သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငတ်နေတဲ့ပြည်သူကြား ခမ်းနားတဲ့ သမ္မတမွေးနေ့


ကမ္ဘာ့အသက်အကြီးဆုံး ခေါင်းဆောင်လည်းဖြစ်တဲ့ ဇင်ဘာဘွေသမ္မတ Robert Mugabe ဟာ အများပြည်သူတွေ တက်ရောက်နိုင်တဲ့ သူ့ရဲ့ ၉၂ နှစ်မြောက် မွေးနေ့ပွဲကို တိုင်းပြည်အရှေ့တောင်ပိုင်းမှာရှိတဲ့ Masvingo မြို့မှာ ငွေကြေးအမြောက်အများ အကုန်အကျခံပြီး ခမ်းနားကြီးကျယ်စွာ စနေနေ့က ကျင်းပခဲ့ပါတယ်။

မွေးနေ့ပွဲ အခမ်းအနားမှာ ကျွေးမွေးတဲ့ သားကောင်းတွေနဲ့ အမဲသားတွေကို စားသောက်ကြဖို့ ထောင်ပေါင်းများစွာသော ဇင်ဘာဘွေနိုင်ငံသားတွေဟာ စနေနေ့က အခမ်းအနားကျင်းပရာ နေရာကို သွားရောက်ခဲ့ကြပါတယ်။ UNESCO အဖွဲ့ကြီးက ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့ ဇင်ဘာဘွေနိုင်ငံရဲ့ သမိုင်းဝင် ရှေးဟောင်းမြို့တော် တည်ရှိရာနေရာမှာ Robert Mugabe ရဲ့ မွေးနေ့ပွဲကို နှစ်စဉ် ကျင်းပလာတာ အခုဆိုရင် အစဉ်အလာတခုလို ဖြစ်လာနေပါပြီ။

မွေးနေ့ပွဲ အခမ်းအနားမှာ မိုးပျံပူဖောင်းတွေနဲ့ ပြုလုပ်ထားတဲ့ ပန်းစည်း ၉၂ စည်းကို Robert Mugabe က ပစ်လွှတ်ခဲ့ပါတယ်။

ဒါပေမဲ့ ဒါဟာ အခုသီတင်းပတ်အတွင်း ပြုလုပ်ခဲ့တဲ့ မွေးနေ့အခမ်းအနား များစွာထဲက တခုဖြစ်တဲ့ အခုလို ငွေကုန်ကြေးကျ အများအပြားခံပြီး ပြုလုပ်တဲ့ မွေးနေ့ပွဲဟာ ဇင်ဘာဘွေနိုင်ငံသား အများစု ငတ်မွတ်မှုနဲ့ အစာရေစာ ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန် ကျင်းပတာ ဖြစ်တဲ့အတွက် မသင့်တော်ဘူးလို့ ဝေဖန်သူတွေက ထောက်ပြ ပြောဆိုကြပါတယ်။

တိုင်းပြည်အတွင်းက နေရာတချို့မှာ မိုးခေါင်ရေရှားမှု ဖြစ်ခဲ့တာနဲ့ စီးပွားရေး ကျဆင်းမှုတွေ ဖြစ်နေတာကြောင့် အစိုးရက အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။ တိုက်ဆိုင်စွာပဲ သမ္မတ Robert Mugabe ရဲ့ မွေးနေ့ပွဲ ကျင်းပတဲ့ Masvingo မြို့ဟာလည်း မိုးခေါင် ရေရှားမှုဒဏ် အဆိုးရွားဆုံး ခံခဲ့ရတဲ့ နေရာတခု ဖြစ်ပါတယ်။

XS
SM
MD
LG