သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

NUG နဲ႔ မိတ္ဖက္ေတြ စစ္ေကာင္စီကို စီးပြားေရးအထိနာေအာင္ အားထုတ္သင့္ (ကန္စစ္ေကာလိပ္ပါေမာကၡ)


ေအာက္တိုဘာ ၁၉ မွာ က်င္းပခဲ့တဲ့ Stimson Center မွာျမန္မာ့အေရး အြန္လိုင္းေဆြးေႏြးပြဲ။

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံ အာဏာသိမ္းစစ္ေကာင္စီကိုေတာ္လွန္ရာမွာ ၾကားကာလညီၫြတ္ေရးအစိုးရ (National Unity Government- NUG) နဲ႔ မိတ္ဖက္ေတြအေနနဲ႔ စစ္ေျမျပင္ထိုးစစ္ေတြသာမက စစ္ေကာင္စီရဲ႕စီးပြားေရးလုပ္ငန္းပိုင္းပါအထိနာေအာင္ လုပ္ေဆာင္သင့္တဲ့အခ်က္ေတြကို National War College က ပါေမာကၡ Zach Abuza က အေသးစိတ္ရွင္းျပသြားပါတယ္။ ဒီလို ဘက္ေပါင္းစံုက ေတာ္လွန္တိုက္ခိုက္ရာမွာ အေလးေပးသတိထားရမယ့္အခ်က္ေတြကိုလည္း ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံ႐ုံးယာယီတာဝန္ခံေဟာင္း Priscilla Clapp က ပါဝင္ေဆြးေႏြးခဲ့ပါတယ္။ ေအာက္တိုဘာ ၁၉ မွာ က်င္းပခဲ့တဲ့ Stimson Center ရဲ႕ အြန္လိုင္းေဆြးေႏြးပြဲကို ကိုယ္တိုင္တက္ေရာက္ခဲ့တဲ့ မအိသန႔္စင္က သတင္းေပးပို႔ထားပါတယ္။

အာဏာသိမ္းစစ္ေကာင္စီအေပၚ ေတာ္လွန္ေရးေအာင္ျမင္ဖို႔ဆိုရင္ စစ္ေကာင္စီရဲ႕ဘ႑ာေရးထိခိုက္ေအာင္ စီးပြားေရးပိုင္းမွာ အေလးေပး တိုက္ခိုက္ရမယ္လို႔ National War College ပါေမာကၡ Zach Abuza က ေျပာပါတယ္။ Zach Abuza ဟာ အေရွ႕ေတာင္အာရွ ေဒသတြင္း ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္၊ ပုန္ကန္ေတာ္လွန္ေရးရန္ပုံေငြ၊ ေထာက္ပို႔နဲ႔ ႏိုင္ငံေရးအရ လက္နက္ကိုင္ ေတာ္လွန္မႈတို႔ကို ႏွစ္ေပါင္း ၃၀ ေက်ာ္ၾကာ ေလ့လာေနသူျဖစ္ပါတယ္။ NUG ၾကားကာလအမ်ိဳးသားညီၫြတ္ေရးအစိုးရ နဲ႔ PDF ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔တို႔အေနနဲ႔ အေလးေပးရမယ့္ အခ်က္ ၂ ခ်က္ကို သူက အခုလို ေထာက္ျပပါတယ္။

“ပထမအခ်က္ကေတာ့ စစ္တပ္ရဲ႕ အခ်က္အျခာက်တဲ့ေနရာေတြကို ပစ္မွတ္ထားရပါမယ္။ စစ္သားေတြမွာ လက္နက္အျပည့္အစုံ မရွိၾကတာကိုၾကည့္ရင္ စစ္တပ္မွာ အရင္းအျမစ္ေတြကုန္ခမ္းလာၿပီလို႔ သုံးသပ္လို႔ရပါတယ္။ အရင္တုန္းက ကုန္းလမ္းကေန သယ္ယူပို႔ေဆာင္သလို သြားလာလို႔မရေတာ့တဲ့အတြက္ စစ္တပ္က ေရေၾကာင္းလမ္းကို အဓိကထားသုံးပါတယ္။ ဒီအခ်က္ကို NUG နဲ႔ PDF တို႔ သတိထားမိဖို႔ လိုပါတယ္။ စစ္တပ္ရဲ႕ ျမန္မာျပည္တြင္းက လက္နက္ထုတ္စက္႐ုံေတြကို ပစ္မွတ္ထားရပါမယ္။ စစ္တပ္ရဲ႕ စစ္တိုက္ႏိုင္မႈစြမ္းရည္ အားနည္းေအာင္ လုပ္ရပါမယ္။ က်ည္ဆံနဲ႔ လက္နက္ငယ္ထုတ္စက္႐ုံေတြ ထုတ္လုပ္ႏိုင္စြမ္းေလ်ာ့ေအာင္လုပ္ဖို႔ဆိုရင္ ကုန္ၾကမ္းအားလုံးကို ျဖတ္ေတာက္စရာမလိုပါဘူး၊ ကုန္ၾကမ္းတမ်ိဳးမ်ိဳး မရေအာင္လုပ္ဖို႔ပဲလိုတာပါ။
ပစၥည္းအျပည့္အစုံမရွိရင္ က်ည္ဆံေတြ၊ လက္နက္ငယ္ေတြ မထုတ္ႏိုင္ပါဘူး။

.....ဒုတိယအခ်က္ကေတာ့ စစ္ေကာင္စီရဲ႕ ခ်က္ေကာင္းျဖစ္တဲ့ စီးပြားေရးပါ။ စစ္ေကာင္စီက ႏိုင္ငံစီးပြားေရးကို ႏိုင္ႏိုင္နင္းနင္း မကိုင္တြယ္ႏိုင္တာ အသိသာႀကီးပါ။ က်ပ္ေငြတန္းဖိုးက်ဆင္း၊ ကုန္ေဈးႏႈန္းထိုးတက္၊ ေလာင္စာဆီနဲ႔ ဓာတ္ေငြ႕တင္ပို႔ႏိုင္မႈအားနည္း၊ ဗဟိုဘဏ္ကလည္း အစကတည္းက သိပ္မ်ားမ်ားမရွိတဲ့ အရန္ေငြေတြကို ထုတ္သုံးရျဖစ္ကုန္ပါတယ္။ ကိုယ့္ရန္သူက အမွားလုပ္ေနၿပီဆိုရင္ လႊတ္ထားလိုက္ပါဆိုၿပီး နပိုလီယန္ေျပာခဲ့ဖူးပါတယ္။ စစ္ေကာင္စီက ႏိုင္ငံစီးပြားေရးကို တည္ၿငိမ္ေအာင္ မကိုင္တြယ္ႏိုင္ေသးသလို ေတာ္႐ုံနဲ႔ လုပ္ႏိုင္ဦးမွာလည္း မဟုတ္ပါဘူး။”

၂၀၂၃ စစ္ေကာင္စီေ႐ြးေကာက္ပြဲက်င္းပတဲ့အခါက်ရင္ NUG နဲ႔ တိုင္းရင္းသားေတာ္လွန္ေရးအဖြဲ႔- ERO ေတြၾကား အျမင္ကြဲျပားတာ၊ ေတာ္လွန္ေရးကို ဆက္ေထာက္ပံ့ဖို႔ ေငြအားလူအားအရင္းအျမစ္ေတြ NUG ဖက္က ကုန္သြားၿပီး ေတာ္လွန္ေရး အားေလ်ာ့ အားျပတ္လာဖို႔ စစ္ေကာင္စီက ေမွ်ာ္လင့္ထားတာပါ။ ေခတ္သစ္စစ္ပြဲဟာ စစ္ေျမျပင္ တိုက္ခိုက္မႈတခုတည္းနဲ႔ ဆုံးျဖတ္တာမဟုတ္ဘဲ ဘယ္ဘက္က ၾကာၾကာ ေတာင့္ခံ ရပ္တည္ႏိုင္လဲဆိုတာအေပၚ မူတည္ၿပီး အႏိုင္အရႈံးဆုံးျဖတ္သြားမွာ ျဖစ္ေၾကာင္းလည္း ပါေမာကၡ Abuza က ေထာက္ျပထားပါတယ္။ ဒါ့ေၾကာင့္ ေတာ္လွန္ေရးကို ေထာက္ပံ့ဖို႔ ရန္ပုံေငြ ရွာတာအျပင္ တျခား အခ်က္ ၆ ခ်က္ကိုလည္း အေလးေပး လုပ္ေဆာင္ရမယ္လို႔ သူက ေထာက္ျပပါတယ္။ ဒီအခ်က္ ၆ ခ်က္ကေတာ့ ေက်ာက္မ်က္တင္ပို႔မႈလို စစ္ေကာင္စီအတြက္ ဝင္ေငြရေနတဲ့လမ္းေၾကာင္းေတြကို ပိတ္ဆို႔တာ၊ ႏိုင္ငံတကာဒဏ္ခံပိတ္ဆို႔မႈေတြ ပိုၿပီး ခ်မွတ္တာ၊ ေရနံပိုက္ လိုင္းေတြကို ပစ္မွတ္ထားတိုက္ခိုက္တာ၊ လက္နက္စက္႐ုံလို စစ္ေကာင္စီရဲ႕ အခ်က္အျခာက်တဲ့ လုပ္ငန္းေတြကို ပစ္မွတ္ထားတိုက္ခိုက္တာ၊ အေရးပါတဲ့သူေတြကို ပစ္မွတ္ထား လုပ္ႀကံသတ္ျဖတ္ သုပ္သင္ရွင္းလင္းတာနဲ႔ အာဏာသိမ္းမႈေၾကာင့္ အျမတ္ထုတ္ေနသူေတြကို မွတ္သားထားၿပီး တခ်ိန္ NUG လႊတ္ေတာ္ဖြဲ႕စည္းတဲ့အခါ စစ္ေဆးအေရးယူဖို႔ ဒီအခ်က္ေတြ ပါဝင္တယ္လို႔ ပါေမာကၡ Zach Abuza က ေျပာပါတယ္။

“ျပည္သူေတြ မီတာခ မေဆာင္တာမ်ိဳးက စစ္ေကာင္စီအတြက္ ေဒၚလာ ဘီလ်ံနဲ႔ခ်ီ ဆုံးရႈံးေစၿပီး စစ္ေကာင္စီရဲ႕ဝင္ေငြကို ထိခိုက္ေစပါတယ္။ အစိုးရေဈးကြက္မွာ ေက်ာက္မ်က္ေလလံတင္ေရာင္းခ်တာမ်ိဳးကေနလည္း စစ္ေကာင္စီဝင္ေငြရေနတာေၾကာင့္ ဒါမ်ိဳးကို ပစ္မွတ္ထားရပါမယ္။ ႏိုင္ငံတကာပိတ္ဆို႔ဒဏ္ခတ္မႈ ခ်မွတ္ဖို႔က အေမရိကန္နဲ႔ ဥေရာပသမၼဂလို ျပည္ပႏိုင္ငံေတြရဲ႕ တာဝန္ဆိုေပမယ့္ ျပည္သူေတြထိခိုက္မွာစိုးရိမ္ၿပီး အစိုးရဘဏ္ေတြကို ပိတ္ဆို႔မႈခ်ဖို႔ တြန႔္ဆုတ္ေနတဲ့ ႏိုင္ငံေတြကို NUG က တိုက္တြန္းနားခ်ရပါမယ္။ ျမန္မာျပည္သူေတြက ထိခိုက္ခံေနရၿပီးပါၿပီ။ စီးပြားေရးလည္း ႁခြတ္ၿခဳံက်ၿပီး ဆင္းရဲတြင္းနက္ေနပါၿပီ။ ဒါ့ေၾကာင့္ ျမန္မာျပည္ သူ ေတြကို ငဲ့တယ္လို႔ခ်ည္း ေျပာၿပီး ပိတ္ဆို႔မႈ မခ်ဘဲမေနပါနဲ႔။ ျမန္မာျပည္သူေတြရဲ႕ ေပးဆပ္မႈနဲ႔ စစ္ေကာင္စီ အျမန္ျပဳတ္က်ေရးကိုပဲ အေလးေပးပါဆိုၿပီး NUG ဘက္က တျခားႏိုင္ငံေတြကို နားခ်ရပါမယ္။

...ေနာက္တခ်က္ကေတာ့ NUGPay လိုမ်ိဳး အြန္လိုင္းေငြေခ်စနစ္ေတြကို သုံးရင္ စစ္ေကာင္စီအိတ္ကပ္ထဲ ေငြဝင္တာကေန ေရွာင္ႏိုင္ပါတယ္။ Starlink လို ၿဂိဳဟ္တုဆက္သြယ္ေရးဆက္တလိုက္ေတြ ရွိရင္လည္း ပိုအသုံးဝင္မွာပါ။ အခုက စစ္ျဖစ္ေနတာပါ။ စစ္ဆိုတာ ရန္သူကို အျမန္ဆုံး အလဲထိုးႏိုင္ဖို႔ ဦးတည္ခ်က္နဲ႔တိုက္ရပါတယ္။ ဒါ့ေၾကာင့္ ပစ္မွတ္ထား သုပ္သင္ရွင္းလင္းမႈေတြ လုပ္ေဆာင္သင့္ပါတယ္။”

ၿမိဳ႕ျပလူထုၾကား ဗုံးေဖာက္ခြဲတာေတြထက္စာရင္ စစ္တပ္အတြက္ အေရးပါတဲ့သူေတြကို သုပ္သင္ရွင္းလင္းတာက ပိုထိေရာက္ပါတယ္။ ဒါဟာ စစ္ဆင္ေရးဘက္ကၾကည့္ရင္ အက်ိဳးရွိတဲ့ ေျခလွမ္းျဖစ္ပါတယ္။ စစ္တပ္ရဲ႕ ဝင္ေငြကို ထိခိုက္ေစတဲ့အျပင္ ျပည္သူေတြအေပၚ ေထာက္လွမ္းအခ်က္အလက္ယူတာေတြကိုလည္း ဒီနည္းနဲ႔ ေလွ်ာ့ႏိုင္ပါတယ္။ ေနာက္တခ်က္ကေတာ့ ေရနံနဲ႔ သဘာဝဓာတ္ေငြ႕ပိုက္လိုင္းေတြကို ပစ္မွတ္ထား တိုက္ခိုက္ဖို႔ပါတယ္။ တ႐ုတ္ရဲ႕ အဓိက ပိုက္လိုင္း ၂ ခုကို မတိုက္ခိုက္ႏိုင္ဘူးဆိုရင္ေတာင္ ထိုင္းကို ေပးေနတဲ့ ပိုက္လိုင္းကို ပစ္မွတ္ထားတိုက္ခိုက္ရပါမယ္။ ထိုင္းပိုက္လိုင္းမွာ တႀကိမ္ ဗုံးခြဲခဲ့ဖူးသလိုပဲ ဒါမ်ိဳးကို ပုံမွန္ အႀကိမ္ႀကိမ္ လုပ္သင့္တယ္လို႔လည္း သူက ရွင္းျပပါတယ္။ ေနာက္ဆုံးတခ်က္အေနနဲ႔ စစ္ေကာင္စီအာဏာရၿပီးေနာက္ အက်ိဳးအျမတ္ရေနသူေတြ ဘယ္သူေတြလဲ-ဆိုတာကို မွတ္သားထားဖို႔ျဖစ္ေၾကာင္းနဲ႔ အဲဒီလူေတြကို ဒဏ္ခတ္ပိတ္ဆို႔မႈခ်မွတ္ဖို႔ တျခားႏိုင္ငံကို NUG က အသိေပးရမယ့္ တာဝန္ရွိၿပီး အနာဂတ္မွာ NUG လႊတ္ေတာ္ဖြဲ႕စည္းၿပီးတဲ့အခါမွာလည္း ဒီကိစၥေတြကို ျပန္လွန္အေရးယူရမွာ ျဖစ္တယ္လို႔လည္း သူက ေျပာပါတယ္။

ပါေမာကၡ Abuza ေထာက္ျပသြားတဲ့အခ်က္အမ်ားစုကို ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံ႐ုံးယာယီတာဝန္ခံေဟာင္း Priscilla Clapp က သေဘာတူေပမယ့္ NUG နဲ႔ ေတာ္လွန္ေရးမွာ ပါဝင္ေနတဲ့သူေတြအားလုံးအေနနဲ႔ သတိထားကိုင္တြယ္ရမယ့္အခ်က္ေတြကို သူက ေထာက္ျပေျပာဆိုခဲ့ပါတယ္။

“NUG ရင္ဆိုင္ေနရတဲ့ ျပႆနာတခုက ႏိုင္ငံတြင္းမွာရွိတဲ့ လက္နက္ကိုင္တပ္ဖြဲ႕အားလုံးကို NUG က ထိန္းခ်ဳပ္ထားတာ မဟုတ္တဲ့အတြက္ စစ္ေကာင္စီနဲ႔ စစ္ေကာင္စီရဲ႕လုပ္ငန္းေတြအေပၚ တိုက္ခိုက္ဖို႔ တိတိက်က် ၫႊန္ၾကားရတာခက္ခဲႏိုင္တဲ့အျပင္ NUG ရဲ႕ သေဘာထားနဲ႔မတိုက္ဆိုင္တဲ့ တိုက္ခိုက္မႈေတြကိုလည္း ေျမျပင္ကလက္နက္ကိုင္အဖြဲ႕ေတြ လုပ္ႏိုင္ေကာင္းလုပ္ႏိုင္ပါတယ္။ ႏိုင္ငံတကာရဲ႕ အားေပးေထာက္ခံမႈနဲ႔ အစိုးရအျဖစ္သတ္မွတ္ဖို႔ NUG ဘက္က တြန္းအားေပးလုပ္ေဆာင္ေနခ်ိန္မွာ ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈေတြကို တိုက္ခိုက္ရင္ NUG အေနနဲ႔ အထူးသျဖင့္ တ႐ုတ္နဲ႔ အာဆီယံလို ႏိုင္ငံေတြနဲ႔ သံတမန္ဆက္ဆံေရးလမ္းေဖာက္ဖို႔ ပိုခဲယဥ္းသြားႏိုင္ပါတယ္။ အတိအက် ထုတ္မေျပာႏိုင္ေသးေပမယ့္ NUG နဲ႔ အေမရိကန္အစိုးရၾကား လုပ္ေဆာင္ေနတာ အမ်ားႀကီးရွိပါတယ္။ တ႐ုတ္နဲ႔ဆက္ဆံေနက် တိုင္းရင္းသားေတာ္လွန္ေရးအဖြဲ႕ေတြကေနတဆင့္ပဲျဖစ္ေစ၊ တ႐ုတ္နဲ႔လည္း အလုပ္သေဘာဆက္ ဆံေရးကို NUG ဘက္က ဆက္လက္ထားရွိပါတယ္။ ဒါကေနာင္မွာ အက်ိဳးရွိလာမွာပါ။ ပါေမာကၡ Abuza ေျပာသလိုပဲ ၿမိဳ႕ေတြမွာ ဗုံးခြဲတာကို က်မလည္း အားမေပးပါဘူး။ ပစ္မွတ္ထား လုပ္ႀကံသုတ္သင္ရွင္းလင္းမႈေတြလုပ္ရင္လည္း သတိထားရပါမယ္။ စစ္တပ္ပိုင္စီးပြားေရးလုပ္ငန္းေတြကို ပစ္မွတ္ထားတိုက္ခိုက္ရမယ္ဆိုေပမယ့္ ျမန္မာျပည္မွာ သိပ္မရွိေတာ့တဲ့ ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈေတြကိုေတာ့ ခ်န္ထားသင့္တယ္လို႔ ထင္ပါတယ္။”

ေအာက္တိုဘာလ ၁၉ ရက္ေန႔က အေမရိကန္ ျပည္ေထာင္စု ဝါရွင္တန္ဒီစီၿမိဳ႕ေတာ္အေျခစိုက္ Stimson စင္တာမွာ ျပဳလုပ္တဲ့ ေဆြးေႏြးပြဲကိုေတာ့ အေရွ႕အာရွ အစီအစဥ္ရဲ႕ တြဲဖက္ၫႊန္ၾကားေရးမႉးနဲ႔ အႀကီးတန္း ပညာရွင္ Yun Sun က ေဆြးေႏြးပြဲမွာ အစီအစဥ္မႉး အျဖစ္ ေဆာင္႐ြက္ခဲ့ၿပီး အေရွ႕ေတာင္ အာရွ ေဒသတြင္း ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္၊ ပုန္ကန္ေတာ္လွန္မႈ ဆိုင္ရာ ရန္ပုံေငြေထာက္ပံ့မႈနဲ႔ ေထာက္ပံ့ပို႔ေဆာင္ေရး၊ ႏိုင္ငံေရးအရ လက္နက္ကိုင္ ေတာ္လွန္မႈ တို႔ကို ႏွစ္ေပါင္း ၃၀ ေက်ာ္ၾကာ ေလ့လာေနသူ National War College ပါေမာကၡ Zach Abuza နဲ႔ ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံမႉးေဟာင္း Priscilla Clapp လည္း ပါဝင္ေဆြးေႏြးခဲ့ပါတယ္ရွင္။
=============

[[Unicode]]

NUG နဲ့ မိတ်ဖက်တွေ စစ်ကောင်စီကို စီးပွားရေးအထိနာအောင် အားထုတ်သင့် (ကန်စစ်ကောလိပ်ပါမောက္ခ)

မြန်မာနိုင်ငံ အာဏာသိမ်းစစ်ကောင်စီကိုတော်လှန်ရာမှာ ကြားကာလညီညွတ်ရေးအစိုးရ (National Unity Government- NUG) နဲ့ မိတ်ဖက်တွေအနေနဲ့ စစ်မြေပြင်ထိုးစစ်တွေသာမက စစ်ကောင်စီရဲ့စီးပွားရေးလုပ်ငန်းပိုင်းပါအထိနာအောင် လုပ်ဆောင်သင့်တဲ့အချက်တွေကို National War College က ပါမောက္ခ Zach Abuza က အသေးစိတ်ရှင်းပြသွားပါတယ်။ ဒီလို ဘက်ပေါင်းစုံက တော်လှန်တိုက်ခိုက်ရာမှာ အလေးပေးသတိထားရမယ့်အချက်တွေကိုလည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးယာယီတာဝန်ခံဟောင်း Priscilla Clapp က ပါဝင်ဆွေးနွေးခဲ့ပါတယ်။ အောက်တိုဘာ ၁၉ မှာ ကျင်းပခဲ့တဲ့ Stimson Center ရဲ့ အွန်လိုင်းဆွေးနွေးပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ မအိသန့်စင်က သတင်းပေးပို့ထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီအပေါ် တော်လှန်ရေးအောင်မြင်ဖို့ဆိုရင် စစ်ကောင်စီရဲ့ဘဏ္ဍာရေးထိခိုက်အောင် စီးပွားရေးပိုင်းမှာ အလေးပေး တိုက်ခိုက်ရမယ်လို့ National War College ပါမောက္ခ Zach Abuza က ပြောပါတယ်။ Zach Abuza ဟာ အရှေ့တောင်အာရှ ဒေသတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ပုန်ကန်တော်လှန်ရေးရန်ပုံငွေ၊ ထောက်ပို့နဲ့ နိုင်ငံရေးအရ လက်နက်ကိုင် တော်လှန်မှုတို့ကို နှစ်ပေါင်း ၃၀ ကျော်ကြာ လေ့လာနေသူဖြစ်ပါတယ်။ NUG ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ နဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အနေနဲ့ အလေးပေးရမယ့် အချက် ၂ ချက်ကို သူက အခုလို ထောက်ပြပါတယ်။

“ပထမအချက်ကတော့ စစ်တပ်ရဲ့ အချက်အခြာကျတဲ့နေရာတွေကို ပစ်မှတ်ထားရပါမယ်။ စစ်သားတွေမှာ လက်နက်အပြည့်အစုံ မရှိကြတာကိုကြည့်ရင် စစ်တပ်မှာ အရင်းအမြစ်တွေကုန်ခမ်းလာပြီလို့ သုံးသပ်လို့ရပါတယ်။ အရင်တုန်းက ကုန်းလမ်းကနေ သယ်ယူပို့ဆောင်သလို သွားလာလို့မရတော့တဲ့အတွက် စစ်တပ်က ရေကြောင်းလမ်းကို အဓိကထားသုံးပါတယ်။ ဒီအချက်ကို NUG နဲ့ PDF တို့ သတိထားမိဖို့ လိုပါတယ်။ စစ်တပ်ရဲ့ မြန်မာပြည်တွင်းက လက်နက်ထုတ်စက်ရုံတွေကို ပစ်မှတ်ထားရပါမယ်။ စစ်တပ်ရဲ့ စစ်တိုက်နိုင်မှုစွမ်းရည် အားနည်းအောင် လုပ်ရပါမယ်။ ကျည်ဆံနဲ့ လက်နက်ငယ်ထုတ်စက်ရုံတွေ ထုတ်လုပ်နိုင်စွမ်းလျော့အောင်လုပ်ဖို့ဆိုရင် ကုန်ကြမ်းအားလုံးကို ဖြတ်တောက်စရာမလိုပါဘူး၊ ကုန်ကြမ်းတမျိုးမျိုး မရအောင်လုပ်ဖို့ပဲလိုတာပါ။
ပစ္စည်းအပြည့်အစုံမရှိရင် ကျည်ဆံတွေ၊ လက်နက်ငယ်တွေ မထုတ်နိုင်ပါဘူး။

.....ဒုတိယအချက်ကတော့ စစ်ကောင်စီရဲ့ ချက်ကောင်းဖြစ်တဲ့ စီးပွားရေးပါ။ စစ်ကောင်စီက နိုင်ငံစီးပွားရေးကို နိုင်နိုင်နင်းနင်း မကိုင်တွယ်နိုင်တာ အသိသာကြီးပါ။ ကျပ်ငွေတန်းဖိုးကျဆင်း၊ ကုန်ဈေးနှုန်းထိုးတက်၊ လောင်စာဆီနဲ့ ဓာတ်ငွေ့တင်ပို့နိုင်မှုအားနည်း၊ ဗဟိုဘဏ်ကလည်း အစကတည်းက သိပ်များများမရှိတဲ့ အရန်ငွေတွေကို ထုတ်သုံးရဖြစ်ကုန်ပါတယ်။ ကိုယ့်ရန်သူက အမှားလုပ်နေပြီဆိုရင် လွှတ်ထားလိုက်ပါဆိုပြီး နပိုလီယန်ပြောခဲ့ဖူးပါတယ်။ စစ်ကောင်စီက နိုင်ငံစီးပွားရေးကို တည်ငြိမ်အောင် မကိုင်တွယ်နိုင်သေးသလို တော်ရုံနဲ့ လုပ်နိုင်ဦးမှာလည်း မဟုတ်ပါဘူး။”

၂၀၂၃ စစ်ကောင်စီရွေးကောက်ပွဲကျင်းပတဲ့အခါကျရင် NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့- ERO တွေကြား အမြင်ကွဲပြားတာ၊ တော်လှန်ရေးကို ဆက်ထောက်ပံ့ဖို့ ငွေအားလူအားအရင်းအမြစ်တွေ NUG ဖက်က ကုန်သွားပြီး တော်လှန်ရေး အားလျော့ အားပြတ်လာဖို့ စစ်ကောင်စီက မျှော်လင့်ထားတာပါ။ ခေတ်သစ်စစ်ပွဲဟာ စစ်မြေပြင် တိုက်ခိုက်မှုတခုတည်းနဲ့ ဆုံးဖြတ်တာမဟုတ်ဘဲ ဘယ်ဘက်က ကြာကြာ တောင့်ခံ ရပ်တည်နိုင်လဲဆိုတာအပေါ် မူတည်ပြီး အနိုင်အရှုံးဆုံးဖြတ်သွားမှာ ဖြစ်ကြောင်းလည်း ပါမောက္ခ Abuza က ထောက်ပြထားပါတယ်။ ဒါ့ကြောင့် တော်လှန်ရေးကို ထောက်ပံ့ဖို့ ရန်ပုံငွေ ရှာတာအပြင် တခြား အချက် ၆ ချက်ကိုလည်း အလေးပေး လုပ်ဆောင်ရမယ်လို့ သူက ထောက်ပြပါတယ်။ ဒီအချက် ၆ ချက်ကတော့ ကျောက်မျက်တင်ပို့မှုလို စစ်ကောင်စီအတွက် ဝင်ငွေရနေတဲ့လမ်းကြောင်းတွေကို ပိတ်ဆို့တာ၊ နိုင်ငံတကာဒဏ်ခံပိတ်ဆို့မှုတွေ ပိုပြီး ချမှတ်တာ၊ ရေနံပိုက် လိုင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊ လက်နက်စက်ရုံလို စစ်ကောင်စီရဲ့ အချက်အခြာကျတဲ့ လုပ်ငန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊ အရေးပါတဲ့သူတွေကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ် သုပ်သင်ရှင်းလင်းတာနဲ့ အာဏာသိမ်းမှုကြောင့် အမြတ်ထုတ်နေသူတွေကို မှတ်သားထားပြီး တချိန် NUG လွှတ်တော်ဖွဲ့စည်းတဲ့အခါ စစ်ဆေးအရေးယူဖို့ ဒီအချက်တွေ ပါဝင်တယ်လို့ ပါမောက္ခ Zach Abuza က ပြောပါတယ်။

“ပြည်သူတွေ မီတာခ မဆောင်တာမျိုးက စစ်ကောင်စီအတွက် ဒေါ်လာ ဘီလျံနဲ့ချီ ဆုံးရှုံးစေပြီး စစ်ကောင်စီရဲ့ဝင်ငွေကို ထိခိုက်စေပါတယ်။ အစိုးရဈေးကွက်မှာ ကျောက်မျက်လေလံတင်ရောင်းချတာမျိုးကနေလည်း စစ်ကောင်စီဝင်ငွေရနေတာကြောင့် ဒါမျိုးကို ပစ်မှတ်ထားရပါမယ်။ နိုင်ငံတကာပိတ်ဆို့ဒဏ်ခတ်မှု ချမှတ်ဖို့က အမေရိကန်နဲ့ ဥရောပသမ္မဂလို ပြည်ပနိုင်ငံတွေရဲ့ တာဝန်ဆိုပေမယ့် ပြည်သူတွေထိခိုက်မှာစိုးရိမ်ပြီး အစိုးရဘဏ်တွေကို ပိတ်ဆို့မှုချဖို့ တွန့်ဆုတ်နေတဲ့ နိုင်ငံတွေကို NUG က တိုက်တွန်းနားချရပါမယ်။ မြန်မာပြည်သူတွေက ထိခိုက်ခံနေရပြီးပါပြီ။ စီးပွားရေးလည်း ခြွတ်ခြုံကျပြီး ဆင်းရဲတွင်းနက်နေပါပြီ။ ဒါ့ကြောင့် မြန်မာပြည် သူ တွေကို ငဲ့တယ်လို့ချည်း ပြောပြီး ပိတ်ဆို့မှု မချဘဲမနေပါနဲ့။ မြန်မာပြည်သူတွေရဲ့ ပေးဆပ်မှုနဲ့ စစ်ကောင်စီ အမြန်ပြုတ်ကျရေးကိုပဲ အလေးပေးပါဆိုပြီး NUG ဘက်က တခြားနိုင်ငံတွေကို နားချရပါမယ်။

...နောက်တချက်ကတော့ NUGPay လိုမျိုး အွန်လိုင်းငွေချေစနစ်တွေကို သုံးရင် စစ်ကောင်စီအိတ်ကပ်ထဲ ငွေဝင်တာကနေ ရှောင်နိုင်ပါတယ်။ Starlink လို ဂြိုဟ်တုဆက်သွယ်ရေးဆက်တလိုက်တွေ ရှိရင်လည်း ပိုအသုံးဝင်မှာပါ။ အခုက စစ်ဖြစ်နေတာပါ။ စစ်ဆိုတာ ရန်သူကို အမြန်ဆုံး အလဲထိုးနိုင်ဖို့ ဦးတည်ချက်နဲ့တိုက်ရပါတယ်။ ဒါ့ကြောင့် ပစ်မှတ်ထား သုပ်သင်ရှင်းလင်းမှုတွေ လုပ်ဆောင်သင့်ပါတယ်။”

မြို့ပြလူထုကြား ဗုံးဖောက်ခွဲတာတွေထက်စာရင် စစ်တပ်အတွက် အရေးပါတဲ့သူတွေကို သုပ်သင်ရှင်းလင်းတာက ပိုထိရောက်ပါတယ်။ ဒါဟာ စစ်ဆင်ရေးဘက်ကကြည့်ရင် အကျိုးရှိတဲ့ ခြေလှမ်းဖြစ်ပါတယ်။ စစ်တပ်ရဲ့ ဝင်ငွေကို ထိခိုက်စေတဲ့အပြင် ပြည်သူတွေအပေါ် ထောက်လှမ်းအချက်အလက်ယူတာတွေကိုလည်း ဒီနည်းနဲ့ လျှော့နိုင်ပါတယ်။ နောက်တချက်ကတော့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ပါတယ်။ တရုတ်ရဲ့ အဓိက ပိုက်လိုင်း ၂ ခုကို မတိုက်ခိုက်နိုင်ဘူးဆိုရင်တောင် ထိုင်းကို ပေးနေတဲ့ ပိုက်လိုင်းကို ပစ်မှတ်ထားတိုက်ခိုက်ရပါမယ်။ ထိုင်းပိုက်လိုင်းမှာ တကြိမ် ဗုံးခွဲခဲ့ဖူးသလိုပဲ ဒါမျိုးကို ပုံမှန် အကြိမ်ကြိမ် လုပ်သင့်တယ်လို့လည်း သူက ရှင်းပြပါတယ်။ နောက်ဆုံးတချက်အနေနဲ့ စစ်ကောင်စီအာဏာရပြီးနောက် အကျိုးအမြတ်ရနေသူတွေ ဘယ်သူတွေလဲ-ဆိုတာကို မှတ်သားထားဖို့ဖြစ်ကြောင်းနဲ့ အဲဒီလူတွေကို ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ဖို့ တခြားနိုင်ငံကို NUG က အသိပေးရမယ့် တာဝန်ရှိပြီး အနာဂတ်မှာ NUG လွှတ်တော်ဖွဲ့စည်းပြီးတဲ့အခါမှာလည်း ဒီကိစ္စတွေကို ပြန်လှန်အရေးယူရမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ပါမောက္ခ Abuza ထောက်ပြသွားတဲ့အချက်အများစုကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးယာယီတာဝန်ခံဟောင်း Priscilla Clapp က သဘောတူပေမယ့် NUG နဲ့ တော်လှန်ရေးမှာ ပါဝင်နေတဲ့သူတွေအားလုံးအနေနဲ့ သတိထားကိုင်တွယ်ရမယ့်အချက်တွေကို သူက ထောက်ပြပြောဆိုခဲ့ပါတယ်။

“NUG ရင်ဆိုင်နေရတဲ့ ပြဿနာတခုက နိုင်ငံတွင်းမှာရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို NUG က ထိန်းချုပ်ထားတာ မဟုတ်တဲ့အတွက် စစ်ကောင်စီနဲ့ စစ်ကောင်စီရဲ့လုပ်ငန်းတွေအပေါ် တိုက်ခိုက်ဖို့ တိတိကျကျ ညွှန်ကြားရတာခက်ခဲနိုင်တဲ့အပြင် NUG ရဲ့ သဘောထားနဲ့မတိုက်ဆိုင်တဲ့ တိုက်ခိုက်မှုတွေကိုလည်း မြေပြင်ကလက်နက်ကိုင်အဖွဲ့တွေ လုပ်နိုင်ကောင်းလုပ်နိုင်ပါတယ်။ နိုင်ငံတကာရဲ့ အားပေးထောက်ခံမှုနဲ့ အစိုးရအဖြစ်သတ်မှတ်ဖို့ NUG ဘက်က တွန်းအားပေးလုပ်ဆောင်နေချိန်မှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို တိုက်ခိုက်ရင် NUG အနေနဲ့ အထူးသဖြင့် တရုတ်နဲ့ အာဆီယံလို နိုင်ငံတွေနဲ့ သံတမန်ဆက်ဆံရေးလမ်းဖောက်ဖို့ ပိုခဲယဉ်းသွားနိုင်ပါတယ်။ အတိအကျ ထုတ်မပြောနိုင်သေးပေမယ့် NUG နဲ့ အမေရိကန်အစိုးရကြား လုပ်ဆောင်နေတာ အများကြီးရှိပါတယ်။ တရုတ်နဲ့ဆက်ဆံနေကျ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကနေတဆင့်ပဲဖြစ်စေ၊ တရုတ်နဲ့လည်း အလုပ်သဘောဆက် ဆံရေးကို NUG ဘက်က ဆက်လက်ထားရှိပါတယ်။ ဒါကနောင်မှာ အကျိုးရှိလာမှာပါ။ ပါမောက္ခ Abuza ပြောသလိုပဲ မြို့တွေမှာ ဗုံးခွဲတာကို ကျမလည်း အားမပေးပါဘူး။ ပစ်မှတ်ထား လုပ်ကြံသုတ်သင်ရှင်းလင်းမှုတွေလုပ်ရင်လည်း သတိထားရပါမယ်။ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ရမယ်ဆိုပေမယ့် မြန်မာပြည်မှာ သိပ်မရှိတော့တဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကိုတော့ ချန်ထားသင့်တယ်လို့ ထင်ပါတယ်။”

အောက်တိုဘာလ ၁၉ ရက်နေ့က အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်အခြေစိုက် Stimson စင်တာမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲကိုတော့ အရှေ့အာရှ အစီအစဉ်ရဲ့ တွဲဖက်ညွှန်ကြားရေးမှူးနဲ့ အကြီးတန်း ပညာရှင် Yun Sun က ဆွေးနွေးပွဲမှာ အစီအစဉ်မှူး အဖြစ် ဆောင်ရွက်ခဲ့ပြီး အရှေ့တောင် အာရှ ဒေသတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ပုန်ကန်တော်လှန်မှု ဆိုင်ရာ ရန်ပုံငွေထောက်ပံ့မှုနဲ့ ထောက်ပံ့ပို့ဆောင်ရေး၊ နိုင်ငံရေးအရ လက်နက်ကိုင် တော်လှန်မှု တို့ကို နှစ်ပေါင်း ၃၀ ကျော်ကြာ လေ့လာနေသူ National War College ပါမောက္ခ Zach Abuza နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံမှူးဟောင်း Priscilla Clapp လည်း ပါဝင်ဆွေးနွေးခဲ့ပါတယ်ရှင်။

XS
SM
MD
LG