သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္း ႏ်ဴကလီယားစက္႐ုံ ေဘးကင္းေရး IAEA စတင္ စစ္ေဆး 


International Atomic Energy Agency (IAEA) ရဲ႕အမႈေဆာင္ဒါရိုက္တာခ်ဳပ္ Rafael Mariano Grossi က ယူကရိန္းႏိုင္ငံ Zaporizhzhia ႏ်ဴကလီယားဓာတ္အားေပးစက္႐ံုကိုသြားေရာက္စစ္ေဆးခုိက္သတင္းေထာက္မ်ားနဲ႔ေတြ႔ဆံုစဥ္။ (စက္တင္ဘာ ၁၊ ၂၀၂၂)

[[Zawgyi/Unicode]]


ယူကရိန္းက Zaporizhzhia ႏ်ဴကလီယား ဓါတ္အားေပးစက္႐ုံကို ေရာက္လာတဲ့ IAEA ႏိုင္ငံတကာ အႏုျမဴစြမ္းအင္ေအဂ်င္စီအဖြဲ႕ဟာ စက္႐ုံ ေဘးကင္းေရးနဲ႔ လုံၿခဳံေရးဆိုင္ရာ ဆန္းစစ္မႈေတြကို ဒီကေန႔ စတင္လုပ္ေဆာင္ေတာ့မွာ ျဖစ္ပါတယ္။ စက္႐ုံကေန န်ဴကလီယားအဆိပ္သင့္ အႏၲရာယ္ႀကဳံမွာကို အမ်ားက စိုးရိမ္ေနၾကခ်ိန္မွာပဲ စက္႐ုံတဝိုက္ ပစ္ခတ္မႈေတြတိုးလာေနတယ္လို႔ IAEA အႀကီးအကဲ Rafael Grossi က ေျပာပါတယ္။

စက္႐ုံဝန္းက်င္မွာ စစ္ေရးလႈပ္ရွားမႈေတြ တိုးလာေနၿပီး ဒီမနက္မွာေရာ မိနစ္ပိုင္းတုန္းကပဲ ပစ္ခတ္မႈေတြ ရွိခဲ့တယ္လို႔ စက္႐ုံနားမွာ သတင္းေထာက္ေတြကို ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ ဒါ့ေပမဲ့ လက္ရွိ အေျခေနအတိုင္းဆို လုပ္စရာ ရွိတာေတြကို ဆက္လုပ္မွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

ဥေရာပမွာ အႀကီးဆုံးျဖစ္တဲ့ ဒီစက္႐ုံကေန ယူကရိန္းအတြက္ လွ်ပ္စစ္ဓါတ္ အား အဓိက ျဖန႔္ျဖဴးေနတာျဖစ္ၿပီး စက္႐ုံဝန္းက်င္တဝိုက္ ပစ္ခတ္မႈေတြနဲ႔ ပတ္သက္ၿပီး ယူကရိန္းနဲ႔ ႐ုရွားတို႔ အျပန္အလွန္ စြပ္စြဲအပစ္တင္ေနၾကတာလည္း ျဖစ္ပါတယ္။ စက္႐ုံကိုသိမ္းဖို႔ ယူကရိန္းက တပ္ဖြဲ႕ေတြ ေစလႊတ္ခဲ့တယ္လို႔ ႐ုရွားကေျပာသလို ယူကရိန္းကလည္း ႐ုရွားတပ္ေတြဟာ IAEA အဖြဲ႕ စက္႐ုံကိုလာမယ့္ လမ္းေၾကာင္းကို အေျမာက္ေတြနဲ႔ ပစ္ခတ္တယ္လို႔ ေျပာဆိုေနၾကတာပါ။

ယူကရိန္းက န်ဴကလီယား ဓါတ္အားေပးစက္႐ုံေတြကို ႀကီးၾကပ္ရတဲ့ Enerho atom ကေတာ့ ႐ုရွားေတြရဲ႕ အေျမာက္နဲ႔ ပစ္ခတ္မႈကေန Zaporizhzhia စက္႐ုံရဲ႕ ဓါတ္ေပါင္းဖိုတခုကို အေရးေပၚ ကာကြယ္ေရး စနစ္နဲ႔ ပိတ္ပစ္ခဲ့ရတယ္လို႔ ေျပာပါတယ္။

IAEA အဖြဲ႕ အေနနဲ႔ ကနဦး လုပ္ငန္းေတြ လုပ္ဖို႔ ရက္အနည္းငယ္ လိုအပ္မွာျဖစ္ၿပီး ဒီစက္႐ုံအတြက္ အၿမဲတမ္း ေစာင့္ၾကည့္သြားဖို႔ လုပ္ေဆာင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္းလည္း IAEA အႀကီးအကဲ Grossi က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

ယူကရိန်း နျူကလီယားစက်ရုံ ဘေးကင်းရေး IAEA စတင် စစ်ဆေး

ယူကရိန်းက Zaporizhzhia နျူကလီယား ဓါတ်အားပေးစက်ရုံကို ရောက်လာတဲ့ IAEA နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီအဖွဲ့ဟာ စက်ရုံ ဘေးကင်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ဆန်းစစ်မှုတွေကို ဒီကနေ့ စတင်လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။ စက်ရုံကနေ နျူကလီယားအဆိပ်သင့် အန္တရာယ်ကြုံမှာကို အများက စိုးရိမ်နေကြချိန်မှာပဲ စက်ရုံတဝိုက် ပစ်ခတ်မှုတွေတိုးလာနေတယ်လို့ IAEA အကြီးအကဲ Rafael Grossi က ပြောပါတယ်။

စက်ရုံဝန်းကျင်မှာ စစ်ရေးလှုပ်ရှားမှုတွေ တိုးလာနေပြီး ဒီမနက်မှာရော မိနစ်ပိုင်းတုန်းကပဲ ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ စက်ရုံနားမှာ သတင်းထောက်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါ့ပေမဲ့ လက်ရှိ အခြေနေအတိုင်းဆို လုပ်စရာ ရှိတာတွေကို ဆက်လုပ်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဥရောပမှာ အကြီးဆုံးဖြစ်တဲ့ ဒီစက်ရုံကနေ ယူကရိန်းအတွက် လျှပ်စစ်ဓါတ် အား အဓိက ဖြန့်ဖြူးနေတာဖြစ်ပြီး စက်ရုံဝန်းကျင်တဝိုက် ပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး ယူကရိန်းနဲ့ ရုရှားတို့ အပြန်အလှန် စွပ်စွဲအပစ်တင်နေကြတာလည်း ဖြစ်ပါတယ်။ စက်ရုံကိုသိမ်းဖို့ ယူကရိန်းက တပ်ဖွဲ့တွေ စေလွှတ်ခဲ့တယ်လို့ ရုရှားကပြောသလို ယူကရိန်းကလည်း ရုရှားတပ်တွေဟာ IAEA အဖွဲ့ စက်ရုံကိုလာမယ့် လမ်းကြောင်းကို အမြောက်တွေနဲ့ ပစ်ခတ်တယ်လို့ ပြောဆိုနေကြတာပါ။

ယူကရိန်းက နျူကလီယား ဓါတ်အားပေးစက်ရုံတွေကို ကြီးကြပ်ရတဲ့ Enerho atom ကတော့ ရုရှားတွေရဲ့ အမြောက်နဲ့ ပစ်ခတ်မှုကနေ Zaporizhzhia စက်ရုံရဲ့ ဓါတ်ပေါင်းဖိုတခုကို အရေးပေါ် ကာကွယ်ရေး စနစ်နဲ့ ပိတ်ပစ်ခဲ့ရတယ်လို့ ပြောပါတယ်။

IAEA အဖွဲ့ အနေနဲ့ ကနဦး လုပ်ငန်းတွေ လုပ်ဖို့ ရက်အနည်းငယ် လိုအပ်မှာဖြစ်ပြီး ဒီစက်ရုံအတွက် အမြဲတမ်း စောင့်ကြည့်သွားဖို့ လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း IAEA အကြီးအကဲ Grossi က ပြောပါတယ်။

XS
SM
MD
LG