သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြင်းကျားတို့ အစင်းကျား ပါရသည့် အကြောင်း


Zebra မြင်းကျား
Zebra မြင်းကျား
မြင်းကျားတွေရဲ့ ကိုယ်ပေါ်မှာ အဖြူနဲ့အမည်း အစင်းတွေ ဘာကြောင့် ရှိနေရသလဲ ဆိုတာကို အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား တက္ကသိုလ်က သုတေသီတွေ ရှာဖွေတွေ့ရှိ ခဲ့ကြပါတယ်။ Evolution ဆင့်ကဲဖြစ်စဉ် သီအိုရီအရ ဆိုရင်တော့ တိရစ္ဆာန်တွေဟာ သူတို့ကို အန္တာရာယ်ပေးမယ့် သတ္တဝါတွေရဲ့ရန်က ရှောင်ရှားဖို့ ဒါမှမဟုတ် အဖိုနဲ့အမ ဆွဲဆောင်ဖို့ စတဲ့ ဘဝရှင်သန် ရပ်တည်နိုင်ရေးအတွက် ခန္ဓာကိုယ်ပုံစံကို ဖန်တီးလေ့ရှိတယ်လို့ ဆိုပါတယ်။

သုတေသီ တချို့ကတော့ မြင်းကျားတွေရဲ့ အဖြူအမည်း အစင်းကျားတွေဟာ ခန္ဓာကိုယ် အပူချိန်ကို ထိန်းဖို့ ဖြစ်နိုင်တယ်လို့ ယူဆခဲ့ကြတာပါ။ ဒါပေမဲ့လည်း လေ့လာချက် အသစ်မှာတော့ မြင်းကျားတွေဟာ သူတို့အတွက် အနှောက်အယှက် ဖြစ်စရာတွေ၊ တခါတရံမှာ အန္တာရာယ် ဖြစ်နိုင်တဲ့ အင်းဆက်တွေ အကိုက်ခံရမယ့် အခြေအနေတွေကို ရှောင်ရှားနိုင်ဖို့ ဖန်တီးထားတဲ့အကြောင်း တွေ့ရှိခဲ့ကြပါတယ်။

သိပ္ပံပညာရှင်တွေ အနေနဲ့ကတော့ ယင်တွေ၊ ဖြုတ်တွေဟာ အဖြူ ဖြစ်ဖြစ် အမည်းဖြစ်ဖြစ် ဗြောင်အရောင်တွေကို ပိုပြီးကိုက်လေ့ရှိတာကို အရင်ကတည်းက တွေ့ရှိထားခဲ့ကြတာပါ။ သုတေသနအသစ်မှာတော့ သိပ္ပံပညာရှင်တွေက မြင်းကျားတွေ၊ မြင်းတွေ၊ အလားတူ မျိုးစိတ်တွေနဲ့ သူတို့ ကျတ်စားရာ နေရာတွေကို လေ့လာရာမှာတော့ ဖြုတ်တွေ၊ ယင်တွေ ပေါများတဲ့ နေရာမျိုးတွေမှာ တိရစ္ဆာန်တွေရဲ့ ခန္ဓာကိုယ်တွေပေါ်က အရောင်အစင်းတွေဟာ ပိုပြီး တောက်တောက်ပြောင်ပြောင်နဲ့ ရှိတတ်တာကို တွေ့ခဲ့ရပါတယ်။ လေ့လာချက် အသစ်ကိုတော့ Nature Communications သိပ္ပံဂျာနယ်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG