။”

တိုက္ပြဲအေျခအေနေၾကာင့္ လက္ေတာင္းငယ္႐ြာ၊ လက္ေတာင္းႀကီး႐ြာ၊ လည္ေငါက္ ႐ြာေတြက ေက်း႐ြာသားေတြ ထြက္ေျပးေနၾကသလို အနီးအနား ေက်း႐ြာ ၆ ႐ြာေလာက္လည္း မေနရဲလို႔ ေဘးလြတ္ရာကို ထြက္ေျပးတိမ္ေရွာင္လာတယ္လို႔ စစ္ေျပးဒုကၡသည္ေတြကို ကူညီေစာင့္ေရွာက္ေနတဲ့ သံဃာေတာ္တပါးက မိန႔္ၾကားပါတယ္။

“အဲ့ဒီ တိုက္ပြဲျဖစ္တယ္ေပ့ါေနာ္။ ျဖစ္ၿပီးတဲ့ေနာက္ သူတို႔က အဲ့ဒီ လည္ေငါက္႐ြာရဲ႕ လမ္းေဘးမွာ ရွိတဲ့ အိမ္ေလးေတြကို မီးရႈိ႕ဖ်က္စီးသြားတယ္လို႔ပဲ ၾကားတယ္။ ေဒသခံေတြက လက္ေတာင္းႀကီး၊ လက္ေတာင္းငယ္၊ သရက္ကန္၊ အဲ့ဒါအကုန္ေျပးတယ္။ ေနာက္ၿပီးေတာ့ ဦးဇင္းတို႔ ယင္းမာပင္ တေလွ်ာက္မွာရွိတဲ့ ဒီဘက္ကလည္း စိတ္မခ်ေတာ့ မိန္းလမ္းနဲ႔ အနီးဆုံး ေက်ာ႐ိုး၊ ေကာင္းဆင့္၊ တယ္ပင္ကန္၊ စတဲ့ ႐ြာ ၄၊ ၅၊ ၆ ႐ြာေလာက္ကေတာ့ စစ္ေဘးေရွာင္ေတြနဲ႔ ေျပးေနၾကတယ္။ ဒီေန႔ မနက္ခင္းမွာေတာ့ စစ္ရဟတ္ယာဥ္ပ်ံသြားတာကို ဘုန္းဘုန္းတို႔ ျမင္လိုက္ ေတြ႕ လိုက္ရပါတယ္။”

ယင္းမာပင္နယ္ဘက္မွာ လမ္းေၾကာင္း သြားလာေရးခက္ခဲလို႔ ေဆးဝါးဝယ္ယူမႈမရရွိသလို ေရရွည္မွာ စားနပ္ရိကၡာျပတ္လတ္ႏိုင္တယ္လို႔ ဆက္လက္မိန႔္ၾကားပါတယ္။

“ဒီယင္းမာပင္လမ္းေၾကာ မုံ႐ြာကိုသြားတဲ့ လမ္းေၾကာႀကီးတေလွ်ာက္မွာ ျပည္သူေတြက သြားေရးလာေရး အခက္အခဲေတြ ရွိတဲ့အတြက္ ေရရွည္မွာေတာ့ စားနပ္ရိကၡာ ျပတ္ေတာက္ႏိုင္တယ္လို႔ ဘုန္းဘုန္းကေတာ့ သုံးသပ္တယ္။”

အိုးပစ္အိမ္ပစ္ ေဘးလြတ္ရာတိမ္းေရွာင္လာရတဲ့ ဒုကၡသည္ေတြအေနနဲ႔ ေဆာင္းတြင္း အေအးဒဏ္ေၾကာင့္ မက်န္းမမာသူမ်ားေနၿပီး ေဆးဝါးအကူအညီေတြလည္း လိုအပ္ေနတယ္လို႔ဆိုပါတယ္။

=========

[[Zawgyi/Unicode]]

ယင်းမာပင်အနီး ကျေးရွာတွေကို စစ်ကောင်စီတပ် နယ်မြေရှင်းစစ်ဆင်

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် လည်ငေါက်ရွာနဲ့ လက်တောင်းငယ်ရွာကြားမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီအကြား ဇန်နဝါရီ ၅ ရက် ဒီနေ့ မနက်အစောပိုင်းကတည်းက တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ တိုက်ပွဲတွေကြောင့် ဒေသခံကျေးရွာသားတွေအနေနဲ့ ဘေးလွတ်ရာတိမ်းရှောင်ကြရပြီး အကူအညီတွေလည်း လိုအပ်နေပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို နန်းလောဝ်က တင်ပြပေးထားပါတယ်။

ယင်းမာပင်မြို့နယ် လည်ငေါက်ကျေးရွာနဲ့ လက်တောင်းငယ်ကျေးရွာကြားမှာ ဒီနေ့ မနက်အစောပိုင်းကတည်းက ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီကြား တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ယင်းမာပင် PDF တာဝန်ရှိသူတဦးက ပြောပါတယ်။

ပုလဲနယ်ကနေ ယင်းမာပင်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ယင်းမာပင်ခရိုင်ထဲက ပုလဲ PDF ၊ ကနီ PDF ၊ ယင်းမာပင် PDF ၊ ဆားလင်းကြီး PDF တပ်ဖွဲ့ စတဲ့ ပူးပေါင်းတပ်ဖွဲ့တွနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီက အင်အားအမြောက်အများနဲ့ စစ်ကြောင်းလာသလို စစ်ရဟတ်ယာဉ်နဲ့ စစ်ကူတွေပါ တိုးချနေတယ်လို့ ယင်းမာပင် PDF တာဝန်ရှိသူတဦးက ဆိုပါတယ်။

“မနက်က ၆ နာရီကျော်ကျော်လောက်မှာ စပြီး တိုက်ပွဲဖြစ်တယ်။ အခုချိန်အထိတောင် တရစပ် ပစ်ခတ်တာရှိတယ်။ နောက်ပြီးတော့ လေယာဉ်တွေနဲ့ လာပြီးတော့ စစ်ကူတွေ ချတာရှိတယ်။ ဒီမနက်တုန်းက တိုက်ပွဲဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ သူတု့ိ စစ်ကြောင်း ထိုးလာတယ်ပေါ့နော်။ သူတို့ဘက်က သာလွန်အင်အားတွေ သုံးလာတဲ့အခါ ကျနော်တို့ဘက်က နည်းနည်းလေး နောက်ဆုတ်ပေးလိုက်တဲ့ အခြေအနေပေါ့ စစ်ရေးအရပေါ့နော်။ အဲ့ဒီမှာ လည်ငေါက်ရွာထဲကို သူတု့ိ ဝင်လာတယ်ပေ့ါနော်။ ဝင်လာပြီးတော့ နေအိမ်တချို့ မီးလောင်တယ်ပေါ့နော်။ အကြမ်းဖက်စစ်ကောင်စီက မီးရှို့တာပါ။ အခုလက်ရှိအနေအထားမှာက ကျနော်တို့ သိရသလောက်ဆိုလို့ရှိရင် အိမ် ၆ လုံးပေါ့နော်။ မီးရှို့ခံနေရတယ်။ ဒီထက်မကလည်း များနိုင်တဲ့ အခြေအနေပေါ့နော်။”

တိုက်ပွဲအခြေအနေကြောင့် လက်တောင်းငယ်ရွာ၊ လက်တောင်းကြီးရွာ၊ လည်ငေါက် ရွာတွေက ကျေးရွာသားတွေ ထွက်ပြေးနေကြသလို အနီးအနား ကျေးရွာ ၆ ရွာလောက်လည်း မနေရဲလို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်ရှောင်လာတယ်လို့ စစ်ပြေးဒုက္ခသည်တွေကို ကူညီစောင့်ရှောက်နေတဲ့ သံဃာတော်တပါးက မိန့်ကြားပါတယ်။

“အဲ့ဒီ တိုက်ပွဲဖြစ်တယ်ပေ့ါနော်။ ဖြစ်ပြီးတဲ့နောက် သူတို့က အဲ့ဒီ လည်ငေါက်ရွာရဲ့ လမ်းဘေးမှာ ရှိတဲ့ အိမ်လေးတွေကို မီးရှို့ဖျက်စီးသွားတယ်လို့ပဲ ကြားတယ်။ ဒေသခံတွေက လက်တောင်းကြီး၊ လက်တောင်းငယ်၊ သရက်ကန်၊ အဲ့ဒါအကုန်ပြေးတယ်။ နောက်ပြီးတော့ ဦးဇင်းတို့ ယင်းမာပင် တလျှောက်မှာရှိတဲ့ ဒီဘက်ကလည်း စိတ်မချတော့ မိန်းလမ်းနဲ့ အနီးဆုံး ကျောရိုး၊ ကောင်းဆင့်၊ တယ်ပင်ကန်၊ စတဲ့ ရွာ ၄၊ ၅၊ ၆ ရွာလောက်ကတော့ စစ်ဘေးရှောင်တွေနဲ့ ပြေးနေကြတယ်။ ဒီနေ့ မနက်ခင်းမှာတော့ စစ်ရဟတ်ယာဉ်ပျံသွားတာကို ဘုန်းဘုန်းတို့ မြင်လိုက် တွေ့ လိုက်ရပါတယ်။”

ယင်းမာပင်နယ်ဘက်မှာ လမ်းကြောင်း သွားလာရေးခက်ခဲလို့ ဆေးဝါးဝယ်ယူမှုမရရှိသလို ရေရှည်မှာ စားနပ်ရိက္ခာပြတ်လတ်နိုင်တယ်လို့ ဆက်လက်မိန့်ကြားပါတယ်။

“ဒီယင်းမာပင်လမ်းကြော မုံရွာကိုသွားတဲ့ လမ်းကြောကြီးတလျှောက်မှာ ပြည်သူတွေက သွားရေးလာရေး အခက်အခဲတွေ ရှိတဲ့အတွက် ရေရှည်မှာတော့ စားနပ်ရိက္ခာ ပြတ်တောက်နိုင်တယ်လို့ ဘုန်းဘုန်းကတော့ သုံးသပ်တယ်။”

အိုးပစ်အိမ်ပစ် ဘေးလွတ်ရာတိမ်းရှောင်လာရတဲ့ ဒုက္ခသည်တွေအနေနဲ့ ဆောင်းတွင်း အအေးဒဏ်ကြောင့် မကျန်းမမာသူများနေပြီး ဆေးဝါးအကူအညီတွေလည်း လိုအပ်နေတယ်လို့ဆိုပါတယ်။

#MyanmarViolence #MyanmarMilitary #VOABurmese #ယင်းမာပင် #PDF #ပူးပေါင်းတပ်ဖွဲ့ #စစ်ကောင်စီ #လယ်ငေါက်ရွာ #လက်တောင်းငယ်ရွာ #ဗွီအိုအေ

=========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG