သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“ငြိမ်းချမ်းရေးအစီအစဉ်မူကြမ်း ရုရှားကိုအဆိုပြုမည်”ယူကရိန်းသမ္မတ


ယူကရိန်းသမ္မတ Volodymyr ZelenskYy က Kyiv မြို့မှာကျင်းပတဲ့ ၂၀၂၄ ခုနှစ် ညီလာခံမှာ မိန့်ခွန်းပြောစဥ်။ (ဖေဖေါ်ဝါရီ ၂၅၊ ၂၀၂၄)
ယူကရိန်းသမ္မတ Volodymyr ZelenskYy က Kyiv မြို့မှာကျင်းပတဲ့ ၂၀၂၄ ခုနှစ် ညီလာခံမှာ မိန့်ခွန်းပြောစဥ်။ (ဖေဖေါ်ဝါရီ ၂၅၊ ၂၀၂၄)

ဆွစ်ဇာလန်နိုင်ငံကစီစဉ်တဲ့ ငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးမှာ ရုရှားတို့ရဲ့ နှစ်နှစ်ကြာစစ်ပွဲအဆုံးသတ်နိုင်ရေး ယူကရိန်းနိုင်ငံရဲ့မျှော်မှန်းချက်ကို ဖော်ပြခွင့်ရဖို့ မျှော်လင့်ကြောင်း၊ အဲဒီ ငြိမ်းချမ်းရေးအစီစဥ်မူကြမ်းကို ရုရှားဆီတင်ပြမယ်လို့လည်း ယူကရိန်းသမ္မတ Volodymyr Zelenskyy က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ဒီနွေဦးပေါက်မှာ ငြိမ်းချမ်းရေးအစီအစဥ်စတင်နိုင်မယ်လို့ မျှော်လင့်သလိုသံတမန်ရေး အစပျိုးဆောင်ရွက်မှုတွေ ဆုံးရှုံးသွားလို့မဖြစ်ဘူးလို့လည်း သမ္မတ Zenelskyy က Kyiv မြို့မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားစစ်အဆုံးသတ်ရေး အနာဂတ်ငြိမ်းချမ်းရေးညီလာခံတွေမှာ ယူကရိန်းနဲ့ မဟာမိတ်နိုင်ငံတို့က ရုရှားကို ဖိတ်ခေါ်ဆွေးနွေးနိုင်စရာရှိပါတယ်လို့လည်း သမ္မတ Zelenskyy ရဲ့ အရာရှိချုပ် Andriy Yermak ကပြောပါတယ်။

ဒီစစ်ပွဲကို အောင်နိုင်ရေးဟာ အနောက်နိုင်ငံတွေရဲ့အကူအညီအပေါ်မှာ မူတည်နေသလို ယူကရိန်းအတွက် မဟာမိတ်နိုင်ငံတွေက တာဝေးပစ်ဒုံးကျည်တွေ ထောက်ပံ့ပေးမယ့်အလားအလာတွေမှာလည်း သူ့အနေနဲ့
အပေါင်းလက္ခဏာဆောင်တဲ့ ခံစားမှုတွေရှိနေပါတယ်လို့လည်း သမ္မတ Zelenskyy ကသတင်းထောက်တွေကို ပြောသွားပါတယ်။ အမေရိကန်လွှတ်တော်က ယူကရိန်းစစ်ဖက်နဲ့ ဘဏ္ဍာရေးဆိုင်ရာအကူအညီသစ်တွေပေးအပ်ရေးဥပဒေမူကြမ်းကို အတည်ပြုမယ်ဆိုပေမယ့် တလအတွင်း အတည်ပြုပေးဖို့လည်း သမ္မတ Zelenskyy တိုက်တွန်းသွားပါတယ်။

ရုရှားကျူးကျော်စစ်ကြောင့် လက်ရှိချိန်ထိ ယူကရိန်းတပ်သား ၃၁,၀၀၀ ကျော်ကျဆုံးခဲ့ရတယ်လို့လည်း ယူကရိန်းသမ္မတက ပထမဆုံး တရားဝင် ပြောဆိုခဲ့ပါတယ်။ ရုရှားရဲ့ စစ်ရေးအစီအစဥ်ကို အထောက်အကူဖြစ်သွားစေနိုင်တဲ့အတွက်ဆိုပြီး ထိခိုက်ဂဏ်ရာရသူစာရင်းကိုတော့ သမ္မတ Zelenskyy က သတင်းထောက်တွေကို ပြောမသွားပါဘူး။

“ငြိမ်းချမ်းရေးအစီအစဉ်မူကြမ်း ရုရှားကိုအဆိုပြုမည်”ယူကရိန်းသမ္မတ
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG