သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားက ဥေရာပတိုက္ကို ဓါတ္ေငြ႕တင္ပို႔မႈ ယာယီရပ္ဆိုင္း


Gazprom အမွတ္တံဆိပ္နဲ႔ ရုရွားအလံကို တြဲဖက္ပံုေဖာ္ထားပံု။

[[Zawgyi/Unicode]]

ယူကရိန္းေတာင္ပိုင္းက Zaporizhzhia ႏ်ဴကလီယား စက္ရံုနား ေနာက္ထပ္ပစ္ခတ္မႈေတြအတြက္ ႐ုရွားနဲ႔ ယူကရိန္းတို႔ ဗုဒၶဟူးေန႔မွာ အျပန္အလွန္စြပ္စြဲေနၾကခ်ိန္ မွာပဲ ႐ုရွားရဲ႕ Gazprom စြမ္းအင္ကုမၸဏီက ဥေရာပကို ဓါတ္ေငြ႕တင္ပို႔မႈ ေခတၱရပ္ဆိုင္းလိုက္ေၾကာင္း ေၾကညာပါတယ္။

ဥေရာပကိုပို႔တဲ့ ပင္မသဘာဝဓါတ္ေငြ႔ပိုက္လိုင္း Nord Stream ကို ျပဳျပင္မြမ္းမံဖို႔ ၃ ရက္ၾကာပိတ္ထားမွာ ျဖစ္ေၾကာင္း Gazprom က ေၾကညာထားတဲ့အတိုင္း ဗုဒၶဟူးေန႔မွာ စၿပီး ဓါတ္ေငြ႔တင္ပို႔မႈကို ရပ္ဆိုင္းလိုက္တာ ျဖစ္ပါတယ္။ အလားတူ ရပ္ဆိုင္းမႈကို ဇြန္လလယ္တုန္းကလည္း Gazprom က ျပဳလုပ္ခဲ့တာပါ။

ယူကရိန္းစစ္ပြဲအတြင္း ဥေရာပက ယူကရိန္းကို ေထာက္ခံပံ့ပိုးေပးေနတာအတြက္ လက္တုံ႔ျပန္တဲ့အေနနဲ႔ ႐ုရွားက ဥေရာပကိုေပးေနတဲ့စြမ္းအင္ကို မေပးပဲထားမွာကို စိုးရိမ္ေၾကာင္း ဥေရာပႏိုင္ငံတခ်ိဳ႕က ေျပာၾကားေနပါတယ္။

ယူကရိန္းမွာ ႐ုရွားသိမ္းပိုက္ထားၿပီး ယူကရိန္းပညာရွင္ေတြနဲ႔ လည္ပတ္ေနတဲ့ Zaporizhzhia ႏ်ဴကလီယားစက္ရံုက ႏ်ဴကလီယားေရာင္ျခည္ အႏၲရာယ္က်ေရာက္မွာကို ႏိုင္ငံတကာက စိုးရိမ္ေနၾကခ်ိန္မွာပဲ ဗုဒၶဟူးေန႔က စက္ရံုတဝိုက္ ပစ္ခတ္ မႈေတြ ျဖစ္ပြါးခဲ့တာပါ။

ဒီပတ္ခတ္မႈအတြက္ ၂ ဘက္ အျပန္အလွန္စြပ္စြဲေနၾကတာျဖစ္ၿပီး ဒီစက္ရံု လံုျခံဳစိတ္ရမႈဆိုင္ရာ စစ္ေဆးမယ့္ IAEA အျပည္ျပည္ဆိုင္ရာ အႏုျမဴစြမ္းအင္ ေအဂ်င္စီ အႀကီးအကဲ Rafael Grossi ဦးေဆာင္တဲ့ ကိုယ္စားလွယ္ အဖြဲ႔ကေတာ့ စက္ရံုကို သြားဖို႔ ဗုဒၶဟူးေန႔မွာ ထြက္ခြါသြားၿပီျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ရုရှားက ဥရောပတိုက်ကို ဓါတ်ငွေ့တင်ပို့မှု ယာယီ့ရပ်ဆိုင်း

ယူကရိန်းတောင်ပိုင်းက Zaporizhzhia နျူကလီယား စက်ရုံနား နောက်ထပ်ပစ်ခတ်မှုတွေအတွက် ရုရှားနဲ့ ယူကရိန်းတို့ ဗုဒ္ဓဟူးနေ့မှာ အပြန်အလှန်စွပ်စွဲနေကြချိန် မှာပဲ ရုရှားရဲ့ Gazprom စွမ်းအင်ကုမ္ပဏီက ဥရောပကို ဓါတ်ငွေ့တင်ပို့မှု ခေတ္တရပ်ဆိုင်းလိုက်ကြောင်း ကြေညာပါတယ်။

ဥရောပကိုပို့တဲ့ ပင်မသဘာဝဓါတ်ငွေ့ပိုက်လိုင်း Nord Stream ကို ပြုပြင်မွမ်းမံဖို့ ၃ ရက်ကြာပိတ်ထားမှာ ဖြစ်ကြောင်း Gazprom က ကြေညာထားတဲ့အတိုင်း ဗုဒ္ဓဟူးနေ့မှာ စပြီး ဓါတ်ငွေ့တင်ပို့မှုကို ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။ အလားတူ ရပ်ဆိုင်းမှုကို ဇွန်လလယ်တုန်းကလည်း Gazprom က ပြုလုပ်ခဲ့တာပါ။

ယူကရိန်းစစ်ပွဲအတွင်း ဥရောပက ယူကရိန်းကို ထောက်ခံပံ့ပိုးပေးနေတာအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ ရုရှားက ဥရောပကိုပေးနေတဲ့စွမ်းအင်ကို မပေးပဲထားမှာကို စိုးရိမ်ကြောင်း ဥရောပနိုင်ငံတချို့က ပြောကြားနေပါတယ်။

ယူကရိန်းမှာ ရုရှားသိမ်းပိုက်ထားပြီး ယူကရိန်းပညာရှင်တွေနဲ့ လည်ပတ်နေတဲ့ Zaporizhzhia နျူကလီယားစက်ရုံက နျူကလီယားရောင်ခြည် အန္တရာယ်ကျရောက်မှာကို နိုင်ငံတကာက စိုးရိမ်နေကြချိန်မှာပဲ ဗုဒ္ဓဟူးနေ့က စက်ရုံတဝိုက် ပစ်ခတ် မှုတွေ ဖြစ်ပွါးခဲ့တာပါ။

ဒီပတ်ခတ်မှုအတွက် ၂ ဘက် အပြန်အလှန်စွပ်စွဲနေကြတာဖြစ်ပြီး ဒီစက်ရုံ လုံခြုံစိတ်ရမှုဆိုင်ရာ စစ်ဆေးမယ့် IAEA အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ အကြီးအကဲ Rafael Grossi ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ကတော့ စက်ရုံကို သွားဖို့ ဗုဒ္ဓဟူးနေ့မှာ ထွက်ခွါသွားပြီဖြစ်ပါတယ်။

XS
SM
MD
LG