သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇင်ဘာဘွေ ရွေးကောက်ပွဲရလဒ် ကန့်ကွက်မှု တရားရုံးပယ်ချ


ဇင်ဘာဘွေ သမ္မတ Emmerson Mnangagwa
ဇင်ဘာဘွေ သမ္မတ Emmerson Mnangagwa

ဇင်ဘာဘွေနိုင်ငံမှာ ဇူလိုင်လ ၃၀ ရက်နေ့ကလုပ်တဲ့ သမ္မတရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပေးဖို့ လျှောက်ထားချက်ကို ဇင်ဘာဘွေ အခြေခံဥပဒေခုံရုံးက ပယ်ချလိုက်ပါတယ်။

သောကြာနေ့က ချမှတ်တဲ့ ဆုံးဖြတ်ချက်ကြောင့် ရွေးကောက်ပွဲအနိုင်ရထားတဲ့ လက်ရှိသမ္မတ Emmerson Mnangagwa အနေနဲ့ အခြေခံဥပဒေပြဌာန်းချက်အရ ၄၈ နာရီအတွင်း ကျမ်းသစ္စာ ကျိန်ဆိုဖို့ လမ်းပွင့်သွားပြီဖြစ်ပါတယ်။

တရားသူကြီးချုပ် Luke Malaba က သူ့အဆိုအားဖြင့် အားလုံးသဘောတူ ဆုံးဖြတ်ချက်လို့ဆိုတာကို တနာရီနီးပါးကြား အသေးစိတ် ရှင်းလင်း ဖတ်ကြပြပါတယ်။ ရွေးကောက်ပွဲဟာ မသမာမှုတွေနဲ့ ပြည့်နေတယ်လို့ အတိုက်အခံကပြောတာကို တရားသူကြီးချုပ်က ပယ်ချပြီး သမ္မတ Mnangagwa ကို အနိုင်ရသူအဖြစ် ကြေညာပါတယ်။

ကနဦးထွက်ထားတဲ့ ရွေးကောက်ပွဲရလဒ်တွေအရ သမ္မတ Mnangagwa ဟာ မဲအရေအတွက် ၅၀.၈% ကျော်ကျော်လေးနဲ့ အများစုမဲကို အနည်းငယ်ပဲ အသာရထားတာပါ။ ရွေးကောက်ပွဲ ကော်မရှင်ကတော့ တကယ်တမ်း Mnangagwa ရတဲ့မဲအရေ အတွက်ဟာ ၅၀.၆၇% ရှိတယ်လို့ ပြောထားပါတယ်။

အတိုက်အခံသမ္မတကိုယ်စားလှယ်လောင်း Nelson Chamisa က မဲအရေအတွက် ၄၄% ကျော် လေးရပါတယ်။ ရလဒ်တွေဟာ တိကျမှုမရှိဘဲ Chamisa သာလျှင် အနိုင်ရသူဖြစ်တယ်လို့ သူ့ရဲ့ဥပဒေရေးရာအဖွဲ့ကဆိုပါတယ်။

ရလဒ်တွေဟာ မှားယွင်းတယ်လို့ သူတို့ထောက်ပြတဲ့ သက်သေအထောက်အထားတွေကို ဗုဒ္ဓဟူးနေ့ တရားရုံးကြားနာပွဲအတွင်း Chamisa ရဲ့ရှေ့နေတွေက တင်ပြပါတယ်။

ဇင်ဘာဘွေနိုင်ငံဟာ ရွေးကောက်ပွဲတွေမှာ မသမာမှုတွေဖြစ်လေ့ရှိတဲ့ သမိုင်းကြောင်းရှည်ကြီး ရှိထားတာပါ။ နုတ်ထွက်သွားတဲ့ သမ္မတဟောင်း Robert Mugabe ဟာ ရွေးကောက်ပွဲ အများအပြားမှာ အနိုင်ရဖို့အတွက် အကြမ်းဖက်လုပ်ဆောင်တာနဲ့ မသမာတဲ့နည်းလမ်းတွေကို အသုံးပြုတယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်သူ နိုင်ငံတကာက လူပုဂ္ဂိုလ်တွေနဲ့ လူ့အခွင့် အရေး အဖွဲ့တွေက စွပ်စွဲထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG