သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် တိုက်တွင်း Zika ဗိုင်းရပ်စ် ပျံ့နှံ့မှု WHO သတိပေး


 ခြင်ကနေတဆင့် ကူးစက်တဲ့ Zika ဗိုင်းရပ်စ် ရောဂါပိုး
ခြင်ကနေတဆင့် ကူးစက်တဲ့ Zika ဗိုင်းရပ်စ် ရောဂါပိုး

သန္ဓေသားကို ထိခိုက်စေပြီး ဉာဏ်ရည်မမှီ ကိုယ်ခန္ဓာ ချို့ယွင်းချက်တွေ နဲ့ မွေးဖွားလာစေတဲ့ Ziki ဗိုင်းရပ်စ် ရောဂါပိုးဟာ အမေရိကတိုက်မှာ ပျံ့နှံနေပြီး လူပေါင်း ၄ သန်းလောက်အထိ ကူးစက်ခံရနိုင်ခြေရှိတယ်လို့ WHO ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက သတိပေးလိုက်ပါတယ်။ ခြင်ကနေတဆင့်ကူးစက်တဲ့ ဒီရောဂါပိုးဟာ အစောပိုင်းမှာ လူသားတွေအပေါ် သိတ်အန္တရာယ် မရှိလှပေမယ့် နောက်ပိုင်းမှာ အများပြည်သူကျန်းမာရေးအပေါ် ခြိမ်းခြောက်မှုအဖြစ် လျင်လျင်မြန်မြန် ကြီးထွားလာပါတယ်။

၁၉၄၇ ခုနှစ်က ယူဂန်ဒါမှာ Zika ဗိုင်းရပ်စ်ကို တွေ့ရှိတာဖြစ်ပြီး တကမ္ဘာလုံးကို ပျံ့နှံသွားတာလို့ WHO ညွှန်ကြားရေးမှုးချုပ် Margaret Chan က ပြောပါတယ်။ ဒီလိုရောဂါပိုး ပျံ့နှံ့သွားပြီးနောက်ပိုင်းမှာ ရောဂါပိုးကူးဆက်ခံရသူ ကိုယ်ဝန်ဆောင် မိခင် ထောင်နဲ့ချီရဲ့ သန္ဓေသားတွေမှာ ဦးနှောက်နဲ့ဖွံ့ဖြိုးမှု ဆိုင်ရာရောဂါတွေ ဆက်စပ်ဖြစ်ပွါးလာတာပါ။ အမေရိကားမှာ ဒီ Zika ဗိုင်းရပ်စ်ဟာ အရှိန်အဟုန်နဲ့ ပျံ့နှံ့လာပြီလို့ Geneva မှာ လုပ်တဲ့WHO အရေးပေါ်အစည်းအဝေးမှာ WHO အကြီးအကဲ Chan က ပြောပါတယ်။

XS
SM
MD
LG