သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇာဂနာ ပြန်ပေးသမားတွေလက်က လွတ်လာသတဲ့


A man is seen on a damaged staircase in Homs, Syria.
A man is seen on a damaged staircase in Homs, Syria.

ဒီကနေ့ လွှတ်ပေးခဲ့တဲ့အထဲ အများစုက သာမန်အကျဉ်းသားတွေသာ ဖြစ်ပြီးတော့ နိုင်ငံရေးအကျဉ်းသား အနည်းစုသာ ပါဝင်ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိင်ငံရေးအကျဉ်းသားတွေ ဘယ်နှစ်ယောက် ပါတယ်ဆိုတာ လောလောဆယ် အတိအကျ မသိရသေးပေမယ့် ၁၈၀ ကျော်လောက် ရှိမယ်လို့တော့ လောလောဆယ် သိထားရပါတယ်။ ဒီအထဲမှာ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသား၊ ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတချို့ ပါဝင်လာတာကိုတော့ တွေ့နေရပါတယ်။

စွယ်စုံ အနုပညာရှင် လူရွှင်တော် ဇာဂနာ ခေါ် ကိုသူရ၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဗိုလ်ချုပ် ဆေထင်၊ မစုစုနွေးတို့လည်း ပါဝင်လာကြပါတယ်။ မြစ်ကြီးနားအကျဉ်းထောင်ကနေ လွတ်လွတ်လာချင်း ဆိုသလိုပဲ ဗွီအိုအေကနေ ဆက်သွယ် မေးမြန်းခွင့်ရခဲ့တဲ့ ကိုဇာဂနာ အပါအဝင် ဒီကနေ့လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဘယ်လောက်ရှိသလဲ အခြေအနေတွေကိုတော့ ထိုင်းအခြေစိုက် သတင်းထောက်
မအေးအေးမာက တင်ပြပေးထားပါတယ်။

မြစ်ကြီးနားအကျဉ်းထောင်မှာ ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခံထားရပြီး ဒီကနေ့မှာပဲ ပြန်လည် လွတ်မြောက် လာတဲ့ စွယ်စုံအနုပညာရှင်လူရွှင်တော်ကိုသူရ ခေါ် ကိုဇာဂနာကတော့ လက်ရှိ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုကို ယုံကြည်လို့ မရသေးသလို နိုင်ငံရေးအကျဉ်းသားတွေဟာ ပြန်ပေးဆွဲခံထားရသူတွေနဲ့ တူတယ်ဆိုပြီး ပြောသွားပါတယ်။

"ကျနော် တခါတခါ စဉ်းစားမိတယ်၊ ကိုယ့်ကိုကိုယ် ဆိုမာလီ ပင်လယ်ဓါးပြတွေ လက်ထဲ ရောက်သွား သလိုပဲ။ ပြန်ပေးများ ဆွဲခံထားရတာလားလို့။ မပျော်ဘူး၊ အဲဒီလို ပြောရမှာပေါ့၊ စိတ်မချမ်းသာဘူး။ ဒါကြီးက ယုံရခက်ကြီးပဲ။ မယုံနိုင်တော့ဘူး။ကျနော် ပြောချင်တာကတော့လေ၊ ပြည်သူတွေရော နိုင်ငံရေး သမားတွေရော၊ ကျနော် ပြောချင်တာ တခုရှိတယ်။ နေတိုးလို မလုပ်ကြပါနဲ့လို့။ ပြေတည်ဦးလို လုပ်ကြပါလို့ အဲဒီလို ပြောချင်တယ်။

သဘောကတော့ဗျာ၊ နေတိုးဆိုတာက No Action၊ Talk Only တဲ့။ စကားတွေချည်းဘဲ ပြောမနေကြပါနဲ့၊ အလုပ်တွေ လုပ်ကြပါပေါ့။ ပြေတည်ဦး ဆိုတာကတော့ တိုင်းပြည်ကို တည်ထောင်ဖို့အတွက် ဦးစားပေးပြီး လုပ်ကြပါလို့။ ပြည်သူတွေကိုလည်း ပြောချင်တယ်၊ နိုင်ငံရေးသမားတွေကိုလည်း ပြောချင်တယ်။
ဒါ အစိုးရအတွက်လည်း ပြောချင်တယ်။"

ဒါကတော့ အောက်တိုဘာလ ၁၂ ရက်နေ့က ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံကျော် ဟာသပညာရှင် ကိုဇာဂနာက ထောင်ကထွက်ထွက်ချင်း ရန်ကုန်ကို ပြန်မရောက်ခင် မြစ်ကြီးနားမြို့မှာ ရှိနေစဉ်အတွင်း ဗီအိုအေ မြန်မာပိုင်းကို ပြောပြခဲ့တာပါ။

XS
SM
MD
LG