သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မစၥတာ ဆာဆာကာဝါ ဂ်ပန္အစိုးရကို ကိုယ္စားမျပဳ (ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီး)


ျမန္မာႏိုင္ငံအမ်ိဳးသားျပန္လည္သင့္ျမတ္ေရးဆိုင္ရာ ဂ်ပန္အစိုးရ အထူးကိုယ္စားလွယ္ ႏွင့္ နိပြန္ေဖာင္ေဒးရွင္းဥကၠ႒ မစၥတာ ဆာဆာကာဝါရဲ႕ ရခုိင္ခရီးစဥ္။ (ႏိုဝင္ဘာ ၁၅၊၂၀၂၁/ ဓာတ္ပံု- ရခိုင္ျပည္နယ္ေကာင္စီ ေျပာခြင့္ရ ဦးလွသိန္း)

{{Zawgyi/Unicode}}

နိပြန္ေဖာင္ေဒးရွင္းဥကၠ႒ Mr. Yohei Sasakawa ရဲ႕ခရီးဟာ ဂ်ပန္အစိုးရကို ကိုယ္စား မျပဳဘူးလို႔ ဂ်ပန္ ႏိုင္ငံျခားေရးဝန္ႀကီး Yoshimasa Hayashi က ဒီကေန႔ျပဳလုပ္တဲ့ သတင္းစာ ရွင္းလင္းပြဲအတြင္း ေျပာၾကားလိုက္ပါတယ္။

မစၥတာ ဆာဆာကာဝါရဲ႕ ခရီးစဥ္နဲ႔ပတ္သက္ၿပီး သတင္းစာဆရာေတြက ေမးျမန္းရာမွာ ခုလို ေျဖၾကားသြားခဲ့တာ ျဖစ္ပါတယ္။ အစိုးရ မီဒီယာေတြကေတာ့ ျမန္မာႏိုင္ငံ အမ်ိဳးသားရင္ၾကားေစ့ေရးဆိုင္ရာ ဂ်ပန္ႏိုင္ငံ အထူးကိုယ္စားလွယ္အျဖစ္ မစၥတာ ဆာဆာကာဝါကို ေဖာ္ျပခဲ့ၾကေၾကာင္း ႐ိုက္တာသတင္းဌာနက ေျပာပါတယ္။

အေမရိကန္သတင္းစာဆရာ Danny Fenster ကို လႊတ္ေပးခဲ့တာဟာ အေမရိကန္ႏိုင္ငံ နယူးမကၠဆီကိုျပည္နယ္ အုပ္ခ်ဳပ္ေရးမႉးေဟာင္း Mr. Bill Richardson အျပင္ မစၥတာ ဆာဆာကာဝါနဲ႔ ဂ်ပန္ဝန္ႀကီးေဟာင္း Hideo Watanabe တို႔ရဲ႕ ေမတၱာရပ္ခံခ်က္ေၾကာင့္ လႊတ္ေပးခဲ့တာ ျဖစ္တယ္လို႔ ျမဝတီ႐ုပ္ျမင္သံၾကားက ေၾကညာသြားခဲ့ေၾကာင္း ႐ိုက္တာသတင္းက ေဖာ္ျပပါတယ္။ ႏွစ္ႏိုင္ငံဆက္ဆံေရးတိုးတက္မႈနဲ႔ လူသားခ်င္း စာနာေထာက္ထားမႈအေပၚ အေျခခံ လႊတ္ေပးခဲ့တာျဖစ္တယ္လို႔ ျမဝတီ ႐ုပ္ျမင္သံၾကားက ဆိုပါတယ္။

အစဥ္အလာအရ မစၥတာ ဆာဆာကာဝါနဲ႔ အစိုးရက အဆက္အသြယ္ရွိေပမဲ့ အေသးစိတ္ကိုေတာ့ ထုတ္ေဖာ္ေျပာဆိုဖို႔ မစၥတာ Hayashi က ျငင္းဆိုပါတယ္။မစၥတာ ဝါတာနာေဘးရဲ႕ ဂ်ပန္-ျမန္မာအသင္းကလည္း ထုတ္ေဖာ္ေျပာဆိုဖို႔ ျငင္းဆိုပါတယ္။ ဂ်ပန္ စီးပြါးေရးလုပ္ငန္းေတြ ရင္းႏွီးျမႇဳပ္ႏွံဖို႔ ရန္ကုန္အနီးက အထူးစီးပြါးေရးဇုန္ကို ဖန္တီးခဲ့ရာမွာ မစၥတာ ဝါတာနာေဘးဟာ အဓိကေနရာက ပါဝင္ခဲ့ပါတယ္။

မစၥတာ ဆာဆာကာဝါဟာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ဆုံခြင့္ေတာင္းဆိုခဲ့တာ ရွိမရွိ မကြဲျပားသလို ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လႈိင္နဲ႔ သူေတြ႔ဆုံဖို႔ ႀကိဳတင္ သတ္မွတ္ေတာင္းဆိုခ်က္ေတြ ရွိမရွိကိုေတာ့ ရွင္းရွင္းလင္းလင္း သိခြင့္ မရပါဘူး။

ျမန္မာႏိုင္ငံအမ်ိဳးသားျပန္လည္သင့္ျမတ္ေရးဆိုင္ရာ ဂ်ပန္အစိုးရ အထူးကိုယ္စားလွယ္ ႏွင့္ နိပြန္ေဖာင္ေဒးရွင္းဥကၠ႒ မစၥတာ ဆာဆာကာဝါနဲ႔ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္ လႈိင္တို႔ ႏိုဝင္ဘာ ၁၃ ရက္ေန႔မွာ ေတြ႔ဆုံခဲ့ေၾကာင္း စစ္ေကာင္စီ သတင္းျပန္ၾကားေရးက ထုတ္ျပန္ထားပါတယ္။

တခ်ိန္တည္းမွာပဲ မစၥတာဆာဆာကာဝါဟာ SNLD ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္က တာဝန္ရွိသူေတြနဲ႔ ဒီကေန႔ သီးျခား ေတြ႔ဆုံခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


===============

{{Unicode}}

မစ္စတာ ဆာဆာကာဝါ ဂျပန်အစိုးရကို ကိုယ်စားမပြု (ဂျပန်နိုင်ငံခြားရေးဝန်ကြီး)

နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Mr. Yohei Sasakawa ရဲ့ခရီးဟာ ဂျပန်အစိုးရကို ကိုယ်စား မပြုဘူးလို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi က ဒီကနေ့ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားလိုက်ပါတယ်။

မစ္စတာ ဆာဆာကာဝါရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး သတင်းစာဆရာတွေက မေးမြန်းရာမှာ ခုလို ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။ အစိုးရ မီဒီယာတွေကတော့ မြန်မာနိုင်ငံ အမျိုးသားရင်ကြားစေ့ရေးဆိုင်ရာ ဂျပန်နိုင်ငံ အထူးကိုယ်စားလှယ်အဖြစ် မစ္စတာ ဆာဆာကာဝါကို ဖော်ပြခဲ့ကြကြောင်း ရိုက်တာသတင်းဌာနက ပြောပါတယ်။

အမေရိကန်သတင်းစာဆရာ Danny Fenster ကို လွှတ်ပေးခဲ့တာဟာ အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Mr. Bill Richardson အပြင် မစ္စတာ ဆာဆာကာဝါနဲ့ ဂျပန်ဝန်ကြီးဟောင်း Hideo Watanabe တို့ရဲ့ မေတ္တာရပ်ခံချက်ကြောင့် လွှတ်ပေးခဲ့တာ ဖြစ်တယ်လို့ မြဝတီရုပ်မြင်သံကြားက ကြေညာသွားခဲ့ကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးတိုးတက်မှုနဲ့ လူသားချင်း စာနာထောက်ထားမှုအပေါ် အခြေခံ လွှတ်ပေးခဲ့တာဖြစ်တယ်လို့ မြဝတီ ရုပ်မြင်သံကြားက ဆိုပါတယ်။

အစဉ်အလာအရ မစ္စတာ ဆာဆာကာဝါနဲ့ အစိုးရက အဆက်အသွယ်ရှိပေမဲ့ အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုဖို့ မစ္စတာ Hayashi က ငြင်းဆိုပါတယ်။မစ္စတာ ဝါတာနာဘေးရဲ့ ဂျပန်-မြန်မာအသင်းကလည်း ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆိုပါတယ်။ ဂျပန် စီးပွါးရေးလုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံဖို့ ရန်ကုန်အနီးက အထူးစီးပွါးရေးဇုန်ကို ဖန်တီးခဲ့ရာမှာ မစ္စတာ ဝါတာနာဘေးဟာ အဓိကနေရာက ပါဝင်ခဲ့ပါတယ်။

မစ္စတာ ဆာဆာကာဝါဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်တောင်းဆိုခဲ့တာ ရှိမရှိ မကွဲပြားသလို ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ သူတွေ့ဆုံဖို့ ကြိုတင် သတ်မှတ်တောင်းဆိုချက်တွေ ရှိမရှိကိုတော့ ရှင်းရှင်းလင်းလင်း သိခွင့် မရပါဘူး။

မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ အထူးကိုယ်စားလှယ် နှင့် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါနဲ့ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်တို့ နိုဝင်ဘာ ၁၃ ရက်နေ့မှာ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ သတင်းပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

တချိန်တည်းမှာပဲ မစ္စတာဆာဆာကာဝါဟာ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က တာဝန်ရှိသူတွေနဲ့ ဒီကနေ့ သီးခြား တွေ့ဆုံခဲ့ပါတယ်။

#YoheiSasakawa#HideoWatanabe#Fenster#နိပွန်ဖောင်ဒေးရှင်း#မင်းအောင်လှိုင်#စစ်ကောင်စီ###

===============

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG