သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Zika ဗိုင်းရပ် နှိမ်နင်းရေး ကန်နဲ့ ဘရားဇီး ပူးတွဲထုတ်ပြန်


အမြင်အာရုံ ဖွံ့ဖြိုးမှု အားနည်းနေသော ကလေးတစ်ဦးနှင့် ဘမိခင်တို့ကို ဘရာဇီးနိုင်ငံ ပြန်လည်ထူထောင်ရေး စင်တာတွင် တွေ့ရစဉ်။
အမြင်အာရုံ ဖွံ့ဖြိုးမှု အားနည်းနေသော ကလေးတစ်ဦးနှင့် ဘမိခင်တို့ကို ဘရာဇီးနိုင်ငံ ပြန်လည်ထူထောင်ရေး စင်တာတွင် တွေ့ရစဉ်။

ဇီကာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကို နှိမ်နှင်းဖို့ ပူးပေါင်းဆောင်ရွက်ရေးဟာ သိပ်ကိုအရေးကြီးတယ်ဆိုတာကို ဘရာဇီးလ်နဲ့အမေရိကန်နှစ်နိုင်ငံ သမ္မတွေက သောကြာနေ့ကသဘောတူခဲ့ကြပါတယ်။

အသိပညာတွေပိုလေးနက်လာဖို့၊ သုသေသန လုပ်ငန်းတွေ နောက်ထပ်အဆင့်မြင့်လာဖို့နဲ့ ပိုကောင်းတဲ့ ကာကွယ်ဆေးတွေ ခပ်မြန်မြန် ထုတ်လုပ်နိုင်ဖို့အပြင် တခြား နည်းပညာတွေနဲ့ ရောဂါပိုးကို ထိန်းချုပ်နိုင်ဖို့အတွက် နှစ်နိုင်ငံကြား သိသာထင်ရှားစွာ ပူးပေါင်းဆောင်ရွက်သွားဖို့လိုတယ်ဆိုတာကို ဘရက်ခ် အိုဘားမားနဲ့ Dilma Rouseff တို့ သတိပြုလက်ခံကြတယ်လို့လည်း အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်တရပ်မှာ ဖော်ပြထားပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်တို့ သောကြာနေ့က တွေ့ဆုံအပြီးမှာ အခုလိုထုတ်ပြန်ချက်ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

အမေရိကတိုက်မှာ ဇီကာဗိုင်းရပ်ပိုး လျှင်လျှင်မြန်မြန်ပျံ့နှံ့နေတဲ့အပြင် လူပေါင်း လေးသန်းလောက်ရောဂါပိုးကူးစက်ခံရမယ့် အလားအလာရှိနေတယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ကသတိပေးထားပါတယ်။ ဒါ့အပြင်ဘရာဇီးလ်နိုင်ငံမှာ ဒီရောဂါပိုးနဲ့ ဆက်စပ်နေသူလို့သံသယရှိသူပေါင်း ၄ထောင်လောက်ရှိနေပါတယ်။ ဒီလိုသံသယရှိခံထားရတဲ့ အမျိုးသမီးတွေဆီ ကနေမွေးလာတဲ့ကလေးတွေဟာ ပုံမှန်ထက်သေးငယ်တဲ့ ဦးခေါင်း ရှိကြပြီးအဲ့ဒီကလေးတွေရဲ့ ဦးနှောက်တွေလည်း ပုံမှန်ထက်သေးငယ်နေကြတာပါ။ ဒီဗိုင်းရပ်စ်ပိုးအတွက် ကုသနိုင်တဲ့ ဆေးမပေါ်သေးပါဘူး။

XS
SM
MD
LG