သုံးရလွယ်ကူစေသည့် Link များ

ဇီကာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ဘရာဇီးလ်နိုင်ငံ Rio De Janerio မှာ ကျင်းပမယ့် နွေရာသီ အိုလံပစ်ပွဲတော်ကို ဖျက်သိမ်းဖို့ ဒါမှမဟုတ် ရွှေ့ဆိုင်းဖို့ တောင်းဆို နေတာတွေကို WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပယ်ချလိုက်ပါတယ်။

စနေနေ့က WHO ရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ - အိုလံပစ်ပွဲတော်ကို ရွှေ့ဆိုင်းလို့ ဒါမှမဟုတ် ဖျက်သိမ်းလို့လည်း နိုင်ငံတကာမှာ ဇီကာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထူးပြီး ပြောင်းလဲလာမှာ မဟုတ်ဘူးလို့ ပြောဆိုထားတာပါ။ WHO က အကြံပေးထားတဲ့အထဲမှာ - အရေးကြီးဆုံးအချက်ကတော့ - ဇီကာဗိုင်းရပ်စ်အပြင် - ချီကွန်ဂွန်ယာ၊ သွေးလွန်တုတ်ကွေး၊ ငန်းဝါဖျား စတဲ့ ရောဂါတွေကို သယ်ဆောင်တဲ့ အေဒိစ့်ခြင် အမျိုးအစား ပေါက်ပွားမှုကို လျော့ကျသွားအောင် ဆောင်ရွက်ဖို့ပဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံပေါင်း ၃၀ နီးပါးရဲ့ ဆေးဝါးလုပ်ငန်း၊ လူထုကျန်းမာရေးနဲ့ ဆေးပညာအသိုင်းအ၀ိုင်းက ပညာရှင်ပေါင်း ၁၅၀ ကနေ စုပေါင်း လက်မှတ်ရေးထိုးထားတဲ့ အိတ်ဖွင့်ပေးစာမှာ - ဇီကာရောဂါ လတ်တလော ကူးစက်ပျံ့ပွားမှုတွေ ကြုံနေရတဲ့ အခြေအနေမျိုးမှာ အားကစားပွဲတော် ကျင်းပတာဟာ တာဝန်မဲ့ရာကျ သလို၊ ကျင့်ဝတ်နဲ့ မညီဘူးလို့လည်း ထောက်ပြခဲ့တာပါ။

လက်မှတ်ရေးထိုးကြတဲ့ ကျန်းမာရေးပညာရှင်တွေထဲမှာ - အမေရိကန်သမ္မတ အိမ်ဖြူတော်ရဲ့ သိပ္ပံဘာသာရပ်ဆိုင်ရာ အကြံပေးအရာရှိဟောင်း ဒေါက်တာ Philip Rubin လည်း ပါဝင်ပါတယ်။

XS
SM
MD
LG