သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဆီယံပဋိညာဥ္အတိုင္း လုပ္ေဆာင္သြားမယ္ - ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း


T

{Zawgyi/Unicode}

အာဆီယံ ထိပ္သီးညီလာခံတက္ဖို႔ စစ္ေကာင္စီေခါင္းေဆာင္ကို ဖိတ္ၾကားေရး မဖိတ္ၾကားေရးနဲ႔ပတ္သက္ၿပီး ေျပာဆိုခ်က္ေတြဟာ ပုဂၢလိက “ပိုင္းဆိုင္ရာ ေျပာၾကားခ်က္ေတြသာ” ျဖစ္ၿပီး အာဆီယံမွာ အားလုံး သေဘာတူ ဆႏၵကသာ အဓိကျဖစ္တယ္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက မီဒီယာေတြကို ေပးပို႔တဲ့ မွတ္ခ်က္ထဲမွာေျပာထားပါတယ္။

“က်ေနာ္အေလးထားေျပာခ်င္တာက အခုနကေျပာတဲ့ အားလံုးသေဘာတူဆႏၵပါ။ အားလံုးသေဘာတူဆႏၵအရဖြဲ႔စည္းထားတယ္။ ဒါေၾကာင့္မို႔လို႔ က်ေနာ္ေျပာခ်င္တာက-အခုနကေျပာတဲ့ဟာသည္ - တဦးခ်င္း..ပုဂၢလိကပိုင္းဆုိင္ရာ အမ်ားဆံုးရွိရင္ ႏုိင္ငံ တႏုိင္ငံခ်င္းဆုိင္ရာပဲျဖစ္ပါတယ္။ ဒီဟာေတြေၾကာင့္မို႔လို႔ က်ေနာ္တို႔အေနနဲ႔ ျမန္မာႏုိင္ငံႀကီးကေတာ့ အာဆီယံအဖြဲ႔ဝင္ႏုိင္ငံျဖစ္တဲ့အတြက္အာဆီယံ ပဋိဉာဥ္ေတြ၊ စည္းမ်ဥ္းစည္းကမ္းေတြအတိုင္း လုပ္ေဆာင္သြားမယ္လို႔ပဲ ေျပာခ်င္တယ္။”


အာဆီယံအထူးကိုယ္စားလွယ္ ျမန္မာႏိုင္ငံကို လာေရာက္ေရးကိစၥအေပၚ တိတိက်က် ေျပာၾကားမသြား ေပမဲ့ အမႈရင္ဆိုင္ေနရတဲ့သူေတြ၊ အၾကမ္းဖက္အဖြဲ႔ေတြနဲ႔ ေတြ႔ဆုံခြင့္ေပးဖို႔ဆိုတာက ခဲယဥ္းေၾကာင္း ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက မီဒီယာေတြကို ေျပာပါတယ္။
ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ တက္ေရာက္ခဲ့တဲ့ အာဆီယံ သေဘာတူညီခ်က္ ၅ ခ်က္မွာ ပါဝင္ပတ္သက္သူေတြနဲ႔ ေတြ႔ဆုံေဆြးေႏြးေရး အခ်က္တခ်က္ ပါဝင္ပါတယ္။
“ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ဆုံဖို႔အတြက္ အာဆီယံရဲ႕ႀကိဳးပမ္းမႈ မေအာင္ျမင္ဘူးဆိုရင္ လူထုအေနနဲ႔ ကေတာ့ သူတို႔ရဲ႕ ၾကားဝင္ေျဖရွင္းမႈကို ေတာ္ေတာ္ေလး အယုံအၾကည္ နည္းသြားႏိုင္တယ္" လို႔ ရွမ္းတိုင္း ရင္းသားမ်ားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ အေထြေထြအတြင္းေရးမႉးခ်ဳပ္ ဦးစိုင္းလိတ္က ဗြီအိုေအကို ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


=======
{Unicode}


အာဆီယံပဋိညာဉ်အတိုင်း လုပ်ဆောင်သွားမယ် - ဗိုလ်ချုပ်ဇော်မင်းထွန်း

အာဆီယံ ထိပ်သီးညီလာခံတက်ဖို့ စစ်ကောင်စီခေါင်းဆောင်ကို ဖိတ်ကြားရေး မဖိတ်ကြားရေးနဲ့ပတ်သက်ပြီး ပြောဆိုချက်တွေဟာ ပုဂ္ဂလိက “ပိုင်းဆိုင်ရာ ပြောကြားချက်တွေသာ” ဖြစ်ပြီး အာဆီယံမှာ အားလုံး သဘောတူ ဆန္ဒကသာ အဓိကဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာတွေကို ပေးပို့တဲ့ မှတ်ချက်ထဲမှာပြောထားပါတယ်။

“ကျနော်အလေးထားပြောချင်တာက အခုနကပြောတဲ့ အားလုံးသဘောတူဆန္ဒပါ။ အားလုံးသဘောတူဆန္ဒအရဖွဲ့စည်းထားတယ်။ ဒါကြောင့်မို့လို့ ကျနော်ပြောချင်တာက-အခုနကပြောတဲ့ဟာသည် - တဦးချင်း..ပုဂ္ဂလိကပိုင်းဆိုင်ရာ အများဆုံးရှိရင် နိုင်ငံ တနိုင်ငံချင်းဆိုင်ရာပဲဖြစ်ပါတယ်။ ဒီဟာတွေကြောင့်မို့လို့ ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံကြီးကတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက်အာဆီယံ ပဋိဉာဉ်တွေ၊ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လုပ်ဆောင်သွားမယ်လို့ပဲ ပြောချင်တယ်။”

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို လာရောက်ရေးကိစ္စအပေါ် တိတိကျကျ ပြောကြားမသွား ပေမဲ့ အမှုရင်ဆိုင်နေရတဲ့သူတွေ၊ အကြမ်းဖက်အဖွဲ့တွေနဲ့ တွေ့ဆုံခွင့်ပေးဖို့ဆိုတာက ခဲယဉ်းကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက မီဒီယာတွေကို ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့တဲ့ အာဆီယံ သဘောတူညီချက် ၅ ချက်မှာ ပါဝင်ပတ်သက်သူတွေနဲ့ တွေ့ဆုံဆွေးနွေးရေး အချက်တချက် ပါဝင်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့အတွက် အာဆီယံရဲ့ကြိုးပမ်းမှု မအောင်မြင်ဘူးဆိုရင် လူထုအနေနဲ့ ကတော့ သူတို့ရဲ့ ကြားဝင်ဖြေရှင်းမှုကို တော်တော်လေး အယုံအကြည် နည်းသွားနိုင်တယ်" လို့ ရှမ်းတိုင်း ရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးစိုင်းလိတ်က ဗွီအိုအေကို ပြောထားပါတယ်။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #voaburmese #စစ်အာဏာသိမ်းမှု #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG