သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရဲ့ ငြိမ်းချမ်းရေးလူငယ် စကားဝိုင်း


How effective are masks to prevent the new coronavirus.
How effective are masks to prevent the new coronavirus.

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျေးလက်တောရွာနေ လူငယ်တွေ ငြိမ်းချမ်းရေး စကားဝိုင်း အဖြစ်ဒီကနေ့ အစိုးရ ရုံးစိုက်ရာ နေပြည်တော်မှာ ဆွေးနွေးကြပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပြည်သူတွေ ပါဝင်မှ အောင်မြင်မှာ ဖြစ်တယ်လို့ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုခဲ့ပါတယ်။

“အစိုးရအနေနဲ့ တတ်နိုင်သမျှတော့ ပြည်သူလူထုနဲ့ ထိတွေ့ပြီးတော့ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်ထဲမှာ ပြည်သူတွေပါစေချင်တယ်။ ပြည်သူတွေအင်အားနဲ့မှ အောင်မြင်နိုင်မယ်ဆိုတာကိုလည်း ယုံကြည်တယ်။”

ငြိမ်းချမ်းရေး စကားဝိုင်းမှာ တက်ရောက်လာတဲ့ ကချင်လူငယ် တဦးကလည်း စစ်ရှောင် စခန်းတွေက ကချင် ဒုက္ခသည်တွေ နေရပ်ရင်းတွေ ပြန်နိုင်ဖို့ ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်။

“ကျမတို့ ကချင်ပြည်နယ်က စစ်ဖြစ်တဲ့အတွက် တိုင်းရင်းသားရွာသူရွာသားများ ဒုက္ခသည်စခန်းမှာ ထွက်ပြေးနေရတယ်။ ကိုယ့်နေရာကို အမြန်ဆုံးပြန်ရောက်ပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်း လုပ်ကိုင်စားသောက်နိုင်ဖို့အတွက် ငြိမ်းချမ်းရေးကို အမြန်ဆုံး အမေစုဆောင်ရွက်ပေးပါရှင့်။”

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး အတွက် အကောင်းဆုံး ဆောင်ရွက်သွားမယ်လို့ ကတိပြု ပြောဆိုခဲ့တာပါ။ နိုင်ငံတဝန်း ကျေလက် တောရွာနေ လူငယ် ၁၂ ဦးတို့ရဲ့ ဆွေးနွေးချက်တွေမှာတော့ ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးတို့နဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတာပါ။ နိုင်ငံတဝန်း အမုန်းတရားတွေ ပြန့်နှံ့နေတာတွေကို တရားဥပဒေ စိုးမိုးရေးနဲ့ ကိုင်တွယ်ပေးဖို့ လူငယ်တဦးရဲ့ စာနဲ့ ဆွေးနွေးချက်ကိုတော့ ဒေါ်အောင်ဆန်းစုကြည်က အမှားအမှန် ဝေဖန်ခွဲခြားနိုင်တဲ့ ပညာရေး အရေးကြီးတယ်လို့ သုံးသပ် ပြောဆိုခဲ့ပါတယ်။ ဒီနှစ်စပိုင်းက စတင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ နယ်ပယ် အသီးသီးက လူငယ်တွေရဲ့ ငြိမ်းချမ်းရေး စကားဝိုင်းကတော့ အခုချိန်မှာ လေးကြိမ်မြောက် ရှိခဲ့ပြီ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ငြိမ်းချမ်းရေးလူငယ်စကားဝိုင်း
please wait

No media source currently available

0:00 0:01:41 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG