{{Zawgyi/Unicode}}
ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အမႈတခုအတြက္ NLD မႏၱေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ ေနျပည္ေတာ္အထူးတရား႐ံုးမွာ သက္ေသအျဖစ္ လာေရာက္ထြက္ဆိုဖုိ႔ ႐ံုးခ်ိန္းေပးထားေပမဲ့ မလာႏိုင္ဘူးလုိ႔ ဗီြအိုေအက စံုစမ္းသိရွိရပါတယ္။
အဂၤါေန႔တိုင္း စစ္ေဆးေနက်ျဖစ္တဲ့ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒ ပုဒ္မ ၂၅ နဲ႔ စြဲဆိုထားတဲ့အမႈအတြက္ ဒီေန႔ႏိုဝင္ဘာ ၂၃ ရက္မွာ ေဒၚေအာင္ဆန္းစုၾကည္ဘက္ကေနေဒါက္တာေဇာ္ျမင့္ေမာင္ သက္ေသထြက္ဆုိရမွာျဖစ္ပါတယ္။
ဒါေပမဲ့ သူ႔က်န္းမာေရးအေျခအေနအရ ခရီးသြားခြင့္မျပဳသင့္ေၾကာင္း စစ္ေကာင္စီ က်န္းမာေရးတာဝန္႐ွိသူရဲ႕မွတ္ခ်က္ကို တရားသူႀကီးက အသိေပးခဲ့တယ္လို႔ ေနျပည္ေတာ္ကလာတဲ့ သတင္းေတြအရ သိရပါတယ္။ မႏၱေလးမွာ အက်ဥ္းက်ေနတဲ့ ေဒါက္တာေဇာ္ျမင့္ေမာင္မွာ ေရာဂါအမ်ိဳးမ်ိဳး ခံစားေနရတာေၾကာင့္ ခရီးသြား ခြင့္မျပဳသင့္ဘူးလို႔ က်န္းမာေရးတာဝန္ရွိသူက ေဆးလက္မွတ္မွာ ေရးသား အႀကံျပဳထားတယ္လို႔ဆိုပါ တယ္။
ေဒါက္တာေဇာ္ျမင့္ေမာင္ကို Video conferencing နည္းနဲ႔ သက္ေသထြက္ဆိုဖုိ႔ တရားလိုဘက္က အႀကံျပဳခဲ့ပါတယ္။ ဒီအႀကံျပဳခ်က္ကို လက္ခံမခံဆိုတာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေ႐ွ႕ေနေတြဘက္က ေနာက္ သီတင္းပတ္ ႏိုဝင္ဘာ ၃၀ ရက္ ႐ံုးခ်ိန္းက်မွ အေၾကာင္းျပန္မယ္လို႔ သိရပါတယ္။
ဒီကေန႔မွာ ပုဒ္မ ၂၅ အမႈတခုတည္းကိုသာ စစ္ေဆးၾကားနာဖို႔ တရား႐ံုးက ႐ံုးခ်ိန္းေပးထားတာပါ။ ၂၀၂၀ မဲဆြယ္ကာလမွာ ေနျပည္ေတာ္ ေ႐ႊၾကာပင္ရပ္ကြက္ အတြင္း တအိမ္တက္ဆင္း မဲဆြယ္လို႔ဆိုၿပီး ဦးညီညီဆိုသူ အရပ္သားတဦးက တရားလိုလုပ္ကာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္အေပၚ တရားစြဲဆိုထားတာျဖစ္ ပါတယ္။
ႏိုဝင္ဘာ ၃၀ ရက္က်ရင္ေတာ့ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတဦးဝင္းျမင့္နဲ႔ ေနျပည္ေတာ္ေကာင္စီဥကၠ႒ ေဒါက္တာမ်ိဳးေအာင္တို႔ ၃ ေယာက္ကို ပူးတဲြတရားစြဲထားတဲ့ ပုဒ္မ ၅၀၅-ခ အမႈအတြက္ အၿပီးသတ္ အမိန႔္ခ်ဖို႔ရွိပါတယ္။
စစ္တပ္အာဏာသိမ္းလိုက္ၿပီးေနာက္ အာဏာသိမ္းမႈကန္႔ကြက္ေၾကာင္းနဲ႔ စစ္တပ္နဲ႔ ပူးေပါင္းေဆာင္႐ြက္မႈ မလုပ္ဖုိ႔ တိုက္တြန္းခ်က္ေတြပါတဲ့ NLD ဗဟိုအလုပ္ အမႈေဆာင္အဖြဲ႔ရဲ႕ ေၾကညာခ်က္ ၂ ခုနဲ႔ ပတ္သက္လို႔ သူတို႔သံုးဦးလုံးမွာ တာဝန္ရွိတယ္ဆိုၿပီး တရားစြဲထားတာပါ။
ဒီဇင္ဘာ ၆ ရက္ေန႔က်ရင္လည္း သမၼတဦးဝင္းျမင့္နဲ႔ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔ ၂ ေယာက္ကို တဦးခ်င္းစီအတြက္ တရားစြဲထားတဲ့ သဘာဝေဘးအႏၲရာယ္ဆိုင္ရာအမႈအတြက္ အၿပီးသတ္စီရင္ခ်က္ခ်မွာျဖစ္ပါတယ္။
ေဖေဖာ္ရီလ ၁ ရက္ေန႔ကတည္းက ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ အမႈေပါင္း ၁၁ မႈနဲ႔ တရားရင္ဆိုင္ေနရတာျဖစ္ၿပီး အမႈ ၅ မႈအတြက္ စြဲခ်က္တင္ခံထားရပါတယ္။
-
=========
{{Unicode}}
ဒေါ်အောင်ဆန်းစုကြည်အမှု သက်သေထွက်ဖို့ မန်းဝန်ကြီးချုပ် ရုံးချိန်းမလာနိုင်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတခုအတွက် NLD မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် နေပြည်တော်အထူးတရားရုံးမှာ သက်သေအဖြစ် လာရောက်ထွက်ဆိုဖို့ ရုံးချိန်းပေးထားပေမဲ့ မလာနိုင်ဘူးလို့ ဗွီအိုအေက စုံစမ်းသိရှိရပါတယ်။
အင်္ဂါနေ့တိုင်း စစ်ဆေးနေကျဖြစ်တဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ စွဲဆိုထားတဲ့အမှုအတွက် ဒီနေ့နိုဝင်ဘာ ၂၃ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ဘက်ကနေဒေါက်တာဇော်မြင့်မောင် သက်သေထွက်ဆိုရမှာဖြစ်ပါတယ်။
ဒါပေမဲ့ သူ့ကျန်းမာရေးအခြေအနေအရ ခရီးသွားခွင့်မပြုသင့်ကြောင်း စစ်ကောင်စီ ကျန်းမာရေးတာဝန်ရှိသူရဲ့မှတ်ချက်ကို တရားသူကြီးက အသိပေးခဲ့တယ်လို့ နေပြည်တော်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။ မန္တလေးမှာ အကျဉ်းကျနေတဲ့ ဒေါက်တာဇော်မြင့်မောင်မှာ ရောဂါအမျိုးမျိုး ခံစားနေရတာကြောင့် ခရီးသွား ခွင့်မပြုသင့်ဘူးလို့ ကျန်းမာရေးတာဝန်ရှိသူက ဆေးလက်မှတ်မှာ ရေးသား အကြံပြုထားတယ်လို့ဆိုပါ တယ်။
ဒေါက်တာဇော်မြင့်မောင်ကို Video conferencing နည်းနဲ့ သက်သေထွက်ဆိုဖို့ တရားလိုဘက်က အကြံပြုခဲ့ပါတယ်။ ဒီအကြံပြုချက်ကို လက်ခံမခံဆိုတာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်က နောက် သီတင်းပတ် နိုဝင်ဘာ ၃၀ ရက် ရုံးချိန်းကျမှ အကြောင်းပြန်မယ်လို့ သိရပါတယ်။
ဒီကနေ့မှာ ပုဒ်မ ၂၅ အမှုတခုတည်းကိုသာ စစ်ဆေးကြားနာဖို့ တရားရုံးက ရုံးချိန်းပေးထားတာပါ။ ၂၀၂၀ မဲဆွယ်ကာလမှာ နေပြည်တော် ရွှေကြာပင်ရပ်ကွက် အတွင်း တအိမ်တက်ဆင်း မဲဆွယ်လို့ဆိုပြီး ဦးညီညီဆိုသူ အရပ်သားတဦးက တရားလိုလုပ်ကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် တရားစွဲဆိုထားတာဖြစ် ပါတယ်။
နိုဝင်ဘာ ၃၀ ရက်ကျရင်တော့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ ၃ ယောက်ကို ပူးတွဲတရားစွဲထားတဲ့ ပုဒ်မ ၅၀၅-ခ အမှုအတွက် အပြီးသတ် အမိန့်ချဖို့ရှိပါတယ်။
စစ်တပ်အာဏာသိမ်းလိုက်ပြီးနောက် အာဏာသိမ်းမှုကန့်ကွက်ကြောင်းနဲ့ စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှု မလုပ်ဖို့ တိုက်တွန်းချက်တွေပါတဲ့ NLD ဗဟိုအလုပ် အမှုဆောင်အဖွဲ့ရဲ့ ကြေညာချက် ၂ ခုနဲ့ ပတ်သက်လို့ သူတို့သုံးဦးလုံးမှာ တာဝန်ရှိတယ်ဆိုပြီး တရားစွဲထားတာပါ။
ဒီဇင်ဘာ ၆ ရက်နေ့ကျရင်လည်း သမ္မတဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ၂ ယောက်ကို တဦးချင်းစီအတွက် တရားစွဲထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာအမှုအတွက် အပြီးသတ်စီရင်ချက်ချမှာဖြစ်ပါတယ်။
ဖေဖော်ရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၁ မှုနဲ့ တရားရင်ဆိုင်နေရတာဖြစ်ပြီး အမှု ၅ မှုအတွက် စွဲချက်တင်ခံထားရပါတယ်။
#MyanmarMilitaryCoup #AungSanSuuKyi #VOABurmese
#ဇော်မြင့်မောင်#၂၀၂၀မဲဆွယ်#ပုဒ်မ၂၅#ဒေါ်အောင်ဆန်းစုကြည်#ဗွီအိုအေ
-=========