သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းေတာင္ပိုင္း တိုက္ပြဲ ျပင္းထန္


[[Zawgyi/Unicode]]

ယူကရိန္းႏိုင္ငံေတာင္ပိုင္းမွာ တိုက္ပြဲေတြျပင္းထန္ေနတယ္လို႔ ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးဌာနက အခု ေသာၾကာေန႔ ထုတ္ျပန္ပါတယ္။ ကုလသမဂၢ ႏ်ဴကလီယားေရးကြၽမ္းက်င္သူေတြ အခု စစ္ေဆးေနတဲ့ ႐ုရွားထိန္းခ်ဳပ္ထိန္းခ်ဳပ္ထားရာ Zaporishshia ႏ်ဴကလီယားစြမ္းအင္စက္႐ုံအနီး Enerhodar ခ႐ိုင္ကိုလည္း လက္နက္ႀကီးေတြ က်ေရာက္ေနတယ္လို႔ ဆိုပါတယ္။

ႏ်ဴကလီယားေရးကြၽမ္းက်င္သူေတြပါတဲ့ ကုလသမဂၢအဖြဲ႔ဟာ Zaporizhzhia စြမ္းအင္စက္႐ုံအနီး တိုက္ပြဲေတြ ရွိေနတဲ့ၾကားမွာပဲ စစ္ေဆးေရးလုပ္ငန္းေတြကို အခု ေသာၾကာေန႔အထိ ဆက္လုပ္ေနပါတယ္။ စက္႐ုံရဲ႕ ေဘးကင္းလုံၿခဳံေရးကို အႀကိမ္ႀကိမ္ ထိခိုက္မႈရွိခဲ့တယ္ဆိုတာ ေတြ႕ရတာေၾကာင့္ စက္႐ုံနဲ႔ပတ္သက္လို႔ စိုးရိမ္မကင္းျဖစ္ရတယ္လို႔လည္း IAEA အႀကီးအကဲ Rafael Grossi က ေျပာခဲ့ပါတယ္။

စက္႐ုံအနီးတဝိုက္ စစ္ေရးအရ လႈပ္ရွားမႈေတြရွိေနၿပီး တိုက္ခိုက္မႈေတြေၾကာင့္ စက္႐ုံရဲ႕ ႏ်ဴကလီယားဓါတ္ေပါင္းဖိုတခုကို စစ္ေဆးေရးမႉးေတြမေရာက္ခင္က ပိတ္ပစ္ခဲ့ရတယ္လို႔လည္း IAEA အႀကီးအကဲက ေျပာပါတယ္။ IAEA ေစာင့္ၾကပ္ေရးအဖြဲ႕ ဒီ စက္႐ုံမွာ ဆက္ထားႏိုင္ဖို႔ ျဖစ္ႏိုင္ေျခေတြကို စဥ္းစားေနတယ္လို႔လည္း ေျပာပါတယ္။

စက္႐ုံရဲ႕ နံပါတ္ (၁) ဓါတ္ေပါင္းဖိုကေန မီတာ ၄၀၀ အကြာေလာက္ကို ယူကရိန္းလက္နက္ႀကီးတခ်ိဳ႕ ၾကာသာပေတးေန႔က က်ေရာက္ခဲ့တယ္လို႔ ႐ုရွားဘက္က ေျပာပါတယ္။ စက္႐ုံတည္ရွိတဲ့ Enerhodar ၿမိဳနဲ႔ ကုလ စုံစမ္းေရးမႉးေတြ သြားလာေနခ်ိန္မွာ ႐ုရွားတပ္ေတြ တိုက္ခိုက္ခဲ့တယ္လို႔ ယူကရိန္းဘက္က တန္ျပန္စြပ္စြဲပါတယ္။

Zaporizhzhia စက္႐ုံကို ႐ုရွားက်ဴးေက်ာ္မႈအစပိုင္းကတည္းက ႐ုရွားက ထိန္းခ်ဳပ္ ထားၿပီး စက္႐ုံကိုေတာ့ ယူကရိန္းအင္ဂ်င္နီယာေတြက တာဝန္ယူလည္ပတ္ေနတာပါ။
အခု လာတဲ့ ကုလစုံစမ္းေရးအဖြဲ႕အေနနဲ႔ ၾကားကေန သမာသမတ္ရွိရွိ ေဆာင္ ႐ြက္မယ္လို႔ ေမွ်ာ္လင့္တဲ့အေၾကာင္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး Sergey Lavrov က ေျပာပါတယ္။

ယူကရိန္းေတာင္ပိုင္း တိုက္ပြဲ ျပင္းထန္.mp3
please wait

No media source currently available

0:00 0:00:33 0:00
တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ယူကရိန်းတောင်ပိုင်း တိုက်ပွဲ ပြင်းထန်

ယူကရိန်းနိုင်ငံတောင်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက အခု သောကြာနေ့ ထုတ်ပြန်ပါတယ်။ ကုလသမဂ္ဂ နျူကလီယားရေးကျွမ်းကျင်သူတွေ အခု စစ်ဆေးနေတဲ့ ရုရှားထိန်းချုပ်ထိန်းချုပ်ထားရာ Zaporishshia နျူကလီယားစွမ်းအင်စက်ရုံအနီး Enerhodar ခရိုင်ကိုလည်း လက်နက်ကြီးတွေ ကျရောက်နေတယ်လို့ ဆိုပါတယ်။

နျူကလီယားရေးကျွမ်းကျင်သူတွေပါတဲ့ ကုလသမဂ္ဂအဖွဲ့ဟာ Zaporizhzhia စွမ်းအင်စက်ရုံအနီး တိုက်ပွဲတွေ ရှိနေတဲ့ကြားမှာပဲ စစ်ဆေးရေးလုပ်ငန်းတွေကို အခု သောကြာနေ့အထိ ဆက်လုပ်နေပါတယ်။ စက်ရုံရဲ့ ဘေးကင်းလုံခြုံရေးကို အကြိမ်ကြိမ် ထိခိုက်မှုရှိခဲ့တယ်ဆိုတာ တွေ့ရတာကြောင့် စက်ရုံနဲ့ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်ရတယ်လို့လည်း IAEA အကြီးအကဲ Rafael Grossi က ပြောခဲ့ပါတယ်။

စက်ရုံအနီးတဝိုက် စစ်ရေးအရ လှုပ်ရှားမှုတွေရှိနေပြီး တိုက်ခိုက်မှုတွေကြောင့် စက်ရုံရဲ့ နျူကလီယားဓါတ်ပေါင်းဖိုတခုကို စစ်ဆေးရေးမှူးတွေမရောက်ခင်က ပိတ်ပစ်ခဲ့ရတယ်လို့လည်း IAEA အကြီးအကဲက ပြောပါတယ်။ IAEA စောင့်ကြပ်ရေးအဖွဲ့ ဒီ စက်ရုံမှာ ဆက်ထားနိုင်ဖို့ ဖြစ်နိုင်ခြေတွေကို စဉ်းစားနေတယ်လို့လည်း ပြောပါတယ်။

စက်ရုံရဲ့ နံပါတ် (၁) ဓါတ်ပေါင်းဖိုကနေ မီတာ ၄၀၀ အကွာလောက်ကို ယူကရိန်းလက်နက်ကြီးတချို့ ကြာသာပတေးနေ့က ကျရောက်ခဲ့တယ်လို့ ရုရှားဘက်က ပြောပါတယ်။ စက်ရုံတည်ရှိတဲ့ Enerhodar မြိုနဲ့ ကုလ စုံစမ်းရေးမှူးတွေ သွားလာနေချိန်မှာ ရုရှားတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းဘက်က တန်ပြန်စွပ်စွဲပါတယ်။

Zaporizhzhia စက်ရုံကို ရုရှားကျူးကျော်မှုအစပိုင်းကတည်းက ရုရှားက ထိန်းချုပ် ထားပြီး စက်ရုံကိုတော့ ယူကရိန်းအင်ဂျင်နီယာတွေက တာဝန်ယူလည်ပတ်နေတာပါ။
အခု လာတဲ့ ကုလစုံစမ်းရေးအဖွဲ့အနေနဲ့ ကြားကနေ သမာသမတ်ရှိရှိ ဆောင် ရွက်မယ်လို့ မျှော်လင့်တဲ့အကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ပြောပါတယ်။

XS
SM
MD
LG