သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် အဖမ်းခံရ


NLD လွတ်တော်အမတ် ဦးဇေယျာသော် (ဇူလိုင်လ ၄၊ ၂၀၁၂)
NLD လွတ်တော်အမတ် ဦးဇေယျာသော် (ဇူလိုင်လ ၄၊ ၂၀၁၂)

{{Zawgyi/Unicode}}

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက လွှတ်တော်အမတ်ဟောင်းတဦးဖြစ်သူ ဦးဖြိုးဇေ ယျာသော်ကို ဒီကနေ့ ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းက ရတနာနှင်းဆီ ကွန်ဒိုအိမ် ယာမှာ စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း အမည်မဖော်လိုသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD ပါတီရဲ့ ထိပ်ပိုင်း တာဝန်ရှိသူတဦးက ဗွီအိုအေကို အတည်ပြုပြောဆိုပါတယ်။

သူ့ကို မျက်နှာဖုံးစွပ်ပြီး ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ မျက်မြင်သက်သေတွေကို ကိုးကားပြီး ပြည်တွင်းသတင်းတွေမှာ ရေးသားဖော်ပြကြသလို သူနဲ့အတူ တခြားနှစ်ဦးလည်း ဖမ်းဆီးခံလိုက် ရတယ်လို့ ပြည်တွင်းသတင်းမှာ ဖော်ပြပါတယ်။

ဦးဖြိုးဇေယျာသော်ကို ဖမ်းဆီးတာနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဘက်ကရော စစ်ကောင်စီဘက်ကပါ တရားဝင် သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကနေ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ရွေးချယ်တင်မြှောက်ခံခဲ့ရတဲ့ ဦးဖြိုးဇေယျာသော်ဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ သူ အဲဒီလို တက်ကြွစွာ ပါဝင်တဲ့အတွက်လည်း စစ်ကောင်စီဘက်က သူ့ကို အလိုရှိနေတယ်ဆိုတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ထားပါတယ်။

မြန်မာပရိသတ်တွေအကြား လူကြိုက်များခဲ့တဲ့ Acid Hip Hop အဖွဲ့မှာ အဖွဲ့ဝင်တဦးအဖြစ် ပါဝင်ခဲ့ပြီးနောက် ရွှေဝါရောင်တော်လှန်ရေးကာလမှာ နိုင်ငံရေးလှုပ်ရှားမှုတွေထဲ ထဲထဲဝင်ဝင်ပါလာခဲ့သလို နိုင်ငံရေးအကျဉ်းသားဟောင်းတဦးလည်း ဖြစ်ပါတယ်။ သူဟာ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီကနေ လွှတ်တော်ကိုယ်စားလှယ်အဖြစ်စတင် ရွေးကောက်ပွဲဝင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတခါ NLD ပါတီရဲ့ လွှတ်တော် အမတ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ပြီး ရွေးကောက် တင်မြှောက်ခံခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

=========

{{Unicode}}









=========

XS
SM
MD
LG