သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူသားတွေရဲ့ အာကာသခရီး နှစ် ၅၀ ပြည့်ပြီ

လူသားတွေရဲ့ အာကာသခရီး နှစ် ၅၀ ပြည့်ပြီ
လူသားတွေရဲ့ အာကာသခရီး နှစ် ၅၀ ပြည့်ပြီ

အာကာသထဲကို ပထမဆုံးအကြိမ် လူသားတွေ ခြေချနိုင်ခဲ့တဲ့ အနှစ် (၅၀) မြောက် အထိမ်းအမှတ်အဖြစ် ရုရှားနိုင်ငံသားတွေနဲ့ ကမ္ဘာတဝန်းက အာကာသသိပ္ပံပညာကို စိတ်ဝင်စားသူတွေ ဆင်နွှဲနေကြပါတယ်။ ပထမဆုံး အာကာသထဲ ရောက်ရှိခဲ့ပြီး ကမ္ဘာကို ၁၀၈ မိနစ်ကြာ လှည့်ပတ်ခဲ့တဲ့ အဲဒီအချိန်တုန်းက အသက် ၂၇ နှစ် အရွယ်သာရှိတဲ့ ရုရှားအာကာသယာဉ်မှူး ယူရီ ဂါဂါရင် (Yuri Gagarin) ကို ဂုဏ်ပြုတဲ့ အခမ်းအနားတွေကိုတော့ မော်စကိုမြို့တော် ကရင်မလင်နန်းတော်မှာ ကျင်းပနေကြတာပါ။

ယူရီဂါဂါရင် လိုက်ပါသွားတဲ့ ဗော့စတော့ခ် ဒုံးပျံကို ၁၉၆၁ ခုနှစ် ဧပြီလ ၁၂ ရက်နေ့မှာ ကာဇက်စတန်ပြည်နယ် Baikonur အာကာသစခန်းကနေ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။ သူလိုက်ပါသွားတဲ့ ဒုံးပျံထိပ်ဖူးဟာ ကမ္ဘာ့လေထုထဲကို ပြန်လည် ဝင်ရောက်မလာခင်မှာ ကမ္ဘာကို ဂြိုဟ်ပတ်လမ်းကြောင်းအတိုင်း တပတ်တိတိ ပတ်ခဲ့တာပါ။ ဒီနောက်မှာတော့ လေထီးနဲ့မြေပေါ်ကို ပြန်လည် ဆင်းသက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနောက်မှာတော့ သမီး ၂ ယောက်ရဲ့ဖခင် ငယ်ရွယ်သူ အာကာသယာဉ်မှူးတဦးအဖြစ် ယူရီ ဂါဂါရင် ဟာ ရုရှားနိုင်ငံမှာသာမက ကမ္ဘာတလွှားမှာပါ သူ့ရဲ့ စွမ်းဆောင်ချက်အတွက် သူရဲကောင်းတဦးအဖြစ်နဲ့ ထင်ရှားလာခဲ့တာလည်း ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG