သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇီကာရောဂါပိုးတိုက်ဖျက်ရေး ဒေါ်လာ ၁.၈ ဘီလီယံ အိမ်ဖြူ တော် တောင်းခံ


A technician of the Fiocruz institue stores Aedes aegypti mosquitoes to be used in research, in Recife, Pernambuco state, Brazil, Wednesday, Jan. 27, 2016.
A technician of the Fiocruz institue stores Aedes aegypti mosquitoes to be used in research, in Recife, Pernambuco state, Brazil, Wednesday, Jan. 27, 2016.

အမေရိကန်ပြည်ထောင်စုအတွင်းနဲ့ တခြားနိုင်ငံတွေမှာ လက်ရှိ ဖြစ်ပွားနေတဲ့ ဇီကာရောဂါပိုး တိုက်ဖျက်ရေး အရေးပေါ် ရံပုံငွေ ဒေါ်လာ ၁.၈ ဘီလီယံ ထောက်ပံ့ပေးဖို့ သမ္မတ Barack Obama က ကွန်ဂရက်လွှတ်တော်ထံ တောင်းဆိုလိုက်ပါတယ်။

အမေရိကန် ကျန်းမာရေး အရာရှိတွေကတော့ - ဒီရံပုံငွေဟာ ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့၊ ရောဂါပြလက္ခဏာတွေကို ထိရောက်စွာ ရှာဖွေ စစ်ဆေးနိုင်ဖို့နဲ့ မွေးဖွားလာတဲ့ ကလေးငယ်တွေမှာ Microcephaly ခေါ် ဦးနှောက်သေး၊ ခေါင်းသေးရောဂါနဲ့ ဦးနှောက်အာရုံ ချို့ယွင်းမှုတွေ ဖြစ်ပေါ်တာဟာ ဇီကာကူးစက်ရောဂါပိုးနဲ့ ဆက်စပ်မှုရှိတယ် မရှိဘူးဆိုတဲ့ တိကျ ခိုင်မာတဲ့ အထောက်အထားရရှိအောင် သုတေသန ပြုလုပ်နိုင်ဖို့တို့အတွက် အရေးကြီးတယ်လို့ ပြောပါတယ်။

တနင်္လာနေ့က သမ္မတအိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ - ဒီရံပုံငွေဟာ ဗိုင်းရပ်စ်ပိုး တိုက်ဖျက်ဖို့အတွက် လိုအပ်တဲ့ ခြင်ပြန့်ပွားမှု ထိန်းချုပ်ရေး အစီအစဉ်တိုးချဲ့ဖို့၊ ကျန်းမာရေး ပြုစု စောင့်ရှောက်မှု လုပ်ငန်းတွေ တိုးမြင့်ဖို့နဲ့ ဝင်ငွေနဲ ကိုယ်ဝန်ဆောင်မိခင်တွေကို အထောက်အပံ့ပေးဖို့ အသုံးပြုမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဇီကာဗိုင်းရပ်စ်ပိုးဟာ Aedes ခြင်အမျိုးအစားကတဆင့် ကူးစက်တာ ဖြစ်ပြီး လိင်ဆက်ဆံမှုကတဆင့်လည်း ကူးစက်တတ်တယ်ဆိုတာကို သုတေသီတွေက ရှာဖွေ တွေ့ရှိထားကြပြီး ဖြစ်ပါတယ်။ ရောဂါပိုး ကူးစက်သူ ၈၀% မှာ ရောဂါလက္ခဏာ မတွေ့ရဘူးလို့ ဆိုပါတယ်။

XS
SM
MD
LG