သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာနဲ႔နယ္ခ်င္းစပ္ တ႐ုတ္ Jiangcheng ခ႐ိုင္တခုလုံး ကိုဗစ္စစ္ေဆးမည္


ယူနန္ျပည္နယ္တြင္း ကုိ႐ိုနာဗုိင္းရပ္စ္ စစ္ေဆးေနစဥ္။

Zawgyi/Unicode

ျမန္မာႏုိင္ငံနဲ႔နီးတဲ့ တ႐ုတ္ႏုိင္ငံအေနာက္ေတာင္ပိုင္း ခ႐ိုင္တခုမွာ ေနထိုင္သူအားလံုးကို COVID-19 ေရာဂါ စစ္ေဆးမယ္လို႔တ႐ုတ္အစိုးရက ဒီေန႔ ေၾကညာပါတယ္။

ယူနန္ျပည္နယ္၊ Jiangcheng ခ႐ိုင္မွာ ကိုဗစ္ေရာဂါ ဓာတ္ခြဲစစ္ေဆးမွာျဖစ္ၿပီး လုပ္ငန္းေတြ၊ ေက်ာင္းေတြ၊ ေစ်းေတြ အားလံုးကို တနလၤာနဲ႔ အဂၤါေန႔ေတြမွာ ပိတ္ထားမယ္လုိ႔ အစိုးရက ေၾကညာတာပါ။ ခ႐ိုင္ အဝင္အထြက္ အသြားအလာေတြကိုလည္း ပိတ္ပင္မွာျဖစ္ပါတယ္။

ကိုဗစ္တတိယလိႈင္းနဲ႔ အျပင္းအထန္ ရင္ဆိုင္ေနရတဲ့ ျမန္မာႏုိင္ငံကေန မၾကာေသးခင္က ျပန္လာသူေတြမွာ ကိုဗစ္ကူးစက္ထားသူေတြ ပါလာတာေၾကာင့္ ယူနန္ျပည္နယ္မွာ ကူးစက္သူအေရအတြက္ တိုးလာေနၿပီး တ႐ုတ္အစုိးရက ႏွစ္ႏိုင္ငံနယ္စပ္ေဒသကို ကန္႔သတ္ ထိိန္းခ်ဳပ္ထားပါတယ္။

Jiangcheng ခ႐ိုင္ဟာ ျမန္မာႏုိင္ငံနဲ႔ တိုက္႐ိုက္ နယ္စပ္ျခင္းထိစပ္ေနတာမဟုတ္ဘဲ ဗီယက္နမ္နယ္စပ္မွာရွိတာပါ။

ယူနန္ျပည္နယ္မွာ ကိုဗစ္ေရာဂါကူးစက္သူ ဒီကေန႔ ငါးဦး ထပ္တိုးခဲ့ၿပီး အဲဒီလူအားလံုးဟာ မၾကာေသးခင္က ျမန္မာႏိုင္ငံမွာ ေနထိုင္ခဲ့သူေတြျဖစ္တယ္လို႔ ယူနန္က်န္းမာေရးဌာနက ထုတ္ျပန္ထားပါတယ္။

အခုဆိုရင္ ယူနန္ျပည္နယ္မွာ ကိုဗစ္ကူးစက္ထားသူ ၂၉၇ ေယာက္ရွိၿပီျဖစ္ၿပီး အဲဒီထဲက ၂၁၈ ေယာက္ဟာ ျပည္ပကေန ကူးစက္ခံလာရတာျဖစ္တယ္လို႔ ယူဆထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


========

Unicode

မြန်မာနဲ့နယ်ချင်းစပ် တရုတ် Jiangcheng ခရိုင်တခုလုံး ကိုဗစ်စစ်ဆေးမည်

မြန်မာနိုင်ငံနဲ့နီးတဲ့ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ခရိုင်တခုမှာ နေထိုင်သူအားလုံးကို COVID-19 ရောဂါ စစ်ဆေးမယ်လို့တရုတ်အစိုးရက ဒီနေ့ ကြေညာပါတယ်။

ယူနန်ပြည်နယ်၊ Jiangcheng ခရိုင်မှာ ကိုဗစ်ရောဂါ ဓာတ်ခွဲစစ်ဆေးမှာဖြစ်ပြီး လုပ်ငန်းတွေ၊ ကျောင်းတွေ၊ ဈေးတွေ အားလုံးကို တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ ပိတ်ထားမယ်လို့ အစိုးရက ကြေညာတာပါ။ ခရိုင် အဝင်အထွက် အသွားအလာတွေကိုလည်း ပိတ်ပင်မှာဖြစ်ပါတယ်။

ကိုဗစ်တတိယလှိုင်းနဲ့ အပြင်းအထန် ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံကနေ မကြာသေးခင်က ပြန်လာသူတွေမှာ ကိုဗစ်ကူးစက်ထားသူတွေ ပါလာတာကြောင့် ယူနန်ပြည်နယ်မှာ ကူးစက်သူအရေအတွက် တိုးလာနေပြီး တရုတ်အစိုးရက နှစ်နိုင်ငံနယ်စပ်ဒေသကို ကန့်သတ် ထိန်းချုပ်ထားပါတယ်။

Jiangcheng ခရိုင်ဟာ မြန်မာနိုင်ငံနဲ့ တိုက်ရိုက် နယ်စပ်ခြင်းထိစပ်နေတာမဟုတ်ဘဲ ဗီယက်နမ်နယ်စပ်မှာရှိတာပါ။

ယူနန်ပြည်နယ်မှာ ကိုဗစ်ရောဂါကူးစက်သူ ဒီကနေ့ ငါးဦး ထပ်တိုးခဲ့ပြီး အဲဒီလူအားလုံးဟာ မကြာသေးခင်က မြန်မာနိုင်ငံမှာ နေထိုင်ခဲ့သူတွေဖြစ်တယ်လို့ ယူနန်ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

အခုဆိုရင် ယူနန်ပြည်နယ်မှာ ကိုဗစ်ကူးစက်ထားသူ ၂၉၇ ယောက်ရှိပြီဖြစ်ပြီး အဲဒီထဲက ၂၁၈ ယောက်ဟာ ပြည်ပကနေ ကူးစက်ခံလာရတာဖြစ်တယ်လို့ ယူဆထားပါတယ်။

#MyanmarChina #Covid19 #ChinaJiangcheng #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG