သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

တရားလႊတ္ေတာ္ေရွ႕ေနေဒၚ႐ြက္ႏုေအာင္ကို  အၾကမ္းဖက္ဥပေဒပုဒ္မ ၅၀ ည နဲ႔ အမႈဖြင့္


YWAT NU AUNG တရားလႊတ္ေတာ္ေရွ႕ေန ေဒၚ႐ြက္ႏုေအာင္ (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]


ျမန္မာႏိုင္ငံမွာ လူသိမ်ားတဲ့ ေရွ႕ေနတေယာက္ျဖစ္သူ တရားလႊတ္ေတာ္ေရွ႕ေနေဒၚ႐ြက္ႏုေအာင္ကို ၿပီးခဲ့တဲ့ရက္ပိုင္းက စစ္ေကာင္စီက ဖမ္းဆီးသြားၿပီးေနာက္ ျပည္ သူ႔ကာကြယ္ေရးတပ္ PDF ကို ေငြေၾကးေထာက္ပံ့တယ္လို႔ စြပ္စြဲၿပီး ေထာင္ဒဏ္ တသက္ထိ အျမင့္ဆုံးခ်မွတ္ႏိုင္တဲ့ အၾကမ္းဖက္ဥပေဒပုဒ္မ ၅၀ ညနဲ႔ အမႈဖြင့္ လိုက္တယ္လို႔ သူရဲ႕မိတ္ေဆြက VOA ေျပာပါတယ္။ ေဒၚ႐ြက္ႏုေအာင္ကို အၾကမ္းဖက္ပုဒ္မတရားစြဲဆိုတဲ့ အေျခအေန မအင္ၾကင္းႏိုင္က တင္ျပေပးထားပါတယ္။

တရားလႊတ္ေတာ္ေရွ႕ေန ေဒၚ႐ြက္ႏုေအာင္ကို ၿပီးခဲ့တဲ့ရက္ပိုင္းက စစ္ေကာင္စီဘက္က ဖမ္းဆီးသြားၿပီးေနာက္ျပည္သူ႔ကာကြယ္ေရးတပ္ PDF ကိုေငြေၾကး ေထာက္ပံ့တယ္ဆိုကာ ေထာင္ဒဏ္ တသက္ထိ အျမင့္ဆုံးခ်မွတ္ ႏိုင္တဲ့ အၾကမ္းဖက္ဥပေဒပုဒ္မ ၅၀ ညနဲ႔အမႈဖြင့္လိုက္ပါတယ္။

ေဒၚ႐ြက္ႏုေအာင္ကို ဧၿပီ ၂၇ ရက္ေန႔ ညေနပိုင္းက မႏၲေလးၿမိဳ႕ မွာ ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။ NLD အစိုးရလက္ထက္ မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ အမႈ႐ုံးခ်ိန္းေတြအတြက္ အိုးဘိုေထာင္တြင္း သြားေရာက္အမႈလိုက္ၿပီး ခုလိုဖမ္းခံခဲ့ရတာျဖစ္ပါတယ္။ အမႈဖြင့္ခံရတာနဲ႔ပတ္သတ္လို႔ ေဒၚ႐ြက္ႏုေအာင္နဲ႔ ရင္းႏွီးသူတေယာက္က ခုလိုေျပာျပပါတယ္။

“ခု ၅၀ ည နဲ႔ ရမန္ယူထားပါတယ္။ မႏၲေလးမွာ ေရွ႕ေန ကိုစည္သူေလးကို မိတယ္။ မိေတာ့ စစ္ေၾကာေရးမွာ ေရွ႕ေနကိုစည္သူေလးကိုစစ္ေၾကာၿပီးေတာ့ အဲဒါအတြက္ ေဒၚ႐ြက္ႏုေအာင္ကိုေခၚတာ။ သူတို႔ကို ေထာက္ပံ့တဲ့ ဘယ္ေရွ႕ေနက ဘယ္ ႏွစ္သိန္း ဘယ္သူက ဘယ္ေလာက္ေပါ့။ အဲတြက္နဲ႔ဖမ္းတာပါ။ ခု ရမန္ယူလိုက္ေတာ့ ေထာင္မွာပဲ ထားမွာပါ။ စစ္ေၾကာေရးက ခ်ဳပ္မိန႔္ယူၿပီးေထာင္အခ်ဳပ္ပို႔တာပါ။ က်ေနာ္တို႔ တရားခြင္ ထုတ္မွ က်န္တာသိရမွာပါ။”

ပုဒ္မ ၅၀ ည ဆိုတာ အၾကမ္းဖက္ဥပေဒတခုျဖစ္တယ္လို႔ လက္ရွိမွာျပဌာန္းထားတာပါ။ ျပဌာန္းထားခ်က္အရ အၾကမ္းဖက္မႈျဖစ္စဥ္အတြက္ ေငြေၾကးေထာက္ပံ့တဲ့သူဆိုရင္ ဒီပုဒ္မနဲ႔ တရားစြဲဆိုဖို႔ ျပဌာန္းထားၿပီး ျပစ္မႈထင္ရွားစီရင္ခံရရင္ အနိမ့္ဆုံး ေထာင္ဒဏ္ ၁၀ ႏွစ္ကေန အျမင့္ဆုံးေထာင္ တသက္ထိ ခ်မွတ္ႏိုင္တယ္လို႔ ေဖာ္ျပထားပါတယ္။

တရားလႊတ္ေတာ္ေရွ႕ေန ေဒၚ႐ြက္ႏုေအာင္ဟာ ေဒါက္တာေဇာ္ျမင့္ေမာင္ရဲ႕ ေ႐ြးေကာက္ပြဲဆိုင္ရာ ဥပေဒက်ဴးလြန္တယ္ဆိုတဲ့အမႈနဲ႔ အဂတိလိုက္စားမႈ၊ NLD အစိုးရလက္ထက္ မႏၲေလးတိုင္း လွ်ပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီး ဦးဇာနည္ေအာင္ရဲ႕ အမႈေတြအျပင္ NLD ပါတီနာယက ဦးဝင္းထိန္ရဲ႕အမႈေတြအတြက္လည္း လိုက္ပါေဆာင္ ႐ြက္ေပးေနသူ ျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္တုန္းက ျမန္မာႏိုင္ငံမွာ အမ်ားစိတ္ဝင္စားခဲ့ၾကတဲ့ အသက္ ၂ ႏွစ္ေက်ာ္ မိန္းကေလးငယ္ေလး ဗစ္တိုးရီးယား လိင္ပိုင္းဆိုင္ရာ က်ဴးလြန္ခံရတဲ့အမႈမွာ ေဒၚ႐ြက္ႏုေအာင္ဟာ အမႈလိုက္ေပးခဲ့သူ ေရွ႕ေနတေယာက္ျဖစ္ပါတယ္။ ခုခ်ိန္ ထိ သူမက်န္းမာေရးနဲ႔ သူမအမႈဘယ္ေတာ့စတင္ စစ္ေဆးမလဲဆိုတာမသိရေသးပါဘူးရွင္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

တရားလွှတ်တော်ရှေ့နေဒေါ်ရွက်နုအောင်ကို အကြမ်းဖက်ဥပဒေပုဒ်မ ၅၀ ည နဲ့ အမှုဖွင့်

မြန်မာနိုင်ငံမှာ လူသိများတဲ့ ရှေ့နေတယောက်ဖြစ်သူ တရားလွှတ်တော်ရှေ့နေဒေါ်ရွက်နုအောင်ကို ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် ပြည် သူ့ကာကွယ်ရေးတပ် PDF ကို ငွေကြေးထောက်ပံ့တယ်လို့ စွပ်စွဲပြီး ထောင်ဒဏ် တသက်ထိ အမြင့်ဆုံးချမှတ်နိုင်တဲ့ အကြမ်းဖက်ဥပဒေပုဒ်မ ၅၀ ညနဲ့ အမှုဖွင့် လိုက်တယ်လို့ သူရဲ့မိတ်ဆွေက VOA ပြောပါတယ်။ ဒေါ်ရွက်နုအောင်ကို အကြမ်းဖက်ပုဒ်မတရားစွဲဆိုတဲ့ အခြေအနေ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီဘက်က ဖမ်းဆီးသွားပြီးနောက်ပြည်သူ့ကာကွယ်ရေးတပ် PDF ကိုငွေကြေး ထောက်ပံ့တယ်ဆိုကာ ထောင်ဒဏ် တသက်ထိ အမြင့်ဆုံးချမှတ် နိုင်တဲ့ အကြမ်းဖက်ဥပဒေပုဒ်မ ၅၀ ညနဲ့အမှုဖွင့်လိုက်ပါတယ်။

ဒေါ်ရွက်နုအောင်ကို ဧပြီ ၂၇ ရက်နေ့ ညနေပိုင်းက မန္တလေးမြို့ မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ NLD အစိုးရလက်ထက် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အမှုရုံးချိန်းတွေအတွက် အိုးဘိုထောင်တွင်း သွားရောက်အမှုလိုက်ပြီး ခုလိုဖမ်းခံခဲ့ရတာဖြစ်ပါတယ်။ အမှုဖွင့်ခံရတာနဲ့ပတ်သတ်လို့ ဒေါ်ရွက်နုအောင်နဲ့ ရင်းနှီးသူတယောက်က ခုလိုပြောပြပါတယ်။

“ခု ၅၀ ည နဲ့ ရမန်ယူထားပါတယ်။ မန္တလေးမှာ ရှေ့နေ ကိုစည်သူလေးကို မိတယ်။ မိတော့ စစ်ကြောရေးမှာ ရှေ့နေကိုစည်သူလေးကိုစစ်ကြောပြီးတော့ အဲဒါအတွက် ဒေါ်ရွက်နုအောင်ကိုခေါ်တာ။ သူတို့ကို ထောက်ပံ့တဲ့ ဘယ်ရှေ့နေက ဘယ် နှစ်သိန်း ဘယ်သူက ဘယ်လောက်ပေါ့။ အဲတွက်နဲ့ဖမ်းတာပါ။ ခု ရမန်ယူလိုက်တော့ ထောင်မှာပဲ ထားမှာပါ။ စစ်ကြောရေးက ချုပ်မိန့်ယူပြီးထောင်အချုပ်ပို့တာပါ။ ကျနော်တို့ တရားခွင် ထုတ်မှ ကျန်တာသိရမှာပါ။”

ပုဒ်မ ၅၀ ည ဆိုတာ အကြမ်းဖက်ဥပဒေတခုဖြစ်တယ်လို့ လက်ရှိမှာပြဌာန်းထားတာပါ။ ပြဌာန်းထားချက်အရ အကြမ်းဖက်မှုဖြစ်စဉ်အတွက် ငွေကြေးထောက်ပံ့တဲ့သူဆိုရင် ဒီပုဒ်မနဲ့ တရားစွဲဆိုဖို့ ပြဌာန်းထားပြီး ပြစ်မှုထင်ရှားစီရင်ခံရရင် အနိမ့်ဆုံး ထောင်ဒဏ် ၁၀ နှစ်ကနေ အမြင့်ဆုံးထောင် တသက်ထိ ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ဟာ ဒေါက်တာဇော်မြင့်မောင်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကျူးလွန်တယ်ဆိုတဲ့အမှုနဲ့ အဂတိလိုက်စားမှု၊ NLD အစိုးရလက်ထက် မန္တလေးတိုင်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဇာနည်အောင်ရဲ့ အမှုတွေအပြင် NLD ပါတီနာယက ဦးဝင်းထိန်ရဲ့အမှုတွေအတွက်လည်း လိုက်ပါဆောင် ရွက်ပေးနေသူ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ အများစိတ်ဝင်စားခဲ့ကြတဲ့ အသက် ၂ နှစ်ကျော် မိန်းကလေးငယ်လေး ဗစ်တိုးရီးယား လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတဲ့အမှုမှာ ဒေါ်ရွက်နုအောင်ဟာ အမှုလိုက်ပေးခဲ့သူ ရှေ့နေတယောက်ဖြစ်ပါတယ်။ ခုချိန် ထိ သူမကျန်းမာရေးနဲ့ သူမအမှုဘယ်တော့စတင် စစ်ဆေးမလဲဆိုတာမသိရသေးပါဘူးရှင်။
=================

XS
SM
MD
LG