သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အၾကမ္းဖက္အျဖစ္ ေၾကညာထားသူမ်ားနဲ႔ ေတြ႔ဆံုေဆြးေႏြးစရာအေၾကာင္းမရွိ - ဗုိလ္ခ်ဳပ္ေဇာ္မင္းထြန္း


စစ္ေကာင္စီေျပာခြင့္ရ ဗုိလ္ခ်ဳပ္ေဇာ္မင္းထြန္း (ယခင္ပံုေဟာင္း)

{{Zawgyi/Unicode}}

တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္း EAO ေတြနဲ႔ ေတြ႔ဆံုေဆြးေႏြးဖို႔ ျဖစ္ႏုိင္တယ္လုိ႔ စစ္ေကာင္စီေျပာခြင့္ရ ဗုိလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဒီကေန႔ ေနျပည္ေတာ္မွာလုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္းေျပာသြားေပမယ့္ အာဏာသိမ္းၿပီးေနာက္ပိုင္း ေပၚလာတဲ့အဖြဲ႔အစည္းေတြနဲ႔ ေတြ႔ဆံုေဆြးေႏြးေရးကို ပယ္ခ်ခဲ့ပါတယ္။

“မတရားအသင္းအျဖစ္ ေၾကညာခံထားရသူမ်ားနဲ႔ အၾကမ္းဖက္အျဖစ္ ေၾကညာခံထားရသူမ်ားနဲ႔ ေတြ႔ဆံုေဆြးေႏြးစရာ အေၾကာင္းမရွိဘူး။ အၾကမ္းဖက္အျဖစ္ ေၾကညာျခင္းကေန သူတို႔လုပ္ေဆာင္မႈနဲ႔ ျပသရမွာျဖစ္တယ္။ ဒါမွ ေတြ႔ဆံုေဆြးေႏြးေရးဆိုတာ ျဖစ္လာမွာျဖစ္တယ္။ ရွင္းရွင္းေျပာရရင္ ဘယ္ႏိုင္ငံမွာမွ အၾကမ္းဖက္သမားအျဖစ္ ေၾကညာတဲ့အဖြဲ႔အစည္းနဲ႔ ေတြ႔ဆံုေဆြးေႏြးေရးဆိုတာ လုပ္ခဲ့တာမရွိဘူး။ ေနာက္ထပ္ က်ေနာ္ ထပ္ေျပာမယ္။ ေတြ႔ဆံုေဆြးေႏြးေရးလမ္းေၾကာင္းဆိုတာက EAO တုိ႔လို သမုိင္းေၾကာင္းအစဥ္အလာနဲ႔ျဖစ္လာတဲ့ လက္နက္ကိုင္မ်ားနဲ႔ေတြ႔ဆံုေဆြးေႏြးေရးသာ ျဖစ္ႏိုင္တယ္။ လတ္တေလာျဖစ္ေပၚေနတဲ့ အေျခအေနေပၚမွာ အခြင့္ေကာင္းယူၿပီး လတ္တေလာျဖစ္ေပၚေနတဲ့ေနရာေတြမွာ အခြင့္ေကာင္းယူၿပီးေတာ့က် ႏိုင္ငံေတာ္ကို ေႏွာင့္ယွက္ဖ်က္စီးေနေသာသူမ်ားနဲ႔ ေတြ႔ဆံုေဆြးေႏြးစရာ အေၾကာင္းမရွိဘူး။”

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း လက္နက္ကိုင္ ေတာ္လွန္ေနၾကတဲ့ ေဒသခံ ျပည္သူ႔ ကာကြယ္ေရး အဖြဲ႔ LPDF ေတြ အမ်ားအျပား ေပၚေပါက္လာခဲ့သလို စစ္ေကာင္စီတပ္ဖြဲ႔ေတြဘက္က အင္အားသံုး ႏွိမ္ႏွင္းမႈေတြ၊ အျပန္အလွန္ ၿခိမ္းေျခာက္ တိုက္ခိုက္မႈေတြၾကားမွာ ျပည္သူလူထုတဦးခ်င္းရဲ႕ လုံျခံဳေရးကို အာဏာသိမ္းယူထားတဲ့ စစ္ေကာင္စီက အာမခံခ်က္ မေပးႏိုင္ဘူးလို႔လည္း ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာဆိုသြားပါတယ္။

ဒီကေန႔ သတင္းစာရွင္းလင္းပြဲမွာေတာ့ NLD လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦးၿဖိဳးေဇယ်ာေသာ္ကို ႏုိဝင္ဘာလ ၁၈ ရက္ေန႔က ဖမ္းဆီးမိခဲ့တဲ့ကိစၥနဲ႔ပတ္သက္ၿပီး ႐ုပ္ပံုေတြနဲ႔ အက်ယ္တဝံ့ ေျပာသြားပါတယ္။ ရန္ကုန္ၿမိဳ႕တြင္း ပစ္ခတ္သတ္ျဖတ္မႈ အမ်ားအျပားကို ဦးၿဖိဳးေဇယ်ာေသာ္ ဦးေဆာင္လုပ္ခဲ့တယ္လို႔ စစ္ေကာင္စီက စြပ္စြဲထားတာပါ။

လက္ရွိ ျမန္မာႏိုင္ငံတြင္း ဖမ္းဆီးခံထားရတဲ့ သတင္းေထာက္ေတြနဲ႔ ပတ္သက္လို႔ေတာ့ ျပစ္မႈတစံုတရာ က်ဴးလြန္တဲ့အတြက္ ဖမ္းဆီးထားတဲ့ သတင္းေထာက္ေတြရွိေပမဲ့ သတင္းေထာက္အလုပ္ လုပ္တဲ့အတြက္ဆိုၿပီး ဖမ္းဆီးထားတဲ့သတင္းေထာက္ မရွိတဲ့အေၾကာင္း၊ ျပစ္မႈေတြကို ျပန္လည္ စိစစ္ၿပီး ျပန္လႊတ္ေပးႏိုင္ေအာင္ လုပ္ေဆာင္ေနတာေတြ ရွိေနတယ္လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ​ေပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


========

{Unicode}}

အကြမ်းဖက်အဖြစ် ကြေညာထားသူများနဲ့ တွေ့ဆုံဆွေးနွေးစရာအကြောင်းမရှိ - ဗိုလ်ချုပ်ဇော်မင်းထွန်း

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖြစ်နိုင်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းပြောသွားပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်လာတဲ့အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးရေးကို ပယ်ချခဲ့ပါတယ်။

“မတရားအသင်းအဖြစ် ကြေညာခံထားရသူများနဲ့ အကြမ်းဖက်အဖြစ် ကြေညာခံထားရသူများနဲ့ တွေ့ဆုံဆွေးနွေးစရာ အကြောင်းမရှိဘူး။ အကြမ်းဖက်အဖြစ် ကြေညာခြင်းကနေ သူတို့လုပ်ဆောင်မှုနဲ့ ပြသရမှာဖြစ်တယ်။ ဒါမှ တွေ့ဆုံဆွေးနွေးရေးဆိုတာ ဖြစ်လာမှာဖြစ်တယ်။ ရှင်းရှင်းပြောရရင် ဘယ်နိုင်ငံမှာမှ အကြမ်းဖက်သမားအဖြစ် ကြေညာတဲ့အဖွဲ့အစည်းနဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတာ လုပ်ခဲ့တာမရှိဘူး။ နောက်ထပ် ကျနော် ထပ်ပြောမယ်။ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းဆိုတာက EAO တို့လို သမိုင်းကြောင်းအစဉ်အလာနဲ့ဖြစ်လာတဲ့ လက်နက်ကိုင်များနဲ့တွေ့ဆုံဆွေးနွေးရေးသာ ဖြစ်နိုင်တယ်။ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေပေါ်မှာ အခွင့်ကောင်းယူပြီး လတ်တလောဖြစ်ပေါ်နေတဲ့နေရာတွေမှာ အခွင့်ကောင်းယူပြီးတော့ကျ နိုင်ငံတော်ကို နှောင့်ယှက်ဖျက်စီးနေသောသူများနဲ့ တွေ့ဆုံဆွေးနွေးစရာ အကြောင်းမရှိဘူး။”

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် တော်လှန်နေကြတဲ့ ဒေသခံ ပြည်သူ့ ကာကွယ်ရေး အဖွဲ့ LPDF တွေ အများအပြား ပေါ်ပေါက်လာခဲ့သလို စစ်ကောင်စီတပ်ဖွဲ့တွေဘက်က အင်အားသုံး နှိမ်နှင်းမှုတွေ၊ အပြန်အလှန် ခြိမ်းခြောက် တိုက်ခိုက်မှုတွေကြားမှာ ပြည်သူလူထုတဦးချင်းရဲ့ လုံခြုံရေးကို အာဏာသိမ်းယူထားတဲ့ စစ်ကောင်စီက အာမခံချက် မပေးနိုင်ဘူးလို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုသွားပါတယ်။

ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာတော့ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်ကို နိုဝင်ဘာလ ၁၈ ရက်နေ့က ဖမ်းဆီးမိခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ရုပ်ပုံတွေနဲ့ အကျယ်တဝံ့ ပြောသွားပါတယ်။ ရန်ကုန်မြို့တွင်း ပစ်ခတ်သတ်ဖြတ်မှု အများအပြားကို ဦးဖြိုးဇေယျာသော် ဦးဆောင်လုပ်ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲထားတာပါ။

လက်ရှိ မြန်မာနိုင်ငံတွင်း ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေနဲ့ ပတ်သက်လို့တော့ ပြစ်မှုတစုံတရာ ကျူးလွန်တဲ့အတွက် ဖမ်းဆီးထားတဲ့ သတင်းထောက်တွေရှိပေမဲ့ သတင်းထောက်အလုပ် လုပ်တဲ့အတွက်ဆိုပြီး ဖမ်းဆီးထားတဲ့သတင်းထောက် မရှိတဲ့အကြောင်း၊ ပြစ်မှုတွေကို ပြန်လည် စိစစ်ပြီး ပြန်လွှတ်ပေးနိုင်အောင် လုပ်ဆောင်နေတာတွေ ရှိနေတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပောပါတယ်။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #voaburmese #စစ်အာဏာသိမ်းမှု #ဗွီအိုအေမြန်မာပိုင်း#ဇော်မင်းထွန်း#အကြမ်းဖက်

========

XS
SM
MD
LG