သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Puerto Rico မှာ ဇီကာကြောင့် အရေးပေါ်အခြေအနေကြေညာ


mosquito

အမေရိကန်ပြည်ထောင်စု Puerto Rico မှာ ဇီကာရောဂါပိုး ကူးစက်ပျံ့ပွားမှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတဲ့အတွက် အမေရိကန်အစိုးရက သောကြာနေ့မှာ အရေးပေါ် အခြေအနေ ကြေညာလိုက်ပါတယ်။

အခု ၂၀၁၆ နှစ်ကုန်ပိုင်းလောက်မှာ Puerto Rico ဒေသခံ ၃ သန်းခွဲထဲက လေးပုံတပုံလောက်ဟာ ဒီရောဂါပိုး ကူးစက်တာ ခံရနိုင်တယ်လို့ ဒီသီတင်းပတ်ထဲ Puerto Rico ကျွန်းဒေသကို သွားရောက်ခဲ့တဲ့ အမေရိကန်စစ်တပ် ကျန်းမာရေးဆိုင်ရာ အကြီးအကဲ Surgeon General Vivek Murthy က ခန့်မှန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ Puerto Rico မှာ ရောဂါကူးစက်ဖြစ်ပွးသူ ၁၉၁၄ ယောက် ရှိခဲ့တာမို့ ပထမဆုံး ဒီရောဂါ ဖြစ်ပွားသူ တွေ့ခဲ့တဲ့ ဒီဇင်ဘာလ ကစပြီး အခုဆိုရင် စုစုပေါင်း (၁၀,၆၉၀) ရှိသွားပြီ ဖြစ်ပါတယ်။ ဒီအထဲမှာ ကိုယ်ဝန်ဆောင်မိခင်က တထောင် ကျော်ပါတယ်။

ဒါပေမဲ့ ရောဂါအကူးစက်ခံရသူ အရေအတွက် ဒီထက်ပိုများမှာကို ကျွမ်းကျင်သူတွေက စိုးရိမ်နေတာပါ။ အခုလို အကူးစက်ခံရသူ ဆယ်ယောက်မှာ ၈ ယောက်က ရောဂါလက္ခဏာ မပြတာမို့ ဆရာဝန်ဆီ မသွားကြပါဘူး။

အခုလို အရေးပေါ် အခြေနေ ကြေညာဖို့ အုပ်ချုပ်ရေးမှူး Alejandro Garcia Padilla က ပန်ကြားခဲ့တာဖြစ်ပြီး ဒီအခြေနေအောက်မှာဆိုရင် Puerto Rico အတွက် ရောဂါတိုက်ဖျက်ရေး အရေးပေါ် ရန်ပုံငွေအပြင် ဆေးဝန်ထမ်းတွေပါ ချထားပေးရမှာ ဖြစ်ပါတယ်။

ဒီရောဂါပိုးကြောင့် လူနာအသဲအသန်ဖြစ်တာ သိပ်မရှိပေမဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ အကူးစက်ခံရရင်တော့ မွေးလာတဲ့ ကလေးဟာ microcephaly လို့ခေါ်တဲ့ ပုံမှန်မဟုတ်ဘဲ သိပ်သေးတဲ့ ဦးခေါင်းပါတဲ့ ချို့ယွင်းမှုရှိတဲ့ ကလေးတွေ မွေးလာတတ်ပါတယ်။

Puerto Rico မှာ ဇီကာကြောင့် အရေးပေါ်အခြေအနေကြေညာ
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG