{{Zawgyi/Unicode}}
ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ စစ္တပ္လက္ေအာက္က ရုပ္သံသတင္းဌာန ၅ ခုကို Alphabet Inc ကုမၸဏီရဲ ႔ YouTube ေပၚကေန ဖယ္ရွားလိုက္ပါတယ္။"YouTube ကို အသံုးျပဳတာနဲ႔ပတ္သက္တဲ့ ျပဌာန္းထားခ်က္ေတြ၊ သက္ဆိုင္ရာဥပေဒေတြအရ ဗြီဒီယိုအေတာ္မ်ားမ်ားနဲ႔ ရုပ္သံလုိင္းေတြကို ဖယ္ရွားခဲ့တာျဖစ္တယ္" လို႔ YouTube ေျပာခြင့္ရသူက ရိုက္တာသတင္းဌာရဲ ႔ေမးျမန္းခ်က္ကို ေျဖၾကားခဲ့ပါတယ္။
YouTube ကဖယ္ရွားလိုက္တဲ့ ရုပ္သံလုိင္းေတြထဲမွာ ႏုိင္ငံပိုင္ ျမန္မာ့ရုပ္ျမင္သံၾကားဌာန MRTV အျပင္ စစ္တပ္ပိုင္ ျမ၀တီရုပ္သံမီဒီယာ၊ MWD Variety နဲ႔ MWD Myanmar တို႔လည္းပါ၀င္ပါတယ္။
စစ္အုပ္ခ်ဳပ္မႈကို ဆန္႔က်င္ဆႏၵျပသူေတြအေပၚ စစ္တပ္နဲ႔ရဲတပ္ဖြဲ႔က အင္အားသုံးႏွိမ္ႏွင္းတာေၾကာင့္ မတ္လ ၃ ရက္ေန႔က ျမန္မာႏုိင္ငံတဝန္းမွာ လူ ၃၈ ေယာက္ထက္မနည္း ေသဆုံးခဲ့ရၿပီးတဲ့ေနာက္ YouTube ရဲ ႔ ေဆာင္ရြက္ခ်က္ေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။
ေဖ့ဘုတ္ကလည္း MRTV ကို ေဖေဖာ္၀ါရီလမွာပိတ္ပစ္ခဲ့သလို ျမ၀တီရုပ္သံကိုေတာ့ ၂၀၁၈ ခုႏွစ္မွာ စစ္ဘက္အႀကီးအကဲ ဗိုလ္ခ်ဳပ္မႈးႀကီးမင္းေအာင္လႈိင္ရဲ ႔ေဖ့ဘုတ္နဲ႔တၿပိဳင္ထဲ ျဖဳတ္ခ်ပစ္ခဲ့ပါတယ္။
ဒါဇင္နဲ႔ခ်ီတဲ့ အျခား တာ၀န္ရွိေတြနဲ႔ အဖြဲ႔အစည္းေတြရဲ ႔အေကာင့္ေတြကိုလည္း ေဖ့ဘုတ္က ပိတ္ခဲ့တာပါ။ ျမန္မာစစ္တပ္နဲ႔ဆက္စပ္သမ ွ်အေကာင့္အားလုံးကို ေဖေဖာ္၀ါရီလကစၿပီးေဖ့ဘုတ္က ပိတ္ပစ္ေနပါတယ္။
အျခားလူမႈကြန္ယက္ကုမၸဏီေတြကလည္း ျမန္မာစစ္တပ္ရဲ ႔ေရးသားေဖာ္ျပခ်က္ေတြနဲ႔ အမုန္းစကားျဖန္႔ေ၀မႈအျပင္ သတင္းတုသတင္းမွားေတြ မျပန္႔ေအာင္ ထိန္းခ်ဳပ္ဖို႔ႀကိဳးစားေနၾကပါတယ္။
စစ္သားနဲ႔ရဲေတြက TikTok လူမႈစာမ်က္ႏွာကေန ဆႏၵျပသူေတြကို ၿခိမ္းေျခာက္ေျပာဆိုေနတယ္လို႔ ရိုက္တာသတင္းက ၾကာသပေတးေန႔႔မွာ ေဖာ္ျပခဲ့ပါတယ္။ ေဖ့ဘုတ္ကိုသုံးလို႔မရေတာ့တ့ဲအခါ အျခားလူမႈကြန္ယက္ေတြကိုသုံးဖို႔ စစ္ဖက္က ႀကိဳးပမ္းလာတယ္လို႔ သုေတသီေတြက ေျပာပါတယ္။
....................................................
{{Unicode}}
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်လက်အောက်က ရုပ်သံသတင်းဌာန ၅ ခုကို Alphabet Inc ကုမ္ပဏီရဲ့ YouTube ပေါ်ကနေ ဖယ်ရှားလိုက်ပါတယ်။"YouTube ကို အသုံးပြုတာနဲ့ပတ်သက်တဲ့ ပြဌာန်းထားချက်တွေ၊ သက်ဆိုင်ရာဥပဒေတွေအရ ဗွီဒီယိုအတော်များများနဲ့ ရုပ်သံလိုင်းတွေကို ဖယ်ရှားခဲ့တာဖြစ်တယ်" လို့ YouTube ပြောခွင့်ရသူက ရိုက်တာသတင်းဌာရဲ့မေးမြန်းချက်ကို ဖြေကြားခဲ့ပါတယ်။
YouTube ကဖယ်ရှားလိုက်တဲ့ ရုပ်သံလိုင်းတွေထဲမှာ နိုင်ငံပိုင် မြန်မာ့ရုပ်မြင်သံကြားဌာန MRTV အပြင် စစ်တပ်ပိုင် မြဝတီရုပ်သံမီဒီယာ၊ MWD Variety နဲ့ MWD Myanmar တို့လည်းပါဝင်ပါတယ်။
စစ်အုပ်ချုပ်မှုကို ဆန့်ကျင်ဆန္ဒပြသူတွေအပေါ် စစ်တပ်နဲ့ရဲတပ်ဖွဲ့က အင်အားသုံးနှိမ်နှင်းတာကြောင့် မတ်လ ၃ ရက်နေ့က မြန်မာနိုင်ငံတဝန်းမှာ လူ ၃၈ ယောက်ထက်မနည်း သေဆုံးခဲ့ရပြီးတဲ့နောက် YouTube ရဲ့ ဆောင်ရွက်ချက်တွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။
ဖေ့ဘုတ်ကလည်း MRTV ကို ဖေဖော်ဝါရီလမှာပိတ်ပစ်ခဲ့သလို မြဝတီရုပ်သံကိုတော့ ၂၀၁၈ ခုနှစ်မှာ စစ်ဘက်အကြီးအကဲ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ရဲ့ဖေ့ဘုတ်နဲ့တပြိုင်ထဲ ဖြုတ်ချပစ်ခဲ့ပါတယ်။
ဒါဇင်နဲ့ချီတဲ့ အခြား တာဝန်ရှိတွေနဲ့ အဖွဲ့အစည်းတွေရဲ့အကောင့်တွေကိုလည်း ဖေ့ဘုတ်က ပိတ်ခဲ့တာပါ။ မြန်မာစစ်တပ်နဲ့ဆက်စပ်သမ ျှအကောင့်အားလုံးကို ဖေဖော်ဝါရီလကစပြီးဖေ့ဘုတ်က ပိတ်ပစ်နေပါတယ်။
အခြားလူမှုကွန်ယက်ကုမ္ပဏီတွေကလည်း မြန်မာစစ်တပ်ရဲ့ရေးသားဖော်ပြချက်တွေနဲ့ အမုန်းစကားဖြန့်ဝေမှုအပြင် သတင်းတုသတင်းမှားတွေ မပြန့်အောင် ထိန်းချုပ်ဖို့ကြိုးစားနေကြပါတယ်။
စစ်သားနဲ့ရဲတွေက TikTok လူမှုစာမျက်နှာကနေ ဆန္ဒပြသူတွေကို ခြိမ်းခြောက်ပြောဆိုနေတယ်လို့ ရိုက်တာသတင်းက ကြာသပတေးနေ့မှာ ဖော်ပြခဲ့ပါတယ်။ ဖေ့ဘုတ်ကိုသုံးလို့မရတော့တဲ့အခါ အခြားလူမှုကွန်ယက်တွေကိုသုံးဖို့ စစ်ဖက်က ကြိုးပမ်းလာတယ်လို့ သုတေသီတွေက ပြောပါတယ်။