သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Zika ဗိုင်းရပ်စ် နှိမ်နင်းရေး အကူအညီပေးကြဖို့ ကမ္ဘာကြက်ခြေနီ အဖွဲ့တွေ ပန်ကြား


အမေရိကတိုက်မှာ လူ ၄ သန်းလောက် ရောဂါကူးစက်လာနိုင်တဲ့ Zika ဗိုင်းရပ်စ်ပိုးပျံ့ပွားတာကို ကူညီနိုင်ဖို့အတွက် ရန်ပုံငွေတွေသုံးစွဲဖို့ အရေးပေါ် ပန်ကြားချက်တရပ်ကို နိုင်ငံတကာကြက်ခြေနီအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ဒေသတွင်း ဒီပြဿနာကို ဖြေရှင်းတဲ့နေရာမှာ အကူအညီပေးဖို့အတွက် အမေရိကန်ဒေါ်လာ ၂.၃ သန်း ပေးဖို့ နိုင်ငံတကာကြက်ခြေနီ နဲ့ လခြမ်းနီအဖွဲ့တွေက ပန်ကြားလိုက်ပါတယ်။ ဇီကာဗိုင်းရပ်စ်ကြောင့် ကလေးသူငယ်တွေဟာ Microcephaly လို့ခေါ်တဲ့ ဦးနှောက်သေး၊ ခေါင်းသေး၊ ဦးနှောက်အာရုံချို့ယွင်းမှုရောဂါတွေ ဖြစ်ပေါ်လာနေတယ်လို့ မှတ်ယူနေကြပါတယ်။

ဇီကာ ဗိုင်းရပ်ရောဂါပိုး ပျံ့နှံမှုဟာ တစ်ကမ္ဘာလုံး အရေးအပေါ် အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တင်္လာနေ့မှာ ကြေညာလိုက်ပါတယ်။ ဒီနှစ်အတွင်း လူပေါင်း ၄ သန်းလောက်အထိ ဒီဗိုင်းရပ်ပိုးကူးစက်ခံရနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ခန့်မှန်းထားပါတယ်၊ ဇန်နဝါရီလကုန်အထိ ဇီကာဗိုင်းရပ်စ်ပိုးဟာ နိုင်ငံပေါင်း ၂၄ နိုင်ငံမှာ ဖြစ်နေတယ်လို့ အတည်ပြုကြပါတယ်။ အခုချိန်အထိတော့ ဒီဗိုင်းရပ်စ်ပိုးကို ကုသနိုင်တဲ့ ဆေးဝါးမရှိသေးပါဘူး။

XS
SM
MD
LG