သုံးရလွယ်ကူစေသည့် Link များ

သမ္မတ Donald Trump ရဲ့ ပြည်ဝင်ခွင့် ယာယီာပိတ်ပင်တဲ့အမိန့်အယူခံလွှာကို ပြည်ထောင်စု တရားရုံးက ပယ်ချလိုက်ပြီးနောက် အင်္ဂါနေ့က Oklahoma ပြည်နယ် Tulsa မြို့ကို - ဖေဖော်ဝါရီလ ၁၄ ရက် အင်္ဂါနေ့က Oklahoma ပြည်နယ် Tulsa မြို့ကို မြန်မာနိုင်ငံသား ဇိုမီးဒုက္ခသည် ၅ ဦး ရောက်လာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကနေ ပထမဆုံးရောက်လာတဲ့ ဇိုမီးဒုက္ခသည်မိသားစုရဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး မနန္ဒာချမ်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး - အမေရိကန် သမ္မတ Donald Trump က ပြည်ဝင်ခွင့် ယာယီပိတ်ပင်မှုအမိန့် ထုတ်ပြန်လိုက်တယ်ပေါ့နော် သူ့အစိုးရတက်လာတော့။ အဲဒီအမိန့်ကြောင့် - အမတို့ လာရောက်ရမယ့် ခရီးစဉ်မှာ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ရတာရှိလဲ။ ဥပမာ - တချို့ဆိုရင် ခရီးစဉ် နှောင့်နှေး သွားတယ်ပေါ့နော်။ သွားရမယ့်ရက် ရထားပြီးမှ မသွားရတော့တာမျိုး။ အဲ့လိုမျိုးတွေ ကြုံခဲ့ရတာမျိုးရှိလား။

ဖြေ - “သမ္မတ Donald Trump အမိန့်ကြောင့်မို့ပေါ့နော် အမှန်တကယ်ဆိုရင် သူတို့က ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ရောက်လာရမှာ။ ဒါပေမဲ့ အဲဒီအမိန့်ကြောင့်မို့ သူတို့က cancel ဖြစ်သွားတာပေါ့နော်။ သူတို့လာမယ့် အစီအစဉ်က။ အခု ဒီ ဆိုင်းငံ့ကာလမှာ သူတို့ ပြန်ပြီးတော့ လာဖြစ်တာပေါ့။ ပထမဦးဆုံး သူတို့ကို IOM က အကြောင်းကြားတယ်ပေါ့နော်။ cancel ဖြစ်တဲ့အကြောင်းကို။ သိရတဲ့အခါကျတော့ သူတို့လည်း အရမ်းကို စိတ်ပူပြီးတော့မှ UN ရုံးကို သွားပြီးတော့ မေးကြည့်တာပေါ့နော်။ မေးကြည့်တဲ့အခါကျတော့ သမ္မတကနေ ပိတ်ပင်တဲ့ကိစ္စကြောင့် လာလို့ မရဘူးလို့ သိရတဲ့အခါကျတော့ - ၄ လလောက်ကြာနိုင်တယ်ဆိုတော့ သူတို့လည်း တကယ်ကို ဆောက်တည်ရာ မရ ဖြစ်သွားတာပေါ့။ ငိုကြတယ်ပေါ့နော် မိသားစုတွေ။ ဘာလို့လဲဆိုတော့ သူတို့က မိန်းကလေးတွေချည်းပဲလေ။ ပြီးတော့ကာ အဲဒီ ၄ လကြာပြီးတော့မှ တကယ်လို့ မလာရဘူးဆိုရင်လည်း ဆေးက ပြန်စစ်ရဦးမှာကိုး။ ဆေးက ၆ လ ဆိုရင် သက်တမ်းကုန်သွားတယ်ဆိုတော့လေ။ ပြီးတော့ သူတို့က ဒီဘက်ကို လာတော့မယ်ဆိုတော့ အလုပ်ကလည်း သူတို့အကုန်လုံး ထွက်ပြီးသားဖြစ်သွားပြီ။ ရှေ့ဆက် ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိတော့ဘဲနဲ့ သူတို့ဘ၀အတွက် တအားကို စိုးရိမ်ခဲ့တယ်တဲ့။”

မေး - ဆိုတော့ သူတို့အခု ဒီကို လာတဲ့အချိန်မှာရော ဒီဘက်အ၀င် Immigration မှာ လွယ်လွယ်ကူကူပဲလား။ တခြား စစ်တာဆေးတာ ဘယ်လိုမျိုးတွေ သူတို့ကြုံခဲ့ရလဲ။

ဖြေ - “ဘာမှတော့ ပြဿနာမရှိပါဘူးတဲ့။ သူတို့ဒီကို ၀င်လာတဲ့အခါလေ လ.၀.က နဲ့ ပတ်သက်ပြီးတော့တဲ့။”

မေး - သူတို့လိုမျိုးပဲ နောက်ထပ် လာမယ့်လူတွေရော မိသားစု ဘယ်နှစ်စုလောက်ရှိလဲ။

ဖြေ - “သူတို့သိသလောက်ကတော့ ၃-၄ မိသားစုလောက်ပဲရှိတယ်တဲ့။ ဒါပေမဲ့ ရက်တော့ မသိရသေးဘူးတဲ့။”

မေး - သူတို့လာတဲ့အခါကျတော့ ဘယ်လိုအစီအစဉ်နဲ့ လာခဲ့တာလဲ။ ဒုက္ခသည်အနေနဲ့ပဲလား။ မိသားစုပြန်လည်ပေါင်းစည်းရေးဆိုတဲ့ အစီအစဉ်မျိုးနဲ့လား ဘယ်လိုအစီအစဉ်နဲ့ လာခဲ့တာလဲ။

ဖြေ - “သူတို့က မိသားစုပြန်လည်ပေါင်းစည်းရေးမဟုတ်ဘူးတဲ့။ ဒုက္ခသည်အနေနဲ့ပဲ လာခဲ့တာတဲ့။”

ဒါကတော့ သမ္မတ Donald Trump ရဲ့ ပြည်ဝင်ခွင့် ယာယီာပိတ်ပင်တဲ့အမိန့်အယူခံလွှာကို ပြည်ထောင်စုတရားရုံးက ပယ်ချလိုက်ပြီးနောက် အင်္ဂါနေ့က Oklahoma ပြည်နယ် Tulsa မြို့ကို ပထမဆုံးရောက်လာတဲ့ မြန်မာနိုင်ငံသား ဇိုမီးဒုက္ခသည်မိသားစုဖြစ်ပါတယ်။ အလားတူ မလေးရှားနိုင်ငံကနေ လည်း ချင်းတိုင်းရင်းသားဒုက္ခသည်မိသားစုတစု မနေ့ ဗုဒ္ဓဟူးနေ့မှာ အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ် Los Angeles မြို့ကို ရောက်ရှိလာဖို့ရှိတယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းအခြေချ နေထိုင်သူများဆိုင်ရာအဖွဲ့ IOM က ဗွီအိုအေကို ပြောပါတယ်။ IOM ရဲ့ အကူအညီနဲ့ Los Angeles နိုင်ငံတကာလေဆိပ်မှာ လူဝင်ကြီးကြပ်ရေးစိစစ်မှုတွေ ပြီးသွားရင်တော့ ဆွေမျိုးသားချင်းတွေရှိရာ အင်ဒီးယားနား ပြည်နယ်မှာ သွားရောက် အခြေချမှာဖြစ်တယ်လို့ သိရပါတယ်ရှင်။

XS
SM
MD
LG