သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကိုဗစ်စည်းကမ်း တနိုင်ငံလုံးအတိုင်းအတာနဲ့ဖြေလျော့


[[Zawgyi/Unicode]]

တရုတ်နိုင်ငံမှာ တင်းကြပ်ချမှတ်ထားတဲ့ ကိုဗစ်စည်းကမ်းတွေကို ဗုဒ္ဓဟူးနေ့မှာ တနိုင်ငံလုံး ဖြေလျှော့ပေးလိုက်ပါတယ်။ အခု ဖြေလျှော့ပေးလိုက်တဲ့ စည်းမျဉ်းတွေအရ ကိုဗစ်ကူးစက်ပြီး ရောဂါလက္ခဏာမပြင်းထန်တဲ့သူတွေအနေနဲ့ ကွာရန်တင်းစင်တာတွေမှာ သွားနေစရာ မလိုတော့ဘဲ အိမ်တွေမှာပဲ သီးခြားခွဲနေနိုင်တော့မှာဖြစ်ပါတယ်။ သက်ကြီးဂေဟာတွေ၊ ဆေးရုံတွေနဲ့ ကျောင်းတွေကလွဲရင် အများနဲ့ ဆိုင်တဲ့ အဆောက်အဦးတွေထဲ ဝင်ရောက်ဖို့ ရောဂါကင်းရှင်းကြောင်းလက်မှတ်လဲ ပြဖို့ မလိုတော့ပါဘူး။

PCR နည်းနဲ့စစ်ဆေးတာကို အရင်လောက်အကြိမ်များများနဲ့ လူများများကိုလုပ်တော့မှာ မဟုတ်သလို lockdown အသွားအလာ ပိတ်ဆို့ ကန့်သတ်မယ့်နေရာတွေကိုလည်း တတ်နိုင်သမျှ နည်းအောင်သတ်မှတ်ဖြစ်ပြီး အဲဒီ နေရာမှာ အတည်ပြုလူနာသစ် ထပ်မရှိတော့ရင် ၅ ရက် အကြာမှာ Lockdown ကို ဖြေလျော့ရမှာဖြစ်ပါတယ်။

ခုလိုဖြေလျော့မှုတွေ လုပ်ပေမဲ့ သက်ကြီးရွယ်အိုတွေကို ကာကွယ်ဆေးထိုးအစီအစဉ်တွေ တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ တရုတ်နိုင်ငံမှာ ကိုဗစ် လုံးဝကင်းစင်ရေး သမ္မတ Xi Jinping ရဲ့ zero Covid မူဝါဒမှာ အခုနိုင်ငံတဝန်း ဖြေလျော့မှုဟာ ကြီးမားတဲ့ အလျော့ပေးမှုဖြစ်ပါတယ်။ တရုတ်ရဲ့ ကိုဗစ်ကင်းစင်ရေးမူနဲ့ ချထားတဲ့ စည်းကမ်းတွေကြောင့် စီးပွါးရေးထိခိုက်မှုတွေနဲ့ ကြုံနေသလို သမ္မတနုတ်ထွက်ပေးဖို့အထိ တောင်းဆိုတဲ့ အာဏာရကွန်မြူနစ်ပါတီအပေါ် ရှားရှားပါးပါး ဆန္ဒပြပွဲတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။
===============

[[Unicode]]





XS
SM
MD
LG